bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Malachi 3
Malachi 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
2
ကိုယ်တော် ကြွလာမည့်နေ့တွင် မည်သူသည် ခံရပ်နိုင်မည်နည်း။ ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ မည်သူသည် ရပ်တည်နိုင်မည်နည်း။ ကိုယ်တော်သည် ငွေကိုချွတ်သောမီး၊ အဝတ်ဖွတ်သောဆပ်ပြာ နှင့်တူ၏။
3
ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။
4
ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ဆက်သသောပူဇော်သက္ကာကို ထာဝရဘုရားသည် ရှေးကာလကကဲ့သို့၊ လွန်ခဲ့ပြီးသောနှစ်ကာလများကကဲ့သို့ လက်ခံတော်မူမည်။
5
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
6
“အကယ်စင်စစ် ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်း မရှိ။ ထို့ကြောင့် ယာကုပ်သားမြေးတို့၊ သင်တို့သည် ပျက်စီးခြင်းသို့မရောက်ရကြ။
7
သင်တို့၏ဘိုးဘေးတို့လက်ထက်မှစ၍ သင်တို့သည် ငါ့ပြဋ္ဌာန်းချက်တို့ကို မစောင့်ထိန်းဘဲ ရှောင်လွှဲသွားကြပြီ။ ငါ့ထံ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ထံ ပြန်လာမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်ဆိုသည်ကိုပင် သင်တို့က “ငါတို့ မည်သို့ပြန်လာရမည်နည်း”ဟု ပြောဆိုကြ၏။
8
“လူသည် ဘုရားသခင်ထံမှ လုယူရမည်လော။ မှန်ပေ၏။ သင်တို့သည် ငါ့ထံမှလုယူကြပြီ။ သို့သော် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ မည်သို့လုယူသနည်း’ဟု မေးလျှင် သင်တို့သည် ဆယ်ဖို့တစ်ဖို့နှင့် အလှူပစ္စည်းတို့ကို လုယူကြပြီ။
9
သင်တို့တစ်မျိုးသားလုံး ငါ့ထံမှလုယူကြသောကြောင့် သင်တို့သည် ကျိန်ခြင်းကိုခံရ၍ ကျိန်စာသင့်လေပြီ။
10
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
11
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
12
“လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသူဟု ခေါ်ကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပြည်သည် နှစ်သက်ဖွယ်သောပြည်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
13
ထာဝရဘုရားက “သင်တို့သည် ငါ့ကိုဆန့်ကျင်၍ မောက်မောက်မာမာပြောဆိုကြ၏”ဟု မိန့်ဆိုသော် သင်တို့က “အကျွန်ုပ်တို့သည် ကိုယ်တော့်ကို မည်သို့ဆန့်ကျင်ပြောဆိုကြသနည်း”ဟု ပြန်၍ပြောဆိုကြ၏။
14
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။
15
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
16
ထိုအချိန်တွင် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူတို့အချင်းချင်းပြောဆိုသောစကားကို ထာဝရဘုရားနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေပြီး နာမတော်ကို ကြည်ညိုလေးစားသောသူတို့နှင့်ပတ်သက်၍ ရှေ့တော်၌ အောက်မေ့စရာမှတ်တမ်းစာလိပ်တွင် ရေးမှတ်ထား၏။
17
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါတရားစီရင်သောနေ့၌ ထိုသူတို့သည် ငါပိုင်တော်မူရာဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ ဖခင်၏အမှုကို ဆောင်သောသားအား ဖခင်က ကရုဏာထားသကဲ့သို့ သူတို့ကို ငါကရုဏာထားမည်”ဟု မိန့်တော်မူ၏။
18
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4
Recommended Reading
Commentary
Malachi Commentaries
→
Devotional
Malachi Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→