bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Malachi 4
Malachi 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
2
“ငါ၏နာမတော်ကို ကြောက်ရွံ့ရိုသေသော သင်တို့အဖို့ ဖြောင့်မတ်ခြင်းနေမင်းသည် ကုသခြင်းတောင်ပံနှင့်တကွ ပေါ်ထွန်းလာလိမ့်မည်။ သင်တို့သည်လည်း တင်းကုပ်မှ နွားသငယ်ကဲ့သို့ ခုန်ပေါက်လျက် ထွက်လာမည်။
3
သင်တို့သည် ဆိုးယုတ်သောသူတို့ကို နင်းချေလိမ့်မည်။ အကြောင်းမူကား ငါစီရင်ရာနေ့ရက်၌ သူတို့သည် သင်တို့၏ခြေဖဝါးအောက်သို့ရောက်သော ပြာမှုန့်ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
4
အစ္စရေးလူမျိုးအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ မောရှေအား ငါမိန့်မှာခဲ့သည့် ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များပါသော ငါ့အစေအပါးမောရှေ၏ပညတ်တရားကို အောက်မေ့ကြလော့။
5
ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပရောဖက်ဧလိယကို သင်တို့ထံသို့ ငါစေလွှတ်မည်။
6
သူသည် ဖခင်တို့၏စိတ်နှလုံးကို သားသမီးထံသို့လည်းကောင်း၊ သားသမီးတို့၏စိတ်နှလုံးကို ဖခင်တို့ထံသို့လည်းကောင်း ပြန်လှည့်လာစေလိမ့်မည်။ သို့မဟုတ်လျှင် ငါသည် ကြွလာ၍ ကမ္ဘာမြေကို ကျိန်ခြင်းဖြင့်ဒဏ်ခတ်ရလိမ့်မည်။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4