bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Philippians 2
Philippians 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ထို့ကြောင့် သင်တို့တွင် ခရစ်တော်၌တိုက်တွန်းအားပေးခြင်း၊ ချစ်ခြင်းမေတ္တာ၏နှစ်သိမ့်ခြင်း၊ ဝိညာဉ်တော်အားဖြင့်မိတ်သဟာယဖွဲ့ခြင်း၊ ကြင်နာခြင်းနှင့် သက်ညှာခြင်းတို့ တစ်စုံတစ်ရာရှိလျှင်
2
တစ်စိတ်တစ်သဘောတည်းရှိ၍ စိတ်ဝမ်းမကွဲဘဲ တူညီသောမေတ္တာရှိလျက် စိတ်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းအားဖြင့် ငါ၏ဝမ်းမြောက်ခြင်းကို ပြည့်စုံစေကြလော့။
3
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။
4
သင်တို့တစ်ဦးစီသည် မိမိအကျိုးကိုသာမကြည့်ရှုဘဲ သူတစ်ပါး၏အကျိုးကိုလည်း ကြည့်ရှုကြလော့။
5
ခရစ်တော်ယေရှု၌ရှိသော ထိုစိတ်သဘောမျိုးကို သင်တို့၌လည်းရှိစေကြလော့။
6
ခရစ်တော်သည် ဘုရားသခင်၏အသွင်သဏ္ဌာန်ရှိသော်လည်း ဘုရားသခင်နှင့်တန်းတူဖြစ်ခြင်းကို ဆုပ်ကိုင်ထားရမည့်အရာဟု မမှတ်ယူဘဲ
7
မိမိအသရေကိုစွန့်၍ အစေအပါး၏အသွင်သဏ္ဌာန်ကိုဆောင်ကာ လူတို့နှင့်တူညီသောသဏ္ဌာန်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ ကိုယ်တော်သည် လူကဲ့သို့သောပုံပန်းသဏ္ဌာန်၌ ပေါ်ထွန်းတော်မူ၍
8
မိမိကိုယ်ကိုနှိမ့်ချကာ လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းဟူသည့် အသေခံခြင်းတိုင်အောင် နာခံတော်မူ၏။
9
ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်တော်မူ၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကို ပေးအပ်တော်မူ၏။
10
ဤသည်ကား အထက်ကောင်းကင်အရပ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်၌လည်းကောင်း ရှိရှိသမျှတို့သည် ယေရှု၏နာမတော်၌ ဒူးထောက်၍
11
နှုတ်ရှိသမျှတို့သည်လည်း ယေရှုခရစ်တော်သည်အရှင်သခင်ဖြစ်ကြောင်းဝန်ခံသဖြင့် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည့်အကြောင်းတည်း။
12
သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။
13
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
14
အရာခပ်သိမ်းကို ညည်းညူခြင်းနှင့်ငြင်းခုံခြင်းမရှိဘဲ လုပ်ဆောင်ကြလော့။
15
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။
16
ထိုသို့အားဖြင့် ငါသည် အချည်းနှီးပြေးခဲ့သည်မဟုတ်ကြောင်းနှင့် အချည်းနှီးအားထုတ်လုပ်ဆောင်ခဲ့သည်မဟုတ်ကြောင်း ခရစ်တော်၏နေ့ရက်၌ ဂုဏ်ယူဝါကြွားနိုင်လိမ့်မည်။
17
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
18
ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူဝမ်းမြောက်ကြလော့။
19
ငါသည် သင်တို့အကြောင်းကိုကြားသိ၍ အားတက်လာစေရန် တိမောသေကို သင်တို့ထံသို့ မကြာမီစေလွှတ်နိုင်မည်ဟု သခင်ယေရှု၌ ငါမျှော်လင့်ထား၏။
20
အကြောင်းမူကား တိမောသေကဲ့သို့ ငါနှင့်စိတ်သဘောချင်းတူ၍ သင်တို့အကျိုးကို အမှန်တကယ်အလေးထားဂရုစိုက်မည့်သူ တစ်စုံတစ်ဦးမျှ ငါ၌မရှိ။
21
လူအပေါင်းတို့သည် ယေရှုခရစ်တော်၏အကျိုးကိုမရှာ ကိုယ်ကျိုးကိုသာရှာကြ၏။
22
သို့သော် တိမောသေသည် ငါနှင့်အတူ သားအဖကဲ့သို့ ကောင်းမြတ်သောသတင်းအတွက် အစေခံခဲ့သောကြောင့် သူ၏ရင့်ကျက်သောပါရမီကို သင်တို့သိကြ၏။
23
ထို့ကြောင့် ငါ၏အမှုကိစ္စ မည်သို့ဖြစ်မည်ကို သိလျှင်သိချင်း သူ့ကိုစေလွှတ်နိုင်မည်ဟု ငါမျှော်လင့်ထား၏။
24
ငါကိုယ်တိုင်လည်း မကြာမီရောက်လာနိုင်မည်ဟု သခင်ဘုရား၌ ငါယုံကြည်စိတ်ချ၏။
25
သို့သော် ငါ၏ညီ၊ ငါ၏လုပ်ဖော်ဆောင်ဖက်နှင့် ရဲဘော်ရဲဘက်ဖြစ်သည့်အပြင် ငါ၏လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသော သင်တို့၏စေတမန် ဧပဖြောဒိတ်ကို သင်တို့ထံသို့စေလွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။
26
အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။
27
သူသည် အမှန်ပင် သေလုနီးပါးနာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကိုသနားတော်မူလေပြီ။ သူ့ကိုသာမဟုတ်ဘဲ ငါ၌ တစ်ပူပေါ်တစ်ပူဆင့်မဖြစ်ရလေအောင် ငါ့ကိုလည်း သနားတော်မူ၏။
28
ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက်ကြစေရန်နှင့် ငါသည်လည်း စိတ်သက်သာရာရစေရန် သူ့ကို မဆိုင်းမတွငါစေလွှတ်၏။
29
သို့ဖြစ်၍ ဝမ်းမြောက်ခြင်းအပြည့်အဝဖြင့် သခင်ဘုရား၌ သူ့ကိုလက်ခံကြလော့။ ဤသို့သောသူတို့ကို ရိုသေလေးစားကြလော့။
30
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ့ကိုကူညီထောက်မရာ၌ လိုအပ်သည့်အပိုင်းကိုဖြည့်ဆည်းပေးရန် သူသည် မိမိအသက်ကိုပဓာနမထားဘဲ ခရစ်တော်၏အမှုတော်အတွက် သေလုနီးပါးဖြစ်ခဲ့၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4
Recommended Reading
Commentary
Philippians Commentaries
→
Devotional
Philippians Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→