Deuteronomy 30

Burmese 1928

← Chapter 29 Chapter 31 →
9ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သံ ကို နား ထောင် ခြင်း၊ ဤ ပ ည တ္တိ ကျမ်း တွင် ပါ ရှိ သော မိန့် မှာ ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် ခြင်း၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပြန် လာ ခြင်း များ ကို ပြု ကြ လျှင်၊ ထာ ဝ ရ ဘု ရား သည် ဘိုး ဘေး တို့၌ ရွှင် လန်း တော် မူ ခဲ့ သည့် နည်း တူ၊ သင် တို့၌ လည်း ချမ်း သာ ပေး လျက် ရွှင် လန်း တော် မူ ဦး မည် ဖြစ် သော ကြောင့်၊ သင် တို့ ပြု လေ ရာ ရာ၊ သား သ မီး တို့ မှ စ သော တိ ရ စ္ဆာန်၏ သား ငယ် နှင့် မြေ အ သီး အ နှံ စည်း စိမ် ချမ်း သာ အ များ အ ပြား ကို ပေး တော် မူ လ တ္တံ့။
15စဉ်း စား ကြ ဦး။ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး လျက် နည်း လမ်း တော် များ၌ လိုက် လျှောက် လျက်၊ မိန့် မှာ ထုံး ဖွဲ့ ဆုံး ဖြတ် တော် မူ ချက် များ ကို စောင့် ထိန်း လျက် နေ ကြ သ ဖြင့်၊ သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် အ တွင်း အ သက် ချမ်း သာ စွာ တိုး ပွား ခွင့်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ မင်္ဂ လာ ခံ ခွင့် များ ကို ရ ကြ မည့် အ ကြောင်း မှာ ထား ခြင်း၊ စိတ် ဖောက် ပြန်၍ နား မ ထောင် ဘဲ အ ခြား ဘု ရား များ ကို ပါ သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် ယော် ဒန် မြစ် ကို ကူး ချီ လျက် ပိုင် ယူ မည့် ပြည် အ တွင်း တာ ရှည် ခွင့် မ ရ ဘဲ မု ချ ပျက် စီး ရ ကြ မည့် အ ကြောင်း ဖော် ပြ ခြင်း များ ကို ယ နေ့ ငါ ပြု သ ဖြင့် ကောင်း စား၍ ရှင် နေ ခွင့် ကိုလည်း ကောင်း၊ ဘေး သင့်၍ သေ လွန် ခွင့် ကိုလည်း ကောင်း သင် တို့ ရှေ့ ယ ခု ငါ ထား ခဲ့ ပြီ။
19ရှင် ခြင်း၊ သေ ခြင်း၊ မင်္ဂ လာ အ မင်္ဂ လာ နှစ် ပါး ကို သင် တို့ ရှေ့ ငါ ထား ခဲ့ ကြောင်း သက် သေ များ အ ဖြစ် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ယ နေ့ ပင် ငါ ခေါ်၏။ သို့ နှင့် အ ညီ၊ အ ဆက် အ နွယ် ပါ အ သက် ချမ်း သာ ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ဘိုး ဘေး ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား ပေး မည် ဟူ၍ ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် တွင် နေ ထိုင် ခွင့် ရ ကြ အံ့ သော ငှါလည်း ကောင်း၊ ကိုယ့် အ သက် ရှင် ရာ ရှင် ကြောင်း၊ တာ ရှည် ရာ တာ ရှည် ကြောင်း ဖြစ် သော ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ချစ် ကြည် မြတ် နိုး နာ ခံ ဆည်း ကပ် မှု နှင့် စပ် လျဉ်း ရာ အ သက် ရှင် ခြင်း ကို ရွေး ယူ ကြ လော့ ဟု မော ရှေ မှာ ထား လေ၏။
← Chapter 29 Chapter 31 →