Isaiah 61

Burmese 1928

← Chapter 60 Chapter 62 →
1သူ ဆင်း ရဲ တို့ အား ဝမ်း မြောက် ဖွယ် သ တင်း ကို ကြော် ငြာ စေ ခြင်း ငှာ လည်း‌ ကောင်း၊ စိတ် နှ လုံး ကြေ ကွဲ သူ တို့ ကို ပတ် စည်း စေ ခြင်း ငှာ လည်း‌ ကောင်း၊ သုံ့ ပန်း လူ တို့ အား လွတ် သွား ခွင့်၊ အ ကျဉ်း သား တို့ အား ပွင့် လွတ် ခွင့် ကို ကြား ပြော စေ ခြင်း ငှာလည်း‌ ကောင်း၊ ထာ ဝ ရ ဘု ရား လက် ခံ တော် မူ ဖွယ် နှစ် ကာ လ၊ ငါ တို့ ဘု ရား သ ခင် လက် စား ချေ တော် မူ မည့် ရက် ကာ လ များ ကို ကြား ပြော စေ ခြင်း ငှာ လည်း‌ ကောင်း၊ ညည်း တွား ရ သူ ရှိ သ မျှ တို့ အား နှစ် သိမ့် စေ ခြင်း ငှာ လည်း‌ ကောင်း၊ ညည်း တွား ရ သော ဇိ အုန် မြို့ သူ မြို့ သား တို့ အား၊ ပြာ ထိုင် ခြင်း အ စား ဦး ရစ် ပေါင်း ခြင်း၊ ညည်း တွား ခြင်း အ စား ရွှင် လန်း ရာ နံ့ သာ ဆီ၊ စိတ် အား လျော့ ခြင်း အ စား ချီး မွမ်း ရာ အ ဝတ် တန် ဆာ များ ကို စီ မံ ပေး အပ် စေ ခြင်း ငှာလည်း‌ ကောင်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ကို ဘိ သိက် သွန်း၍ စေ လွှတ် တော် မူ သည် နှင့် အ ညီ၊ ငါ့ အ ပေါ် တွင် အ ရှင် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် တည် နေ လျက် ရှိ ၏။ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ထင် ရှား စေ ရန်၊ စိုက် ပျိုး တော် မူ ရာ ဖြောင့် မတ် သော ညန် ပင် ဟု သ မုတ် ခံ ရ ကြ သည့် ပြင်၊
← Chapter 60 Chapter 62 →