bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ecclesiastes 3
Ecclesiastes 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
1
ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။
2
ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးရသောအရာကို နုတ်ရသောအချိန်လည်း ရှိ၏။
3
သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်းရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသော အချိန်လည်းရှိ၏။
4
ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသောအချိန်လည်း ရှိ၏။
5
ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရသော အချိန်လည်းရှိ၏။ ဖက်ယမ်းရသောအချိန်နှင့်၊ မဖက်ယမ်းဘဲ ခွဲခွာ၍ နေရသောအချိန်လည်းရှိ၏။
6
ဆည်းပူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်း ရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက်ရသောအချိန်လည်း ရှိ၏။
7
အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသောအချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
8
ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန်လည်း ရှိ၏။
9
လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာတွင်၊ အဘယ်ကျေးဇူးရှိသနည်း။
10
လူသားတို့ ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။
11
ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။
12
ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။
13
လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း၊ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
14
ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စထာဝရ ဖြစ်သည်ကို ငါသိ၏။ ထပ်၍ မပြုနိုင်ရာ။ နုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ကြောက်ရွံ့မည်အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
15
ဖြစ်ဖူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတ္တံ့သောအရာသည်လည်း၊ ဖြစ်ဖူးသောအရာနှင့်တူ၏။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင်တောင်းပြန်တော်မူ၏။
16
ထိုမှတစ်ပါး၊ နေအောက်မှာ တရားစီရင်ရာအရပ်၌ အဓမ္မအမှုရှိသည်ကိုလည်းကောင်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကိုလည်းကောင်း ငါမြင်ပြီ။
17
ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှုနှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူမည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်းသောအကြံ၊ ခပ်သိမ်းသောအမှုတို့ကို စစ်ကြောစီရင်ရသောအချိန် ရှိ၏။
18
လူသားတို့နေရာကိုရည်မှတ်၍ ငါအောက်မေ့သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည်အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
19
လူသားတွေ့ကြုံသောအမှုကို တိရစ္ဆာန်တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တစ်ပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တစ်ဦးသေသကဲ့သို့ တစ်ဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည် တိရစ္ဆာန်ထက် ထူးမြတ်သောအကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
20
အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲက ဖြစ်သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
21
သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ဝိညာဉ်ကိုလည်းကောင်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကိုလည်းကောင်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
22
လူသည် မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ကောင်းသောအမှု မရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည် သူ၏အဖို့ ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတ္တံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12