bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ecclesiastes 7
Ecclesiastes 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
1
ကောင်းသောအသရေသည် နံ့သာဆီထက် သာ၍ကောင်း၏။ သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏။
2
မသာအိမ်သို့သွားခြင်းသည်၊ ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။ အကြောင်းမူကား၊ လူခပ်သိမ်းတို့သည် မသာအိမ်၌ လမ်းဆုံးရကြ၏။ အသက်ရှင်လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံးသွင်းမိကြလိမ့်မည်။
3
ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည် သာ၍ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သောအားဖြင့် နှလုံးသာ၍ ကောင်းတတ်၏။
4
ပညာရှိသောသူတို့၏နှလုံးသည် မသာအိမ်၌ ရှိ၏။ မိုက်သောသူတို့၏ နှလုံးမူကား၊ ပျော်မွေ့ခြင်းပြုရာ အိမ်၌ရှိ၏။
5
လူမိုက်သီချင်းဆိုသော စကားကို နားထောင်သည်ထက်၊ ပညာရှိဆုံးမသောစကားကို နားထောင်သော် သာ၍ကောင်း၏။
6
အကြောင်းမူကား၊ မိုက်သောသူ၏ရယ်ခြင်းသည် အိုးအောက်၌ ဆူးပင်ကိုလောင်သောအသံနှင့် တူ၏။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
7
အကယ်စင်စစ်၊ ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏။ တံစိုးသည်လည်း စိတ်နှလုံးကို ယိုယွင်းစေတတ်၏။
8
အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက် သာ၍ကောင်း၏။
9
အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။
10
ရှေးကာလသည် ယခုကာလထက် အဘယ်ကြောင့် သာ၍ကောင်းသနည်းဟု မမေးနှင့်။ ထိုသို့မေးလျှင်၊ ပညာတရားအတိုင်း မေးသည်မဟုတ်။
11
ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍၊ နေကိုမြင်သောသူတို့အား ကျေးဇူးပြုတတ်၏။
12
အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။
13
ဘုရားသခင်၏အမှုတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူသောအရာကို အဘယ်သို့ ဖြောင့်စေနိုင်သနည်း။
14
ကောင်းစားသည်ကာလ၌ ဝမ်းမြောက်လော့။ ဆင်းရဲခံရသည်ကာလ၌ ဆင်ခြင်လော့။ လူသည် မိမိနောက်မှာ ဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရားသခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့် ပေးတော်မူ၏။
15
ငါသည် အချည်းနှီးနေသောကာလ၌ ခပ်သိမ်းသောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း၌ ဆုံးရှုံးကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် မိမိအဓမ္မအမှု၌ အသက်ရှည်ကြောင်းကိုလည်းကောင်း ငါမြင်၏။
16
လွန်ကျူးစွာ မဖြောင့်မတ်နှင့်။ လွန်ကျူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့် ကိုယ်အကျိုးကို ဖျက်ချင်သနည်း။
17
လွန်ကျူးစွာ မဆိုးညစ်နှင့်။ မမိုက်နှင့်။ အချိန်မရောက်မီ အဘယ်ကြောင့် သေချင်သနည်း။
18
ဤစကားကို စွဲလန်းကောင်း၏။ လက်မလွှတ်နှင့်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူသည် ခပ်သိမ်းသောအမှုထဲက ထွက်မြောက်လိမ့်မည်။
19
မြို့ထဲမှာနေသော သူရဲတစ်ကျိပ်ထက် ပညာရှိသောသူတစ်ယောက်သည် ပညာအားဖြင့်သာ၍ တန်ခိုးကြီး၏။
20
အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာ မရှိ။
21
သူတစ်ပါးပြောသမျှသော စကားတို့ကိုမမှတ်နှင့်။ သို့ပြုလျှင်၊ ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။
22
သင်သည်ကိုယ်တိုင် သူတစ်ပါးတို့ကို အဖန်ဖန်ကျိန်ဆဲကြောင်းကို၊ ကိုယ်စိတ်နှလုံးထဲမှာ သိ၏။
23
ဤအမှုအရာအလုံးစုံတို့ကို ငါသည်ပညာတရားအားဖြင့် စုံစမ်းပြီ။ ပညာနှင့် ငါပြည့်စုံမည်ဟု ဆိုသော်လည်း၊ ပညာသည် ငါနှင့်ဝေး၏။
24
ဝေးသောအရာ၊ အလွန်နက်နဲသောအရာကို အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
25
ပညာတရားနှင့် အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍ သိနားလည်ခြင်းငှာလည်းကောင်း၊ မိုက်စွာကျင့်ခြင်း၏အပြစ်နှင့် ရူးခြင်း၏အပြစ်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ ငါနှင့် ငါ့နှလုံးသည် ဝိုင်းညီ၍ ကြိုးစားလေပြီ။
26
ကျော့ကွင်းနှင့် ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သောမိန်းမသည်၊ သေခြင်းထက် သာ၍ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင်စိတ်တွေ့တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့်မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဖမ်းမိလိမ့်မည်။
27
ဓမ္မဒေသနာဆရာဆိုသည်ကား၊ ငါရှာ၍ မတွေ့သေးသောအရာကို တွေ့အံ့သောငှာ၊ တစ်ခုနောက်တစ်ခု စစ်ဆေးချင့်တွက်သောအခါ၊
28
ယောက်ျားတစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ပြီ။ မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့။
29
ငါတွေ့သောအရာတစ်ခုတည်းဟူမူကား၊ ဘုရားသခင်သည် လူကိုဖြောင့်မတ်အောင် ဖန်ဆင်းတော်မူသော်လည်း၊ လူတို့သည် များပြားသော အကြံအစည်တို့ကို ရှာဖွေကြံစည်ကြပြီ။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12