bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ecclesiastes 4
Ecclesiastes 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
1
တစ်ဖန်တုံ၊ နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူ မရှိ။
2
သို့ဖြစ်၍၊ သေလွန်ပြီးသော လူသေသည် အသက်ရှင်သေးသောလူရှင်ထက် သာ၍မင်္ဂလာရှိသည်ဟု ငါဆိုရ၏။
3
သို့ရာတွင် တစ်ခါမျှ မဖြစ်သေးသောသူ၊ နေအောက်မှာ ပြုသောဒုစရိုက်ကို မမြင်သေးသောသူသည် ထိုနှစ်ဦးထက် သာ၍မင်္ဂလာရှိ၏။
4
တစ်ဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်းမွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကိုလည်းကောင်း၊ ထိုသို့သောအမှုတို့ကြောင့် သူတစ်ပါးငြူစူကြောင်းကိုလည်းကောင်း ငါဆင်ခြင်၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏။
5
မိုက်သောသူသည် မိမိလက်ချင်းပိုက်ထား၍၊ မိမိအသားကို စားတတ်၏။
6
ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တစ်ဆုပ်တည်းသော ဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေကိုကျက်စားခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဖက်၌ပြည့်သော ဥစ္စာထက်သာ၍ကောင်း၏။
7
တစ်ဖန် ငါထပ်၍၊ နေအောက်မှာ အနတ္တအမှုကို ဆင်ခြင်သောအရာဟူမူကား၊
8
လူသည် အဖော်အဖက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တစ်ယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည်ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဖို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
9
လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသောအကျိုးကို ရတတ်၏။
10
တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူ လဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူ မရှိ။
11
လူသည်နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တစ်ယောက်တည်းသောသူမူကား၊ အဘယ်သို့ နွေးနိုင်သနည်း။
12
လူတစ်ယောက်သည် တစ်ယောက်ကိုနိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုးသည်လည်း အလွယ်တကူ မပြတ်တတ်။
13
ဆုံးမခြင်းကိုမခံ၊ အသက်ကြီး၍ မိုက်သောရှင်ဘုရင်ထက်၊ ပညာရှိသော ဆင်းရဲသားသူငယ်သည် သာ၍မြတ်၏။
14
ထိုသို့သော သူငယ်သည် ထောင်ထဲကထွက်၍၊ နန်းတော်ပေါ်သို့ ရောက်တတ်၏။ ထိုသို့သောရှင်ဘုရင်မူကား၊ အဘအရိုက်အရာနှင့် နန်းထိုင်သော်လည်း၊ ဆင်းရဲခြင်းသို့ ရောက်တတ်၏။
15
နေအောက်မှာ ကျင်လည်သော သတ္တဝါအပေါင်းတို့သည် မင်းအရိုက်အရာကိုခံရသော ထိုဒုတိယသူဘက်၌ နေတတ်ကြသည်ကို ငါဆင်ခြင်၏။
16
ထိုမင်းအုပ်စိုးသောသူအပေါင်းတို့ကို ရေတွက်၍ မကုန်နိုင်။ နောက်လာသောသူတို့သည်လည်း၊ ထိုမင်းကို အားမရဘဲ နေကြလိမ့်မည်။ အကယ်စင်စစ် ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12