bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Genesis 24
Genesis 24
Burmese 2021
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
1
အာဗြဟံသည်အို၍၊ အသက်အရွယ်ကြီးရင့်လှပြီ။ ထာဝရဘုရားသည်၊ အရာရာ၌ သူ့ကိုကောင်းချီးပေးတော်မူပြီ။
2
အာဗြဟံသည်၊ မိမိအိမ်သားတို့တွင်အသက်ကြီး၍ ဘဏ္ဍာစိုးလုပ်သောသူကိုခေါ်လျက်၊
3
သင်သည်၊ ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးမယူဘဲ၊
4
ငါ့ပြည်ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဣဇာက်အဖို့ မယားကိုယူရမည်ဟု၊ သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီးမှ၊ ကောင်းကင်မြေကြီးအရှင်ဘုရားသခင်၊ ထာဝရဘုရားကို တိုင်တည်၍၊ ငါကျိန်ဆိုစေပါမည်ဟုဆို၏။
5
ကျွန်ကလည်း၊ မိန်းမသည် ဤပြည်သို့ မလိုက်မလာလိုလျှင်၊ ကိုယ်တော်ထွက်လာသောပြည်သို့ ကိုယ်တော်၏သားကို တစ်ဖန်ကျွန်တော်ခေါ်သွားရပါမည်လောဟု မေးလေသော်၊
6
အာဗြဟံက၊ ထိုပြည်သို့ ငါ့သားကိုခေါ်၍မသွားနှင့်။ သတိပြုလော့။
7
ငါ့အဘ၏အိမ်မှလည်းကောင်း၊ ငါ့အမျိုးသားနေရာပြည်မှလည်းကောင်း ငါ့ကိုခေါ်၍၊ သင်၏အမျိုးအနွယ်အား ဤပြည်ကိုငါပေးမည်ဟု၊ ငါ့အားဗျာဒိတ်တော်ပေး၍ ကျိန်ဆိုတော်မူသော ကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားသည်၊ မိမိကောင်းကင်တမန်ကို သင့်ရှေ့၌စေလွှတ်တော်မူသဖြင့်၊ သင်သည်ထိုပြည်မှ ငါ့သားဖို့ မယားကိုယူရလိမ့်မည်။
8
မိန်းမသည် သင်နှင့်အတူမလိုက်လိုလျှင်၊ သင်သည်၊ ယခုငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ငါ့သားကို ထိုပြည်သို့ခေါ်၍ မသွားနှင့်ဟုဆိုပြီးမှ၊
9
ကျွန်သည် သခင်အာဗြဟံ၏ပေါင်အောက်၌ လက်ကိုထား၍ ထိုအမှု၌ကျိန်ဆိုလေ၏။
10
ထိုကျွန်သည်လည်း၊ မိမိသခင်၏ဥစ္စာရှိသမျှကို စီရင်သောသူဖြစ်၍၊ သခင်၏ကုလားအုတ်စုထဲက၊ ကုလားအုတ်ဆယ်စီးကိုယူ၍ထသွားသဖြင့်၊ မေသောပေါတာမိတိုင်း၊ နာခေါ်မြို့သို့ ရောက်လေ၏။
11
မိန်းမများရေခပ်သော ညဉ့်ဦးယံအချိန်၌၊ မြို့ပြင်ရေတွင်းနားမှာ ကုလားအုတ်တို့ကို ဝပ်စေပြီးလျှင်၊
12
အကျွန်ုပ်၏သခင်၊ အာဗြဟံ၏ဘုရားသခင် ထာဝရဘုရား၊ ယနေ့အကျွန်ုပ်အကြံကိုထမြောက်စေ၍၊ အကျွန်ုပ်၏သခင်အာဗြဟံ၌ ကျေးဇူးပြုတော်မူပါဟု၊ အကျွန်ုပ်ဆုတောင်းပါ၏။
13
အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည်၊ ရေခပ်ခြင်းငှာလာကြသည်တွင်၊
14
အကြင်သတို့သမီးကို၊ ကျွန်ုပ်သောက်ခြင်းငှာ သင်၏ရေဘူးကိုချပါဟုဆိုသော်၊ သောက်ပါ၊ သင်၏ကုလားအုတ်တို့ကိုလည်းရေတိုက်ပါမည်ဟု၊ ပြန်ဆိုသောသတို့သမီးသည်၊ ကိုယ်တော်၏ကျွန်ဣဇာက်ဖို့ ခန့်ထားတော်မူသောသူဖြစ်ပါစေသော။ ထိုသို့အားဖြင့်၊ အကျွန်ုပ်၏သခင်၌ကျေးဇူးပြုတော်မူကြောင်းကို၊ အကျွန်ုပ်သိရပါမည်ဟု လျှောက်ဆို၏။
15
ထိုသို့လျှောက်ဆို၍မပြီးမီ၊ အာဗြဟံအစ်ကိုနာခေါ်မယား၊ မိလခါသား၊ ဗေသွေလ၏သမီးရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။
16
ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့်မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကိုရေနှင့်ဖြည့်ပြီးမှ တက်လာ၏။
17
ကျွန်သည်လည်း၊ ထိုမိန်းမနှင့် တွေ့ခြင်းငှာပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟုဆိုလေသော်၊
18
မိန်းမက၊ သောက်ပါလော့အရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကိုချ၍၊ ရေကိုပေးလေ၏။
19
ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုတ်တို့သည်လည်း၊ ဝစွာ သောက်စရာဖို့ရေခပ်ပါမည်ဟု ဆိုသည်အတိုင်း၊
20
အလျင်အမြန်ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌လောင်းပြီးလျှင်၊ တစ်ဖန်ခပ်ခြင်းငှာရေတွင်းသို့ပြေး၍၊ ကုလားအုတ်အဖို့ ရေခပ်လေ၏။
21
ယောက်ျားသည် ထိုမိန်းမကိုအံ့ဩ၍၊ မိမိရောက်လာသောအမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကိုသိလို၍၊ တိတ်ဆိတ်စွာနေလေ၏။
22
ကုလားအုတ်များကို ရေသောက်စေပြီးသောနောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေလက်ကောက်တစ်ရံကိုထုတ်၍၊
23
သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကိုပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာအရပ်ရှိသလောဟု မေးလေသော်၊
24
မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဖွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍လည်းကောင်း၊
25
ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဖွယ်သောက်ဖွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်ဟူ၍လည်းကောင်း ဆိုလေ၏။
26
ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရဘုရားကိုကိုးကွယ်လျက်၊
27
ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ လမ်းမှာသွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။
28
သတို့သမီးသည်လည်းပြေး၍ အမိ၏အိမ်၌ ဤအရာများကို ကြားပြောလေ၏။
29
ရေဗက္က၌ လာဗန်အမည်ရှိသော မောင်တစ်ယောက်ရှိ၏။ လာဗန်သည် ယောက်ျားရှိရာ ရေတွင်းသို့ပြေး၏။
30
သူသည်နှာဆွဲကိုလည်းကောင်း၊ နှမလက်၌ လက်ကောက်ကိုလည်းကောင်းမြင်၍၊ ထိုယောက်ျားသည်ကျွန်ုပ်ကို ဤသို့ပြောသည်ဟု၊ နှမရေဗက္ကဆိုသောစကားကို ကြားသောအခါ၊ ရေတွင်း၌ ကုလားအုတ်အနားမှာရပ်နေသောယောက်ျားထံသို့ ရောက်သောအခါ၊
31
ထာဝရဘုရားကောင်းချီးပေးတော်မူသောသူ၊ ကျွန်ုပ်အိမ်သို့ဝင်ပါလော့။ ပြင်၌အဘယ်ကြောင့် ရပ်နေသနည်း။ အိမ်ကိုလည်းကောင်း၊ ကုလားအုတ်များနေရာအရပ်ကိုလည်းကောင်း၊ ကျွန်ုပ်ပြင်ပါပြီဟုဆိုသဖြင့်၊
32
ယောက်ျားကိုအိမ်သို့သွင်း၍ ကုလားအုတ်တို့တန်ဆာကိုချွတ်ပြီးမှ၊ သူတို့အားမြက်ခြောက်နှင့် စားစရာကိုပေး၏။ ယောက်ျားခြေ၊ လိုက်သော သူတို့ခြေဆေးဖို့ရေကိုလည်းပေးလေ၏။
33
သူ့ရှေ့မှာစားစရာကိုထည့်သောအခါ၊ သူက၊ ကျွန်ုပ်သည် ကိုယ်အမှုကိုမပြောမီမစားလိုပါဟုဆိုလျှင်၊ ပြောပါဟုဆို၏။
34
ယောက်ျားကလည်း၊ ကျွန်ုပ်ကားအာဗြဟံ၏ကျွန်ဖြစ်ပါ၏။
35
ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့်၊ သူသည်ကြီးမြတ်ခြင်းသို့ ရောက်လေပြီ။ သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်နှင့်မြည်းများတို့ကို ပေးတော်မူပြီ။
36
ကျွန်ုပ်သခင်၏မယားစာရာသည်၊ သခင်အသက်အိုသောအခါ၊ သူ့အားသားကိုဖွားမြင်သဖြင့်၊ ထိုသားအားဥစ္စာရှိသမျှကို သခင်သည်အပ်ပေးပြီ။
37
ကျွန်ုပ်၏သခင်ကလည်း၊ သင်သည်ငါနေသောခါနာန်အမျိုးသမီးတို့တွင်၊ ငါ့သားဖို့ မယားကိုမရွေးဘဲ၊
38
ငါ့အဘ၏အိမ်၊ ငါ့အမျိုးသားချင်းတို့ထံသို့သွား၍၊ ငါ့သားဖို့ မယားကိုယူရမည်ဟု အကျွန်ုပ်ကိုကျိန်ဆိုစေ၏။
39
အကျွန်ုပ်ကလည်း၊ မိန်းမသည်မလိုက်လိုလျှင် အဘယ်သို့နည်းဟု သခင်ကိုမေးလေသော်၊
40
သခင်က၊ အကြင်ထာဝရဘုရားသခင်ရှေ့တော်၌ ငါသွားလာ၏၊ ထိုဘုရားသည် မိမိကောင်းကင်တမန်ကို သင်နှင့်အတူစေလွှတ်၍၊ သင်သွားသောအမှုကို ပြုစုတော်မူသဖြင့်၊ ငါ့အမျိုးသားချင်း၊ ငါ့အဘ၏အိမ်ထဲက ငါ့သားဖို့မယားကိုယူရမည်။
41
ငါ့အမျိုးသားချင်းတို့ထံသို့ရောက်သောအခါ၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေ။ ထိုသူတို့သည်မိန်းမကိုမပေးသော်လည်း၊ သင်သည် ငါပေးသောကျိန်ဆိုခြင်းနှင့် ကင်းလွတ်စေမည်ဟုပြော၏။
42
ကျွန်ုပ်သည်ယနေ့ရေတွင်းသို့ ရောက်ပြီးလျှင်၊ ကျွန်ုပ်သခင် အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ရောက်လာသောအမှုကို ယခုပြုစုတော်မူလျှင်၊
43
အကျွန်ုပ်သည် ရေတွင်းနားမှာရပ်နေ၍၊ ရေခပ်ခြင်းငှာလာသော အကြင်သမီးကညာကို၊ ကျွန်ုပ်သောက်ဖို့ သင်၏ရေဘူး၌ရေအနည်းငယ်ကို ပေးပါဟုတောင်းသော်၊
44
သောက်ပါ။ သင်၏ကုလားအုတ်တို့ဖို့လည်း ရေခပ်ပါမည်ဟု ပြန်ဆိုသောသမီးကညာသည်၊ ကိုယ်တော်ကျွန်၏သားဖို့၊ ခန့်ထားတော်မူသော မိန်းမဖြစ်ပါစေသောဟုလျှောက်ဆို၏။
45
ထိုသို့စိတ်နှလုံး၌ လျှောက်ဆို၍မပြီးမီ၊ ရေဗက္ကသည် ရေဘူးကို ထမ်းလျက်ထွက်လာသဖြင့်၊ ရေတွင်းသို့ဆင်း၍ ရေခပ်သည်ကို ကျွန်ုပ်မြင်လျှင်၊ ရေသောက်ပါရစေဟု သူ့ကိုတောင်းလေသော်၊
46
သူသည်အလျင်အမြန်ပခုံးပေါ်က ရေဘူးကိုချလျက်၊ သောက်ပါလော့။ သင်၏ ကုလားအုတ်တို့ကိုလည်း၊ ရေတိုက်ပါမည်ဟုဆိုသည်အတိုင်း၊ ကျွန်ုပ်သောက်ရ၏။ ကုလားအုတ်တို့ကိုလည်း ရေတိုက်လေ၏။
47
ကျွန်ုပ်ကလည်း၊ သင်သည် အဘယ်သူ၏သမီးဖြစ်သနည်းဟုမေးသော်၊ သူက၊ ကျွန်ုပ်သည် မိလခါဖွားမြင်သော နာခေါ်သားဗေသွေလ၏သမီးဖြစ်သည် ဟုပြောဆို၏။ ကျွန်ုပ်သည်လည်း၊ သူ၏မျက်နှာ၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်းထည့်ပြီးလျှင်၊
48
ဦးညွှတ်ချ၍၊ ကျွန်ုပ်သခင်အစ်ကို၏မြေးကို သခင်၏သားဖို့ယူစေခြင်းငှာ၊ မှန်သောလမ်းဖြင့်ပို့ဆောင်တော်မူသော ကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင်ထာဝရဘုရားကို ကောင်းချီးပေး၍ ကိုးကွယ်လေ၏။
49
ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့်ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ယာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တစ်လမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50
လာဗန်နှင့် ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51
ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။
52
ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53
ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကိုထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဖိုးထိုက်သော လက်ဆောင်ကိုပေး၏။
54
သူနှင့် သူ၏အဖော်အပေါင်းတို့သည်၊ စားသောက်၍ ညကိုလွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55
မောင်နှင့်အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56
ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသောအခွင့်ကို ပေးပါလော့ဟုဆိုလျှင်၊
57
သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကိုမေးပါဦးမည်ဟုဆိုသည်နှင့်၊
58
ရေဗက္ကကိုခေါ်၍ သင်သည် ဤလူနှင့်အတူယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည်ဟုဆို၏။
59
သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကိုလည်းကောင်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကိုလည်းကောင်း လွှတ်လိုက်ကြ၏။
60
ရေဗက္ကကိုလည်း၊ သင်သည်ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိ ဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းချီးပေးကြ၏။
61
ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုတ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူလိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကိုဆောင်ယူ သွားလေ၏။
62
ထိုအခါ တောင်ပြည်အတွင်း၌နေသောဣဇာက်သည်၊ ဗေရလဟဲရောလမ်းဖြင့် ရောက်လာသည်ဖြစ်၍၊
63
ညဉ့်ဦးအချိန်၌ ဆင်ခြင်လိုသောငှာ၊ တောအရပ်သို့ထွက်သွား၍၊ မျှော်ကြည့်လျှင်၊ ကုလားအုတ်များလာသည်ကို မြင်လေ၏။
64
ရေဗက္ကသည်လည်း၊ မျှော်ကြည့်၍ ဣဇာက်ကိုမြင်သောအခါ၊ ကုလားအုတ်အပေါ်မှဆင်းပြီးလျှင်၊
65
ကျွန်ုပ်တို့ကို ကြိုဆိုခြင်းငှာ၊ တော၌လာသောထိုသူကား၊ အဘယ်သူနည်းဟု ကျွန်ကိုမေးလေသော်၊ ကျွန်က၊ ထိုသူသည် ကျွန်ုပ်သခင်ဖြစ်ပါ၏ဟု ပြောဆိုသောစကားကိုကြားလျှင်၊ ရေဗက္ကသည်မျက်နှာဖုံးကိုယူ၍ ဖုံးလေ၏။
66
ကျွန်သည်လည်း၊ မိမိပြုလေသမျှတို့ကို ဣဇာက်အားကြားပြောပြီးမှ၊
67
ဣဇာက်သည် မိမိအမိစာရာ၏တဲသို့ ရေဗက္ကကိုဆောင်ယူ၍ စုံဖက်လေ၏။ ရေဗက္ကကိုချစ်နှစ်မြို့သဖြင့်၊ အမိသေသောအမှု၌ သက်သာခြင်းသို့ရောက်လေ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50