bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Genesis 31
Genesis 31
Burmese 2021
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
1
ထိုအခါ လာဗန်သားတို့က၊ ငါတို့သခင်၏ဥစ္စာရှိသမျှကို ယာကုပ်သည် ယူသွားလေပြီတကား၊ ငါတို့အဘ၏ဥစ္စာအားဖြင့်၊ သူ၌ဤမည်သောစည်းစိမ်ရှိသမျှသည် ဖြစ်လေပြီဟု၊ ဆိုကြသည်ကိုယာကုပ်ကြား၍၊
2
လာဗန်၏ မျက်နှာကိုကြည့်သောအခါ၊ ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို သိမြင်၏။
3
ထာဝရဘုရားကလည်း၊ သင်၏ဘိုးဘေးနေသောပြည်၊ သင်၏အမျိုးသားချင်းထံသို့ ပြန်သွားလော့။ ငါသည် သင့်ဘက်၌ရှိနေမည်ဟု ယာကုပ်အားမိန့်တော်မူ၏။
4
ယာကုပ်သည် လူကိုစေလွှတ်၍၊ ရာခေလနှင့် လေအာကို၊ သိုးစုရှိရာတောသို့ခေါ်ပြီးလျှင်၊
5
သင်တို့အဘ၏မျက်နှာသည် ငါ၌ရှေ့ကကဲ့သို့မဟုတ်၊ ခြားနားသည်ကို ငါသိမြင်၏။ သို့သော်လည်း၊ ငါ့အဘ၏ဘုရားသခင်သည်၊ ငါ့ဘက်၌ရှိတော်မူ၏။
6
သင်တို့အဘ၏အမှုကို၊ ငါတတ်နိုင်သမျှအတိုင်း၊ ငါစောင့်သည်ကို သင်တို့သိကြ၏။
7
သင်တို့အဘသည်လည်း ငါ့ကိုလှည့်စား၍၊ ငါရထိုက်သောအခကို ဆယ်ကြိမ်လဲခဲ့ပြီ။ သို့သော်လည်း၊ ငါ့ကိုညှဉ်းဆဲစေခြင်းငှာ၊ ဘုရားသခင်အခွင့်ပေးတော်မမူ။
8
သူက၊ ပြောက်သောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ်ရှိသမျှတို့သည် ပြောက်သောအကောင်တို့ကိုမွေးကြ၏။ ကျားသောအကောင်တို့သည်၊ သင်၏အခဖြစ်စေဟုဆိုလျှင်၊ သိုး၊ ဆိတ် ရှိသမျှတို့သည် ကျားသောအကောင်တို့ကို မွေးကြ၏။
9
ထိုသို့ဘုရားသခင်သည်၊ သင်တို့အဘ၏တိရစ္ဆာန်တို့ကိုနုတ်၍ ငါ့အားပေးတော်မူပြီ။
10
ထိုတိရစ္ဆာန်များတို့သည်၊ ယှက်တင်ကြသောအခါ၊ ငါမျှော်ကြည့်၍၊ တိရစ္ဆာန်မတို့နှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသောအဆင်းရှိကြောင်းကို အိပ်မက်၌ငါမြင်ရ၏။
11
ဘုရားသခင်၏ကောင်းကင်တမန်ကလည်း၊ ယာကုပ်ဟု အိပ်မက်၌ ငါ့ကိုခေါ်လျှင်၊ ကျွန်ုပ်ရှိပါ၏ဟုငါထူး၏။
12
သူကလည်း မျှော်၍ကြည့်လော့။ တိရစ္ဆာန်မနှင့်ပေါင်းဖော်သော တိရစ္ဆာန်အထီးရှိသမျှတို့သည်၊ အပြောက်အကျားမှစ၍၊ အထွေထွေသော အဆင်းရှိကြ၏။ အကြောင်းမူကား၊ သင်၌လာဗန်ပြုသမျှတို့ကိုငါမြင်၏။
13
ငါကား၊ သင်သည်မှတ်တိုင်ကိုဆီလောင်း၍၊ ငါ၌သစ္စာပြုရာ ဗေသလအရပ်၏ဘုရားဖြစ်၏။ ယခုထ၍ ဤအရပ်မှထွက်သဖြင့်၊ အမျိုးသားချင်းတို့နေသောပြည်သို့ ပြန်သွားလော့ဟု ငါ့အားမိန့်တော်မူ၏ဟု ယာကုပ်သည်ကြားပြောပြီးလျှင်၊
14
ရာခေလနှင့် လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း။
15
သူသည်ကျွန်ုပ်တို့ကို တစ်ကျွန်းတစ်နိုင်ငံသားကဲ့သို့ မှတ်တတ်သည်မဟုတ်လော။ ကျွန်ုပ်တို့ကိုရောင်းစားခဲ့ပြီတကား။
16
ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူသည်အတိုင်း ယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏။
17
ထိုအခါယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုတ်ပေါ်မှာစီးစေ၏။
18
မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။
19
လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ၊ အခြားတစ်ပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။
20
ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။
21
ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။
22
ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊
23
ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာမီလေ၏။
24
ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညအချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။
25
ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
26
လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဖမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား။
27
ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီချင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကိုလွှတ်လိုက်စေခြင်းငှာ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။
28
ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှာ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။
29
ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
30
ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည်ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟု ယာကုပ်ကို ဆို၏။
31
ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။
32
သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟု၊ လာဗန်အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကို ယာကုပ်မသိ။
33
လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်း မတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။
34
ရာခေလသည်၊ ထိုရုပ်တုတို့ကိုယူ၍ ကုလားအုတ်ကုန်းနှီးတန်ဆာထဲသို့ သွင်းထားပြီးလျှင်၊ ထိုတန်ဆာပေါ်မှာထိုင်လျက်နေ၏။ လာဗန်သည် တစ်တဲလုံးကို ရှာဖွေ၍မတွေ့လျှင်၊
35
ရာခေလက၊ သခင်ရှေ့မှာကျွန်မ မထနိုင်သည်ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ဖြစ်မြဲရှိသည်အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအားဆိုလေ၏။ ထိုသို့လာဗန်သည်ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။
36
ထိုအခါ ယာကုပ်သည်စိတ်ဆိုး၍ လာဗန်ကိုဆုံးမသည်ကား၊ ကျွန်ုပ်သည် အဘယ်သို့ပြစ်မှား၍၊ အဘယ်အပြစ်ရှိသောကြောင့်၊ ကျွန်ုပ်ကို ဤမျှလောက် ပြင်းထန်စွာလိုက်ရသနည်း။
37
ကျွန်ုပ်ဥစ္စာရှိသမျှကိုရှာဖွေသည်ဖြစ်၍၊ သင်၏ဥစ္စာပရိကံ တစ်စုံတစ်ခုကိုတွေ့မိလျှင်၊ သင်၏ညီအစ်ကို၊ ကျွန်ုပ်ညီအစ်ကိုတို့ရှေ့တွင်၊ ဤအရပ်၌ထားပါ။ သူတို့သည်၊ ငါတို့နှစ်ယောက်စပ်ကြားမှာစီရင်ပါစေ။
38
ကျွန်ုပ်သည် သင့်ထံ၌ အနှစ်နှစ်ဆယ်ပတ်လုံးနေရာတွင်၊ သင်၏သိုးမ၊ ဆိတ်မတို့သည်ဝမ်းပိုးမပျက်။ ဆိတ်ထီး၊ သိုးထီးတို့ကိုကျွန်ုပ်မစား။
39
သားရဲကိုက်သတ်သော အကောင်ကို သင့်ထံသို့ကျွန်ုပ်မဆောင်ခဲ့၊ ကိုယ်အရှုံးခံရ၏။ နေ့မှာခိုးသည်ဖြစ်စေ၊ ညမှာခိုးသည်ဖြစ်စေ၊ သင်သည် ကျွန်ုပ်တွင် အစားတောင်းလေ့ရှိ၏။
40
နေ့အချိန်၌လည်း နေပူကိုလည်းကောင်း၊ ညအချိန်၌လည်းနှင်းခဲကိုလည်းကောင်း ခံရပြီ။ အအိပ်ပျက်ခြင်းကိုလည်းခံရပြီ။
41
ထိုသို့၊ ကျွန်ုပ်သည်အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သမီးနှစ်ယောက်အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။
42
ယခုလည်း ကျွန်ုပ်အဘ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရားသခင်၊ ဣဇာက်၏ကြောက်ရွံ့ရာဘုရားသည် ကျွန်ုပ်ဘက်၌မရှိလျှင်၊ သင်သည် ကျွန်ုပ်ကို ဧကန်အမှန်လက်ချည်း လွှတ်လိုက်လိမ့်မည်တကား။ အကယ်စင်စစ် ကျွန်ုပ်ဆင်းရဲခံရခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းကို ဘုရားသခင်မြင်၍၊ မနေ့ညမှာ သင့်ကိုဆုံးမတော်မူပြီဟု ဆိုလေ၏။
43
လာဗန်ကလည်း၊ ဤသမီးတို့သည် ငါ့သမီးဖြစ်ကြ၏။ ဤသူငယ်တို့သည်၊ ငါ့သားဖြစ်ကြ၏။ ဤတိရစ္ဆာန်တို့လည်း၊ ငါ့တိရစ္ဆာန်ဖြစ်ကြ၏။ မြင်သမျှသော ဥစ္စာသည်ငါ့ဥစ္စာဖြစ်၏။ ငါ့သမီးတို့၌လည်းကောင်း၊ သူတို့ဖွားမြင်သော ငါ့သူငယ်တို့၌လည်းကောင်း၊ အဘယ်သို့ငါပြုနိုင်သနည်း။
44
သို့ဖြစ်၍၊ ယခုသင်နှင့် ငါစပ်ကြား၌သက်သေဖြစ်စေ၍၊ ငါတို့နှစ်ယောက်သည် ပဋိညာဉ်ပြုကြစို့ဟု ယာကုပ်အားပြန်ပြော၏။
45
ယာကုပ်သည်လည်း ကျောက်ကိုယူ၍၊ မှတ်တိုင်ဖို့စိုက်ထူပြီးလျှင်၊
46
ကျောက်များကိုစုထားကြပါဟု ညီအစ်ကိုတို့အား ဆိုသည်အတိုင်း၊ သူတို့သည် ကျောက်များကိုယူ၍၊ ကျောက်ပုံကိုတည်လုပ်ပြီးမှ၊ ထိုကျောက်ပုံအပေါ်၌ စားသောက်ခြင်းကို ပြုကြ၏။
47
ထိုကျောက်ပုံကို လာဗန်သည် ယေဂါသဟာဒုသဟူ၍လည်းကောင်း၊ ယာကုပ်သည် ဂိလဒ်ဟူ၍လည်းကောင်း သမုတ်လေ၏။
48
လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။
49
မိဇပါဟူ၍ သမုတ်ကြသေး၏။ အကြောင်းမူကား၊ လာဗန်က၊ ငါတို့သည် တစ်ယောက်နှင့်တစ်ယောက် ခွာသွားကြသောနောက်၊ ထာဝရဘုရားသည် ငါနှင့်သင်၏ စပ်ကြား၌စောင့်တော်မူစေသတည်း။
50
သင်သည် ငါ့သမီးတို့ကို ညှဉ်းဆဲသည်ဖြစ်စေ၊ ငါ့သမီးတို့မှတစ်ပါး အခြားသောမိန်းမနှင့် စုံဖက်သည်ဖြစ်စေ၊ ငါတို့၌လူသက်သေမရှိ၊ ဘုရားသခင်သည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်စေတော်မူသတည်း ဟူ၍လည်းကောင်း၊
51
တစ်ဖန်လည်း၊ ငါနှင့်သင်၏စပ်ကြား၌ သင်သည်တည်လုပ်ခဲ့ပြီးသော ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုကြည့်ပါလော့။
52
ငါသည် သင့်ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကိုမကျော်ရ။ သင်သည် ငါ့ကိုခိုက်ရန်ပြုခြင်းငှာ၊ ဤကျောက်ပုံ၊ ဤမှတ်တိုင်ကို မကျော်ရဟု ဤကျောက်ပုံနှင့် ဤမှတ်တိုင်သည် သက်သေဖြစ်စေသတည်း။
53
အာဗြဟံ၏ဘုရားသခင်၊ နာခေါ်၏ဘုရားသခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍လည်းကောင်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလေ၏။
54
ထိုအခါယာကုပ်သည် တောင်ပေါ်မှာယဇ်ပူဇော်၍၊ ညီအစ်ကိုများကို အစာစားစေခြင်းငှာ ခေါ်ဖိတ်သဖြင့်၊ သူတို့သည်စားသောက်၍၊ တောင်ပေါ်မှာညကိုလွန်စေကြ၏။
55
နံနက်စောစော လာဗန်ထ၍ မိမိသားသမီးများကိုနမ်းလျက် ကောင်းချီးပေးပြီးမှ၊ မိမိနေရာပြည်သို့ ပြန်သွားလေ၏။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50