bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Genesis 27
Genesis 27
Burmese 2021
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
1
ထိုနောက် ဣဇာက်သည်အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟုခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
2
အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကိုငါမသိ။
3
မသေမီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဖို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊
4
ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
5
ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင် တောသို့အရှာသွားစဉ်တွင်၊
6
ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊
7
သင်၏အဘက၊ ငါမသေမီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းချီးပေးမည်အကြောင်း၊ ငါစားစရာဖို့အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကိုဧသောအားပြောသည်ကို ငါကြားပြီ။
8
သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။
9
ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
10
သင်၏အဘမသေမီ သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှာ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
11
ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွတ်သောသူဖြစ်၏။
12
ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။
13
အမိရေဗက္ကကလည်း၊ ငါ့သား၊ သင်ခံရသောကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကားကိုနားထောင်၍ ဆိတ်သငယ်တို့ကိုသာယူခဲ့ပါဟု ဆိုသည်အတိုင်း၊
14
သူသည်သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သောအမဲဟင်းလျာကို ချက်လေ၏။
15
ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊
16
ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌လည်းကောင်း၊ လည်ပင်းချောသောဘက်၌လည်းကောင်း ဆင်ယင်ပြီးလျှင်၊
17
မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။
18
ယာကုပ်လည်း အဘထံသို့သွား၍၊ အဘဟုခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား၊ သင်သည် အဘယ်သူနည်းဟုမေး၏။
19
ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းချီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကိုစားပါလော့ဟု ဆိုလေ၏။
20
အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်းဟု သားအားမေးလျှင်၊ အဘ၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသောကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
21
ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သားဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်းသပ်စေခြင်းငှာ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
22
ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘသည်စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကားဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
23
ထိုသို့သူ၏လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိသဖြင့်၊ ကောင်းချီးပေးလေ၏။
24
သို့ရာတွင် တစ်ဖန်ကား၊ သင်သည် ငါ့သားဧသောစင်စစ် အမှန်ပင်ဖြစ်သလောဟုမေးပြန်လျင်၊ မှန်ပါသည်ဟု ဆို၏။
25
အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ငါ့သား၏အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကိုလည်းပေး၍ အဘသောက်လေ၏။
26
ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကိုနမ်းပါလော့ဟုဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘကိုနမ်းလေ၏။
27
အဘဣဇာက်ကလည်း၊ သူ့အဝတ်၏အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရားကောင်းချီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့်တူ၏။
28
ထိုကြောင့် ဘုရားသခင်သည်မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏ဆီဥကိုလည်းကောင်း၊ များစွာသောဆန်စပါး၊ စပျစ်ရည်ကိုလည်းကောင်း၊ သင့်အားပေးတော်မူစေသတည်း။
29
သူတစ်ပါးတို့သည်သင်၌ကျွန်ခံ၍၊ အပြည်ပြည်တို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲခြင်းကိုခံရကြစေသတည်း။ သင့်ကို ကောင်းချီးပေးသောသူအပေါင်းတို့သည် ကောင်းချီးကိုခံရကြစေသတည်းဟု ကောင်းချီးပေးလေ၏။
30
ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်းချီးမင်္ဂလာကိုခံ၍၊ အဘထံမှ ထွက်သွားသောခဏချင်းတွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှရောက်လာ၏။
31
သူသည်လည်း အမဲဟင်းလျာကိုချက်၍ အဘထံသို့ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းချီးပေးမည်အကြောင်း၊ သား၏အမဲသားကိုထ၍စားပါလော့ဟုဆိုလေ၏။
32
အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟုဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။
33
အမဲသားကိုရ၍၊ ငါ့ထံသို့ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းချီးပေးမိပြီ။ သူသည် ကောင်းချီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
34
အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းချီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
35
အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
36
ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိုက်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတစ်ဖန် အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို ယူသွားပါပြီဟူ၍လည်းကောင်း၊ အကျွန်ုပ်အဖို့ ကောင်းချီးမင်္ဂလာတစ်ပါးကိုမျှ မခြွင်းပါသလော ဟူ၍လည်းကောင်း ဆိုလေ၏။
37
ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ်စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသောအားပြန်ပြောလျှင်၊
38
ဧသောက၊ အိုအဘ၊ ကောင်းချီးမင်္ဂလာ တစ်စုံတစ်ခုမျှမရှိပါသလော။ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းချီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တစ်ဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
39
အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်လည်းကောင်း၊ အထက်မိုးကောင်းကင်၏နှင်းနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။
40
ဓားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ကျွန်ခံရလိမ့်မည်။ နောက်တစ်ဖန် အစိုးရသောအခါ၊ သူတင်သောထမ်းပိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
41
အဘသည် ယာကုပ်အားပေးသော ကောင်းချီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလအချိန်နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။
42
ထိုသို့သားကြီး ဧသောပြောသောစကားကို အမိရေဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌စိတ်ပြေလိမ့်မည်။
43
ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန်နေရာ ခါရန်မြို့သို့ထ၍ ပြေးသွားပါလော့။
44
သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍နေပါလော့။
45
သင်၏အစ်ကိုစိတ်ပြေ၍၊ သင်သည် သူ၌ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက်လုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့်ငါရှုံးရမည်နည်းဟု ဆိုလေ၏။
46
တစ်ဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက်ကိုငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသအမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဖက်ပြုလျှင်၊ ကျွန်မအသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50