bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Hosea 1
Hosea 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
1
ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင် ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏သား ဟောရှေသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော် အစအဦးဟူမူကား၊
2
သင်သွား၍ ပြည့်တန်ဆာမိန်းမနှင့်တကွ သူဖွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်းမူကား၊ ပြည်သားတို့သည် ထာဝရဘုရားကိုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူသည်အတိုင်း၊
3
ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဖွားမြင်လေ၏။
4
ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရေလအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလအသက်ကို သတ်သောအပြစ်ကြောင့်၊ ယေဟုအမျိုးကို ငါသည်ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံကို ဆုံးစေမည်။
5
ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုးသောနေ့ချင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော်မူ၏။
6
တစ်ဖန် ပဋိသန္ဓေယူ၍ သမီးကိုဖွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက်တစ်ဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။
7
ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာတွင် လေး၊ ဓား၊ စစ်တိုက်လက်နက်၊ မြင်း၊ မြင်းစီးသူရဲအားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။
8
လောရုဟာမာကို နို့ခွာသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဖွားမြင်လေ၏။
9
ထိုသားကို လောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်မဟုတ်။
10
သို့ရာတွင်၊ ဣသရေလအမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာအရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်။
11
ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလအမျိုးသားတို့သည် စုဝေးပေါင်းဖော်၍ မင်းတစ်ဦးတည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြလိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14