bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Hosea 6
Hosea 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
1
လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကိုစည်းတော်မူမည်။
2
နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
3
ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကိုသိခြင်းငှာ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက်ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုးနှင့် မြေအပေါ်သို့ရွာသော နောက်မိုးကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
4
အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။
5
ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကားအားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်းသော အလင်းကဲ့သို့ ဖြစ်ကြပြီ။
6
ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကိုလည်းကောင်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကိုလည်းကောင်း ငါနှစ်သက်၏။
7
သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူးကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
8
ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
9
ဓားပြအလုံးအရင်းသည် ခရီးသွားသောသူကို ချောင်း၍ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်းအသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက်ကို သတ်တတ်ကြ၏။
10
အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဖွယ်သောအမှုကို ဣသရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်းတတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
11
ထိုမှတစ်ပါး၊ အို ယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါးရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14