bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Hosea 13
Hosea 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
1
ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတစ်ပါးကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့်မြတ်၏။ နောက်တစ်ဖန် ဗာလဘုရားအားဖြင့် ပြစ်မှားသောကြောင့် သေ၏။
2
ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဉာဏ်ပညာအားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ်အဖို့ လုပ်ကြ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
3
ထိုကြောင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း၊ ကောက်နယ်တလင်းမှ လေပွေတိုက်သွားသော ဖွဲကဲ့သို့လည်းကောင်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။
4
သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်ကို သင်မသိပြီ။ ငါမှတစ်ပါး ကယ်တင်နိုင်သော သခင်မရှိ။
5
အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြောစွာ စားရကြ၏။
6
ဝသောအခါ ဝါကြွားသောစိတ်ရှိ၍ ငါ့ကို မေ့လျော့ကြ၏။
7
ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ်မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
8
သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို၍၊ သူတို့နှလုံး၌ ဖုံးသောအမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့မကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တောသားရဲဖြစ်၍ အပိုင်းပိုင်း ဆွဲဖြတ်မည်။
9
အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သောအရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
10
သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11
ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင်တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တစ်ဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ်ရှားပြီ။
12
ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏အပြစ်ကို သိုမှီးပြီ။
13
သူသည် သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဖွားရာဝမ်းဝ၌ ကြာမြင့်စွာ နေပါသည်တကား။
14
သူတို့ကို မရဏနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အို သေမင်း၊ သင့်ကို ကာလနာစွဲစေမည်။ အို မရဏနိုင်ငံ၊ သင်၌ ဖျက်ဆီးသောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်းကို ပမာဏမပြု။
15
မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ်သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသမျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူလိမ့်မည်။
16
ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်း ခံရကြလိမ့်မည်။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14