bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Lamentations 1
Lamentations 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
1
စည်ပင်ခဲ့သောမြို့သည် လူဆိတ်ညံလျက် ထိုင်လေသည်တကား၊ လူမျိုးတို့တွင် ကြီးမြတ်ဖူးသော သတို့သမီးသည် မုဆိုးမကဲ့သို့ဖြစ်၏။ အပြည်ပြည်တို့၏သခင်မသည် အခွန်ပေးရ၏။
2
ညအခါ ပြင်းစွာငိုကြွေး၍၊ သူ၏ပါးသည် မျက်ရည်နှင့် စိုစွတ်လေ၏။ ရည်းစားအပေါင်းတို့တွင် နှစ်သိမ့်စေသောသူ တစ်ယောက်မျှ မရှိ။ အဆွေခင်ပွန်းအပေါင်းတို့သည် သစ္စာပျက်၍ ရန်သူဖြစ်ကြပြီ။
3
ယုဒသတို့သမီးသည် ညှဉ်းဆဲခြင်း၊ ကြမ်းတမ်းစွာ စေစားခြင်းကိုခံရသောကြောင့် ပြောင်းသွားပြီ။ သာသနာပလူတို့ အထဲမှာနေလျက် ချမ်းသာမရ။ လိုက်သော သူအပေါင်းတို့သည် ကျဉ်းမြောင်းရာ၌ မီကြ၏။
4
အဘယ်သူမျှ ပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါးရှိသမျှတို့သည် လူဆိတ်ညံလျက် ရှိကြ၏။ သူ၏ယဇ်ပုရောဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာတို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။
5
သူပြစ်မှားသော အပြစ်များပြားသောကြောင့် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့်၊ သူနှင့် ဆန့်ကျင်ဘက်ပြုသော သူတို့သည် အစိုးရ၍၊ သူ၏ရန်သူတို့သည် ကောင်းစားကြပြီ။ သူ၏သားသမီးတို့ကိုလည်း ရန်သူသိမ်းသွားကြပြီ။
6
ဇိအုန်သတို့သမီး၏ ဂုဏ်အသရေသည် အကြွင်းမဲ့ကွယ်ပျောက်၏။ သူ၏မင်းသားတို့သည် ကျက်စားရာကို ရှာ၍မတွေ့သော သမင်ဒရယ်ကဲ့သို့ ဖြစ်၍၊ လိုက်သောသူရှေ့မှာ အားမရှိဘဲ ပြေးသွားကြပြီ။
7
ယေရုရှလင်မြို့သည် ဆင်းရဲငြိုငြင်ခြင်းကို ခံရစဉ်တွင်၊ အရင်ခံစားဖူးသော စည်းစိမ်ကို အောက်မေ့၏။ သူ၏လူတို့သည် ရန်သူလက်သို့ရောက်၍ မစသောသူ မရှိသောအခါ၊ ဆန့်ကျင်ဘက်ပြုသော သူတို့သည် သူ၏အမှုကိုမြင်၍၊ သူ၏ဆုံးခြင်းကို ကဲ့ရဲ့ကြ၏။
8
ယေရုရှလင်မြို့ ပြစ်မှားသောအပြစ်သည် အလွန်များသောကြောင့်၊ ရွံရှာဖွယ် ဖြစ်လေ၏။ သူ့ကို ရိုသေဖူးသောသူအပေါင်းတို့သည် သူ၌ အချည်းစည်းရှိခြင်းကို မြင်သောကြောင့် မထီမဲ့မြင်ပြုကြ၏။ သူသည်လည်း ညည်းတွား၍ နောက်သို့ပြန်သွားလေ၏။
9
သူ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူ မရှိဘဲ အံ့ဩဖွယ်သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ရောက်လေ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။ ရန်သူသည် ကိုယ်ကို ချီးမြှောက်ပါပြီ။
10
ရန်သူသည် သူ၏စည်းစိမ်ကို လုယူပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟု မြစ်တားတော်မူသော သာသနာပလူတို့သည် သူ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ဝင်ကြောင်းကို သူမြင်ရပါ၏။
11
သူ၏လူအပေါင်းတို့သည် ညည်းတွားလျက်၊ မုန့်ကိုရှာလျက် နေကြ၏။ သေဘေးနှင့် လွတ်ခြင်းငှာ မိမိစည်းစိမ်ကို စားစရာဖို့ စွန့်ရ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှုတ်ချခြင်းကို ခံရသောကြောင့် ကြည့်ရှုဆင်ခြင်တော်မူပါ။
12
အို ခရီးသွားသောသူ အပေါင်းတို့၊ ကြည့်ရှုဆင်ခြင်ကြလော့။ ထာဝရဘုရားသည် ပြင်းစွာ အမျက်တော်ထွက်သောနေ့၌ ငါ့ကိုညှဉ်းဆဲ၍၊ ဖြစ်စေတော်မူသော ဒုက္ခနှင့်တူသော ဒုက္ခရှိသလော။
13
အထက်မှမီးကို ငါ့အရိုးထဲသို့ လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှာ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တစ်နေ့လုံးညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ ဖြစ်စေတော်မူ၏။
14
ငါပြစ်မှားသော အပြစ်ထမ်းပိုးကို လက်တော်နှင့် ငါ့လည်ပင်းပေါ်၌တပ်၍ ချည်နှောင်ပြီးမှ၊ ထာဝရဘုရားသည် ငါ့ကိုအားလျော့စေ၍၊ ငါမဆီးတားနိုင်သော သူ့တို့လက်သို့ ရောက်စေတော်မူပြီ။
15
ထာဝရဘုရားသည် ငါ၏သူရဲအပေါင်းတို့ကို ငါ့အလယ်၌ ကျော်နင်းတော်မူပြီ။ ငါ၏လူပျိုတို့ကို နှိပ်စက်ခြင်းငှာ လူအလုံးအရင်းကို ခေါ်တော်မူပြီ။ ထာဝရဘုရားသည် ယုဒသတို့သမီးကညာကို စပျစ်သီးနယ်ရာကျင်း၌ နင်းနယ်တော်မူပြီ။
16
ထိုအကြောင်းကြောင့် ငါသည်ငိုရ၏။ မျက်ရည်ကျလျက်ရှိ၏။ ငါ့အသက်ကို ထောက်မ၍ ငါ့ကို နှစ်သိမ့်စေသောသူသည် ငါနှင့်ဝေးပါ၏။ ရန်သူနိုင်သောကြောင့် ငါ့သားသမီးတို့သည် ပျောက်ပျက်ကြပြီ။
17
ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကိုဖြန့်သော်လည်း၊ နှစ်သိမ့်စေသောသူ မရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံရှာဖွယ် ဖြစ်လေ၏။
18
ထာဝရဘုရားသည် တရားသဖြင့် စီရင်တော်မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုးခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။
19
ငါသည် ရည်းစားတို့ကိုခေါ်၍ သူတို့သည် သစ္စာမရှိကြ။ ငါ၏ယဇ်ပုရောဟိတ်တို့နှင့် ငါ၏အသက်ကြီးသူတို့သည် ကိုယ်အသက်မွေးဖို့ စားစရာကိုရှာစဉ်ပင် မြို့ထဲ၌ အသက်ချုပ်ကြပြီ။
20
အို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုက်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ဓားဘေးနှင့် တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ ရှိပါ၏။
21
အကျွန်ုပ် ညည်းတွားသံကိုကြားသောသူတို့တွင်၊ နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားရကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကို ရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။
22
သူတို့၏ ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော်မူပါ။ အကျွန်ုပ် ပြစ်မှားမိသမျှသောအပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက်လျက်ရှိပါ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 2 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
Lamentations Commentaries
→
Devotional
Lamentations Devotional Guide
→
Get This Bible
Burmese Study Bible
→