bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Lamentations 5
Lamentations 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၌ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
2
အကျွန်ုပ်တို့ အမွေခံရာမြေသည် တစ်ပါးအမျိုးသားလက်သို့လည်းကောင်း၊ နေရာအိမ်တို့သည်လည်း တစ်ကျွန်းတစ်နိုင်ငံသားတို့ လက်သို့လည်းကောင်း ရောက်ပါပြီ။
3
အကျွန်ုပ်တို့သည် မိဘမရှိသောသူငယ် ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည် မုဆိုးမကဲ့သို့နေရပါ၏။
4
ငွေပေးမှ ရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
5
ထမ်းပိုးကို အစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
6
စားစရာကိုရခြင်းငှာ အဲဂုတ္တုပြည်သား၊ အာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။
7
ဘိုးဘေးတို့သည် ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ်တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
8
သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနုတ်ပါ။
9
တော၌ ဓားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
10
မွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
11
ဇိအုန်မြို့၌ မိန်းမများကိုလည်းကောင်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကိုလည်းကောင်း၊ အဓမ္မပြုကြပါ၏။
12
မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
13
လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာ လဲရကြပါ၏။
14
အသက်ကြီးသူတို့သည် မြို့တံခါးဝ၌လည်းကောင်း၊ လူပျိုတို့သည် ပွဲသဘင်၌လည်းကောင်း ကွယ်ပျောက်ကြပါ၏။
15
အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်းရှိကြပါ၏။
16
အကျွန်ုပ်တို့ဆောင်းသော သရဖူသည် ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာရှိကြပါ၏။
17
ထိုကြောင့် အကျွန်ုပ်တို့သည် စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်းမွဲကြပါ၏။
18
လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
19
အို ထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စအမြဲတည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏။
20
ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
21
အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကို အထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည် ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြုပြင်တော်မူပါ။
22
အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရှင်းရှင်းပယ်တော်မူမည်လော။ ပြင်းစွာ အမျက်ထွက်တော်မူမည်လော။ ပရောဖက်ယေရမိမြည်တမ်းသောစကားပြီး၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5