bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Lamentations 3
Lamentations 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
1
ငါသည် ဘုရားသခင်၏အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။
2
ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ ပို့ဆောင်တော်မူ၏။
3
အကယ်စင်စစ် ငါ့ကိုတစ်နေ့လုံး အထပ်ထပ် ဒဏ်ခတ်တော်မူ၏။
4
ငါ့အရေနှင့် အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။
5
ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
6
သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။
7
ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
8
ထိုမျှမက ငါသည်ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
9
ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
10
ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့လည်းကောင်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့လည်းကောင်း ဖြစ်တော်မူ၏။
11
ငါ့ကို လမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
12
လေးတော်ကိုတင်၍ ပြစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
13
မြားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်းစေတော်မူ၏။
14
ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တစ်နေ့လုံး သီချင်းဆိုစရာအကြောင်းဖြစ်ပါသည်တကား။
15
ခါးသောဆေးနှင့် ငါ့ကိုဖြည့်၍၊ ဒေါနနှင့် ယစ်မူးစေတော်မူ၏။
16
ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော်မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
17
ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့၏။
18
သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
19
အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကိုလည်းကောင်း၊ ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
20
ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။
21
ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။
22
ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
23
နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
24
ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။
25
ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
26
ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။
27
လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။
28
ထမ်းပိုးကို တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
29
မျှော်လင့်စရာအခွင့် ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
30
ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။
31
အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
32
ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
33
ဆင်းရဲစေချင်သော စိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည် မဟုတ်။
34
ချုပ်ထားသော ပြည်သားအပေါင်းတို့ကိုခြေနှင့် နင်းကြိတ်ခြင်းအမှု၊
35
လူခံထိုက်သောတရားကို အမြင့်ဆုံးသောဘုရားမျက်မှောက်၌ ဖျက်ခြင်းအမှု၊
36
သူတစ်ပါးကို မတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရား နှစ်သက်တော်မမူ။
37
ထာဝရဘုရား မှာထားတော်မမူဘဲ၊ အဘယ်သူသည်ပြော၍ တစ်စုံတစ်ခုကို ဖြစ်စေနိုင်သနည်း။
38
အမြင့်ဆုံးသောဘုရား၏ နှုတ်တော်ထွက်ရှိသည်အတိုင်း မင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။
39
အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
40
ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
41
ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင့်ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။
42
အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
43
အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တစ်ဖန် အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။
44
အကျွန်ုပ်တို့ ပတ္ထနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုးတိမ်ဖြင့် ကိုယ်ကို ကွယ်ကာတော်မူ၏။
45
အကျွန်ုပ်တို့ကို လူမျိုးတို့တွင် လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ရွံစရာအရာကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
46
ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။
47
အကျွန်ုပ်တို့သည် ကြောက်လန့်ဖွယ်သောအရာထဲသို့လည်းကောင်း၊ တွင်းထဲသို့လည်းကောင်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့လည်းကောင်း ရောက်ကြပါပြီ။
48
ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊
49
ငါ့မျက်စိသည် မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
50
ထာဝရဘုရားသည် ကောင်းကင်ကငုံ့ကြည့်၍ ရှုမှတ်တော်မမူမီတိုင်အောင်၊ ငါ့မျက်ရည်သည်ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
51
ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
52
အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။
53
မြေတွင်း၌ ငါ့အသက်ကိုဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။
54
ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။
55
အို ထာဝရဘုရား၊ နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုခေါ်ပါ၏။
56
အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
57
အကျွန်ုပ်သည် ကိုယ်တော်ကိုဟစ်ခေါ်သောအခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့်ဟု မိန့်တော်မူပြီ။
58
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနုတ်တော်မူပြီ။
59
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသောညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဖို့ တရားစီရင်တော်မူပါ။
60
သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
61
အို ထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်းနှင့် မကောင်းသောအကြံရှိသမျှကိုလည်းကောင်း၊
62
အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့၏အပြစ်တင်ခြင်း၊ အကျွန်ုပ်တစ်ဖက်၌ တစ်နေ့လုံး ကြံစည်ခြင်းကိုလည်းကောင်း ကိုယ်တော်ကြားတော်မူပြီ။
63
သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့ သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။
64
အို ထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
65
သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
66
အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 4 →
All chapters:
1
2
3
4
5