bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Matthew 11
Matthew 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
1
ထိုသို့ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို အကုန်အစင် မှာထားတော်မူပြီးလျှင်၊ မြို့ရွာများတို့၌ ဆုံးမဩဝါဒ ပေးခြင်းငှာလည်းကောင်း၊ သတင်းကြားပြောခြင်းငှာလည်းကောင်း၊ ထိုအရပ်မှ ကြွတော်မူ၏။
2
ခရစ်တော်ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။
3
သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။-
4
ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။-
5
မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။-
6
ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။-
7
ထိုသူတို့သည် သွားကြသည်နောက် ယေရှုသည် ယောဟန်ကိုအကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သော ကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။-
8
သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှာ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။-
9
ပရောဖက်ကို ကြည့်ရှုခြင်းငှာ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။-
10
ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေလွှတ်၏ဟု ဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။-
11
ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ်မထွန်းသေး။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ ကြီးမြတ်၏။-
12
ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက်ပြုကြ၏။ အနိုင်အထက်ပြုသောသူတို့သည်လည်း လုယူဝင်စားရကြ၏။-
13
ယောဟန်မရောက်မီတိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း ရှိသမျှတို့သည် ဆုံးမဩဝါဒပေးကြ၏။-
14
သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကား လာလတ္တံ့သော ဧလိယဖြစ်သတည်း။-
15
ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ။-
16
ဤလူမျိုးကို အဘယ်ဥပမာနှင့် ပုံပြရအံ့နည်း။ ပွဲသဘင်၌ထိုင်နေသော သူငယ်တို့သည် မိမိသူငယ်ချင်းတို့အား အသံကိုလွှင့်၍၊-
17
ငါတို့သည် သာယာစွာ တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။-
18
အကြောင်းမူကား၊ ယောဟန်သည် မစားမသောက်ဘဲ လာသည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုးစွဲသောသူ ပါတကားဟု ဆိုကြ၏။-
19
လူသားသည် စားသောက်လျက်လာသည်ရှိသော်၊ ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက် ကြူးသောသူပါတကား။ အခွန်ခံသောသူနှင့် ဆိုးသောသူတို့ကို မိတ်ဆွေဖွဲ့သောသူ ပါတကားဟု ဆိုပြန်ကြ၏။ သို့သော်လည်း ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် လွတ်သည် ဟု မိန့်တော်မူ၏။
20
ထိုအခါ များစွာသောတန်ခိုးတော်ကို ပြတော်မူသော မြို့ရွာတို့သည် နောင်တမရသောကြောင့်၊ ထိုမြို့တို့ကို ဤသို့ ကဲ့ရဲ့ပြစ်တင်တော်မူ၏။-
21
အို ခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဖူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကို ဝတ်၍၊ ပြာနှင့်လူးလျက် နောင်တ ရကြလိမ့်မည်။-
22
ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတ္တံ့။-
23
အို ကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင်တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလတ္တံ့။ အကြောင်းမူကား၊ သင်၌ပြသောတန်ခိုးကို သောဒုံမြို့၌ ပြုဖူးလျှင်၊ ထိုမြို့သည် ယခုတိုင်အောင်တည်ရာ၏။-
24
ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်သည် သောဒုံမြို့ထက် သာ၍ခံရလတ္တံ့ဟု မိန့်တော်မူ၏။-
25
ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသောအဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်းပါ၏။-
26
ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏အဘ။-
27
ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်ပေးတော်မူပြီ။ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်သည် လင်းစေလိုသော သူမှတစ်ပါး အဘယ်သူမျှ ခမည်းတော်ကိုမသိ။-
28
ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။-
29
ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။-
30
အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။-
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28