bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Matthew 27
Matthew 27
Burmese 2021
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
1
နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည် ယေရှုကို သတ်အံ့သောငှာ တိုင်ပင်၍၊-
2
ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။-
3
ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊-
4
အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊-
5
သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။-
6
ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊-
7
တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တစ်ပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ ထိုငွေနှင့် ဝယ်ကြ၏။-
8
ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။-
9
ပရောဖက်ယေရမိ ဟောသည်ကား၊ ဣသရေလလူတို့သည် အဖိုးဖြတ်သောသူ၏ ကိုယ်ဖိုးငွေသုံးဆယ်ကို သူတို့သည်ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊-
10
အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ရောက်လေ၏။
11
ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။-
12
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။-
13
ပိလတ်မင်းကလည်း၊ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊-
14
စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံ့ဩလေ၏။-
15
ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။-
16
ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။-
17
လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။-
18
အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။-
19
ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။-
20
လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။-
21
ထိုကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်းဟု လူများကို တစ်ဖန် မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။-
22
ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။-
23
မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။-
24
ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။-
25
ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။-
26
ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
27
ထိုအခါ မြို့ဝန်မင်း၏ စစ်သူရဲတို့သည် ယေရှုကို အိမ်တော်ဦးသို့ ဆောင်သွား၍ စစ်သူရဲတစ်တပ်လုံးကို အထံတော်၌ စုရုံးစေပြီးမှ၊-
28
အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။-
29
ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။-
30
ကိုယ်တော်ကို တံတွေးနှင့် ထွေးကြ၏။ ကျူလုံးကိုယူ၍ ခေါင်းတော်ကို ရိုက်ကြ၏။-
31
ထိုသို့ ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။-
32
သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေ ပြည်သားတစ်ယောက်ကို တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။-
33
ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အမည်တွင်သောအရပ်သို့ ရောက်ကြသော်၊-
34
ဆေးခါးနှင့် ရောသောပုံးရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင်၊ မြည်းစမ်းတော်မူ၍ မသောက်ချင်ဘဲ နေလေ၏။-
35
ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏။-
36
ထိုအရပ်၌လည်း ထိုင်လျက် စောင့်နေကြ၏။-
37
အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင် ယေရှုပေတည်းဟုရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။-
38
ထိုအခါ ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။
39
လမ်းမှာ သွားလာသောသူတို့ကလည်း၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ ကိုယ်ကိုကိုယ်ကယ်တင်လော့။-
40
ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့်ပြောဆိုကြ၏။-
41
ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။-
42
ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ဣသရေလရှင်ဘုရင်မှန်လျှင် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ။ ဆင်းလျှင် ငါတို့ယုံကြည်မည်။-
43
သူသည် ဘုရားသခင်ကို ကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟု ဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ရယ်ပြု၍ ပြောဆိုကြ၏။-
44
ထိုနည်းတူ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောဓားပြတို့သည်လည်း ကဲ့ရဲ့အပြစ်တင်ကြ၏။
45
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။-
46
သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။-
47
ထိုအရပ်၌ ရပ်နေသောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကိုခေါ်သည်ဟု ဆိုကြ၏။-
48
လူတစ်ယောက်သည် ချက်ချင်းပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလေ၏။-
49
ကြွင်းသောသူတို့က၊ ရှိစေတော့။ ဧလိယသည် သူ့ကိုကယ်တင်ခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆိုကြ၏။-
50
ယေရှုသည် ကြီးသောအသံနှင့် တစ်ဖန် ကြွေးကြော်ပြီးလျှင် အသက်တော်ကို လွှတ်တော်မူ၏။-
51
ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှအောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီး လှုပ်လေ၏။ ကျောက်များတို့သည်ကွဲပြားကြ၏။-
52
သင်္ချိုင်းတွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏ အလောင်းများစွာတို့သည် ထကြ၍၊-
53
ကိုယ်တော် ထမြောက်တော်မူသည်နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင်၊ လူများစွာတို့အား ထင်ရှားကြ၏။-
54
ယေရှုကိုစောင့်သော တပ်မှူးမှစ၍ စစ်သူရဲများတို့သည် မြေကြီးလှုပ်ခြင်းစသည်တို့ကို မြင်လျှင် အလွန်ထိတ်လန့်၍၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟု ဆိုကြ၏။-
55
ဂါလိလဲပြည်က ယေရှုနောက်တော်၌ အလုပ်အကျွေး လိုက်လာသော မိန်းမအများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။-
56
ထိုမိန်းမတို့တွင် မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သောမာရိနှင့် ဇေဗေဒဲ၏သားတို့၏အမိ ပါကြသတည်း။
57
ညအချိန်ရောက်မှ အရိမဿဲမြို့သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏တပည့်တော်ဖြစ်သည်နှင့်၊-
58
ပိလတ်မင်းထံသို့ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်းတော်ကို ပေးစေခြင်းငှာ အမိန့်တော်ရှိသော်၊-
59
ယောသပ်သည် အလောင်းတော်ကိုယူ၍ ဖြူစင်သောပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊-
60
ကျောက်၌ ထွင်းသော မိမိသင်္ချိုင်းတွင်းသစ်ထဲမှာ ထားလေ၏။ ကြီးစွာသော ကျောက်ကိုလည်း တွင်းဝ၌ လှိမ့်ထားပြီးမှ သွား၏။-
61
မာဂဒလမာရိနှင့် အခြားသောမာရိသည် ထိုအရပ်၌ သင်္ချိုင်းတော်ရှေ့မှာ ထိုင်လျက်နေရစ်ကြ၏။
62
အဖိတ်နေ့လွန်၍ နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည် ပိလတ်မင်းထံ၌ စုဝေး၍၊-
63
ထိုလှည့်ဖြားသောသူက၊ ငါသည် သုံးရက်မြောက်သောနေ့၌ ထမြောက်မည်ဟု မသေမီပြောသည်ကို အကျွန်ုပ်တို့ မှတ်မိပါပြီ။-
64
ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍ အလောင်းကို ခိုးယူပြီးလျှင်၊ သူသည် သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အား ပြောဆိုကြသော်၊ ရှေ့အမှားထက် နောက်အမှားသာ၍ ကြီးမည်ဟု စိုးရိမ်စရာအကြောင်း ရှိသည်ဖြစ်၍၊ သင်္ချိုင်းတွင်းကို သုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှာ အမိန့်ရှိတော်မူပါဟု လျှောက်ကြလျှင်၊-
65
ပိလတ်မင်းက၊ သင်တို့၌ လူစောင့်တစ်တပ်ရှိ၏။ သွားကြ၊ တတ်နိုင်သမျှအတိုင်း လုံခြုံစွာစောင့်စေကြဟု ဆိုလေ၏။-
66
ထိုသူတို့သည် သွား၍ ကျောက်ကို တံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သင်္ချိုင်းတွင်းတော်ကို လုံခြုံစွာပြုကြ၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28