bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Matthew 18
Matthew 18
Burmese 2021
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
1
ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊-
2
သူငယ်တစ်ယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့အလယ်၌ ထားပြီးမှ၊-
3
ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။-
4
ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်မိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့်မည်။-
5
အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သော သူငယ်တစ်စုံတစ်ယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။-
6
ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
7
မှားယွင်းစရာအကြောင်းများ ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။-
8
သင်၏လက်ခြေသည် သင့်ကို မှားယွင်းစေလျှင် လက်ခြေကို ဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။-
9
သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်ဖက်စုံနှင့် ငရဲမီးထဲသို့ချခြင်းကို ခံရသည်ထက် မျက်စိတစ်ဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။
10
သင်တို့သည် ဤသူငယ် တစ်စုံတစ်ယောက်ကို မထီမဲ့မြင် မပြုမည်အကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား၊ သူတို့၏ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။-
11
ထိုမှတစ်ပါး လူသားသည် ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
12
အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။-
13
တွေ့ပြီးလျှင်၊ လမ်းမလွဲ မပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတစ်ကောင်၌ သာ၍ ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။-
14
ထိုနည်းတူ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။
15
ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်၊ သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကို ကိုရပြီ။-
16
သို့မဟုတ် သင်၏စကားကို နားမထောင်လျှင်။ လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကို ခေါ်ဦးလော့။-
17
ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင်၊ သာသနာပလူ ကဲ့သို့လည်းကောင်း၊ အခွန်ခံ ကဲ့သို့လည်းကောင်း ထိုသူကိုမှတ်လော့။-
18
ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။-
19
တစ်ဖန် ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတ္တံ့။-
20
အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ င်ရှိသည်ဟုမိန့်တော်မူ၏။
21
ထိုအခါ ပေတရုသည် ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ် လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည် ငါမဆို။-
22
အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။-
23
ထိုကြောင့် ကောင်းကင်နိုင်ငံတော်သည်၊ မိမိကျွန်များတို့ကို စာရင်းယူခြင်းငှာ အလိုရှိသောမင်းကြီး တစ်ဦးနှင့် တူ၏။-
24
စာရင်းယူစဉ်တွင်၊ ငွေအခွက်တစ်သိန်းကြွေးတင်သောသူတစ်ယောက်ကို ရှေ့တော်သို့ဆောင်ခဲ့ကြ၏။-
25
ထိုသူသည် ကြွေးဆပ်ရန်မရှိသောကြောင့်၊ ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။-
26
ထိုကျွန်သည် ညွတ်ပျပ်ဝပ်တွားလျက်၊ သခင်၊ ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု လျှောက်လျှင်၊-
27
သူ၏သခင်သည် သနားခြင်းရှိသဖြင့် ကြွေးရှိသမျှကိုလွှတ်၍ ချမ်းသာပေးလေ၏။
28
ထိုကျွန်သည် ထွက်သွားရာတွင် မိမိငွေဒေနာရိတစ်ရာ ကြွေးတင်သော ကျွန်ချင်းတစ်ယောက်ကို တွေ့လျှင်၊ လည်ပင်းကိုကိုင်ညှစ်၍ ငါ့ငွေကိုဆပ်ပေးလော့ဟု ဆို၏။-
29
ထိုကျွန်ချင်းသည် ကျွေးရှင်၏ခြေရင်း၌ ပျပ်ဝပ်လျက် ကျွန်တော်ကို သည်းခံတော်မူပါ။ ကြွေးရှိသမျှကို ဆပ်ပါမည်ဟု တောင်းပန်သော်လည်း၊-
30
ငွေရှင်သည် နားမထောင်ဘဲသွား၍ ကြွေးကိုမဆပ်မီတိုင်အောင် သူ့ကိုထောင်ထဲမှာ လှောင်ထား၏။-
31
ထိုအမှုအရာကို အခြားသောကျွန်ချင်းတို့သည် မြင်လျှင် အလွန်နာကြည်းသောစိတ်နှင့် သွား၍၊ ပြုလေသမျှတို့ကို မိမိတို့သခင်၌ ကြားလျှောက်ကြ၏။-
32
ထိုအခါ သခင်သည် ထိုကျွန်ကိုခေါ်၍၊ ဟယ် ဆိုးညစ်သောကျွန်၊ သင်သည် ငါ့ကိုတောင်းပန်သောကြောင့် သင်၌တင်သမျှသောကြွေးကို ငါရှင်းလင်းစေ၏။-
33
ငါသည် သင့်ကိုသနားသကဲ့သို့ သင်သည်လည်း ကျွန်ချင်းကို မသနားအပ်သလောဟု ဆိုလျက်၊-
34
အမျက်ထွက်၍ ကြွေးရှိသမျှကို မဆပ်မီတိုင်အောင် အာဏာသားတို့လက်ကို အပ်လေ၏။-
35
သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတ္တံ့ဟု မိန့်တော်မူ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28