bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Romans 15
Romans 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
သို့ဖြစ်၍၊ အားရှိသောငါတို့သည် ကိုယ်အလိုသို့မလိုက်၊ အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံရကြမည်။-
2
ထိုသို့ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏အကျိုးကို ထောက်၍၊ သူ့ကိုတည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့။-
3
အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလိုသို့ မလိုက်။ ကျမ်းစာလာသည်အတိုင်း ကဲ့ရဲ့ခြင်းကို ခံတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာသတည်း။-
4
ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထားသတည်း။-
5
သင်တို့သည် ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြွက်၍ ချီးမွမ်းစေခြင်းငှာ၊-
6
ယေရှုခရစ်၏အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း ရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
7
ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့။
8
တစ်ဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများခံရသော ကတိတော်တို့ကို တည်စေခြင်းငှာ၊-
9
အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါးအမျိုးသားတို့သည်လည်း၊ ဘုရားသခင်၏ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း၍၊ နာမတော်ကို ထောမနာသီချင်း ဆိုပါမည်ဟု လာသတည်း။-
10
တစ်ဖန်လာသည်ကား၊ တစ်ပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့ဟုလာ၏။-
11
တစ်ဖန်ကား၊ လူမျိုးအပေါင်းတို့၊ ထာဝရဘုရားကို ချီးမွမ်းကြလော့။ လူအနွယ်အပေါင်းတို့၊ အလွန်ချီးမွမ်းကြလော့ဟုလာ၏။-
12
တစ်ဖန် ဟေရှာယဆိုသည်ကား၊ ယေရှဲ၏အမြစ်ပေါက်၍ တစ်ပါးအမျိုးသားတို့ကို အုပ်စိုးခြင်းငှာ ပေါ်ထွန်းသောသူ ဖြစ်လိမ့်မည်။ ထိုသူကို တစ်ပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟု ဆိုသတည်း။-
13
သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မျှော်လင့်ခြင်းပါရမီနှင့် ကြွယ်ဝစေခြင်းငှာ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့် ပြည့်စုံမည်အကြောင်း၊ မျှော်လင့်ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
14
ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသောပကတိသဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်းဆုံးမခြင်းငှာ တတ်နိုင်သည်ကို ငါသဘောကျလျက်ရှိ၏။-
15
သို့သော်လည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဖွယ်ရာ ပူဇော်သကာတည်းဟူသော တစ်ပါးအမျိုးတို့ကို ပူဇော်ခြင်းငှာ ငါသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဟောပြောသောအမှုကို ဆောင်ရွက်၍၊ တစ်ပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင်ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော ကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက် သာ၍ရဲရင့်စွာ ရေးလိုက်ပါ၏။-
17
ထိုကြောင့်၊ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ငါသည် ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းရှိ၏။-
18
တစ်ပါးအမျိုးသားတို့သည် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း၊ နားထောင်စေခြင်းငှာ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကို ပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။-
20
ထိုသို့ အခြားသူတည်သော တိုက်မြစ်အပေါ်မှာ ငါထပ်၍ မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဖူးသောအရပ်၌ ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ်လေ့ရှိ၏။-
21
ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုသူ၏အကြောင်းကို အဘယ်သူမျှမပြဖူးသော်လည်း၊ သူတို့သည် မြင်ကြလိမ့်မည်။ မကြားဖူးသောသူတို့သည် နားလည်ကြလိမ့်မည်ဟု လာသတည်း။
22
ထိုကြောင့် သင်တို့ရှိရာသို့ ငါလာရသောအခွင့် မရှိ။ အဆီးအတား များလှပြီ။-
23
ယခုမူကား၊ ဤအရပ်တို့၌ အခွင့်မရသည်ဖြစ်၍၊ သင်တို့ရှိရာသို့သွားခြင်းငှာ တာရှည်စွာ ကာလပတ်လုံး အလိုရှိသောကြောင့်၊-
24
စပါနိပြည်သို့ငါသွားသောအခါ၊ လမ်းခရီး၌ သင်တို့ကို တွေ့မြင်၍ သင်တို့နှင့်အတူပေါင်းဖော်လျက် အတန်အရာ အလိုပြည့်စုံပြီးမှ၊ ထိုပြည်သို့ သင်တို့ ပို့ဆောင်ခြင်းကျေးဇူးကိုခံမည်ဟု မျှော်လင့်၏။-
25
ယခုအခါ သန့်ရှင်းသူတို့ကိုလုပ်ကျွေး၍၊ ယေရုရှလင်မြို့သို့ ငါသွားရမည်။-
26
အကြောင်းမူကား၊ မာကေဒေါနိပြည်သားတို့နှင့် အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌ ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကိုဝေမျှ၍ စေတနာစိတ်နှင့် လှူကြပြီ။-
27
စေတနာစိတ်ရှိသည်ဟု ဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူ ဖြစ်ကြ၏။ အကြောင်းမူကား၊ တစ်ပါးအမျိုးသားတို့သည် ဓမ္မဥစ္စာကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ၍ခံရသည်မှန်လျှင်၊ လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။-
28
ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍ ဤအလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့အနားမှာ လျှောက်၍ စပါနိပြည်သို့သွားမည်။-
29
သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ပါသော ကောင်းချီးမင်္ဂလာပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။
30
ငါသည် ဘုရားသခင်၏ အလိုတော်အတိုင်း ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိရာသို့ ရောက်၍ သင်တို့နှင့်အတူ သက်သာခြင်းကို ခံစားလိုသောငှာ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့လက်မှ ငါလွတ်မည်အကြောင်း၊ ယေရုရှလင်မြို့အား ငါလုပ်ကျွေးခြင်းအမှုကို သန့်ရှင်းသူတို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့၊ သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍ ငါ့အဖို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုကြလော့ဟု ငါတို့သခင်ယေရှုခရစ်နှင့် ဝိညာဉ်တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပါ၏။-
32
ငြိမ်သက်ခြင်း၏အရှင်၊ ဘုရားသခင်သည် သင်တို့ရှိသမျှနှင့်အတူ တည်နေတော်မူပါစေသော။ အာမင်။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16