bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Romans 6
Romans 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
1
ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့်၍ နေရမည်လော။-
2
ထိုသို့မနေရ။ အပြစ်တရားမှ စုတေသောသူတို့သည် ထိုတရား၌ အဘယ်သို့ ရှင်ရဦးမည်နည်း။-
3
ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့ မသိသလော။-
4
ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရကြသတည်း။-
5
တစ်နည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင်၊ ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်။-
6
ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှာ၊ အပြစ်တရား၏ကိုယ်ကို ဖျက်ဆီးမည်အကြောင်းတည်း။-
7
သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။-
8
ခရစ်တော်သည် သေခြင်းမှထမြောက်သောအခါ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်တော်မူ၏။-
9
သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့် အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။-
10
ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။-
11
ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍လည်းကောင်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။
12
ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။-
13
သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။-
14
ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
15
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။-
16
အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင်၍ အစေခံ၏၊ ထိုသူသည် သေခြင်းနှင့်ယှဉ်သော အပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင်ခြင်း တရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မသိကြသလော။-
17
သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဖူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။-
18
သင်တို့သည် အပြစ်တရား၏လက်မှ လွတ်ကြပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်ကြ၏။-
19
ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။-
20
သင်တို့သည် အပြစ်တရား၏ကျွန် ဖြစ်စဉ်ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။-
21
ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။-
22
ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန် ဖြစ်ကြသည်နှင့် အညီ၊ သန့်ရှင်းခြင်းအကျိုးကို ရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။-
23
အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16