bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Romans 9
Romans 9
Burmese 2021
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
1
ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊-
2
ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။-
3
အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည် ကိုယ်တိုင် ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏။-
4
ထိုသူတို့သည် ဣသရေလလူဖြစ်၍၊ သားအရာ၌ ချီးမြှောက်ခြင်းနှင့်လည်းကောင်း၊ ဘုန်းအာနုဘော်တော်နှင့်လည်းကောင်း၊ ပဋိညာဉ်တရားတို့နှင့်လည်းကောင်း၊ ပညတ်တရားထားခြင်းနှင့်လည်းကောင်း၊ ဝတ်ပြုခြင်းနှင့်လည်းကောင်း၊ ကတိတော်တို့နှင့်လည်းကောင်း၊ ဆိုင်ကြ၏။-
5
ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏အမျိုး ဖြစ်တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာတို့ကို အစိုးရတော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ အာမင်။
6
ထိုသို့ဆိုသော် ဘုရားသခင်၏ ကတိတော်မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ဣသရေလနှင့် ဆက်နွယ်သော သူအပေါင်းတို့သည် ဣသရေလလူမှန် မဟုတ်။-
7
ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏သားမှန် မဟုတ်။ ဣဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော်ရှိ၏။-
8
ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရားသခင်၏သားမှန် မဟုတ်။ ကတိတော်နှင့်ဆိုင်သော သားတို့သည် အမျိုးအနွယ်မှန်သည်ဟု မှတ်တော်မူ၏။-
9
ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။-
10
ထိုမျှမက၊ ရေဗက္ကသည် ငါတို့အဘဣဇာက်နှင့် စုံဖက်၍ ပဋိသန္ဓေစွဲယူသောအခါ၊-
11
ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊-
12
သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည်ဟု ထိုမိန်းမအား ဗျာဒိတ်ပေးတော်မူ၏။-
13
ထိုသို့နှင့်အညီ၊ ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏ဟု ကျမ်းစာလာသတည်း။
14
သို့ဖြစ်၍၊ အဘယ်သို့ ပြောရမည်နည်း။ ဘုရားသခင်သည် မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့မပြောရ။-
15
ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ သနားလိုသောသူကိုလည်း သနားမည်ဟု မောရှေကို မိန့်တော်မူ၏။-
16
ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။-
17
ကျမ်းစာ၌ ဖာရောဘုရင်ကိုဆိုသည်ကား၊ ငါ့တန်ခိုးကို သင်၌ ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီဟု ဆိုသတည်း။-
18
ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
19
သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဖူးသနည်းဟု ဆိုမည်လော။-
20
ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။-
21
အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။-
22
ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဖို့ ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဖွယ်ရှိအံ့နည်း။-
23
ချီးမြှောက်ခြင်းအဖို့ ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊-
24
ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ တစ်ပါးအမျိုးသားတို့အထဲမှ ပရောဖက်ဟောရှေဆိုသည်အတိုင်း ခေါ်တော်မူသော ငါတို့၌ ဘုန်းအာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဖွယ်ရှိအံ့နည်း။-
25
ဟောရှေ၏ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သောသူကို ငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍ ငါခေါ်မည်။-
26
သင်တို့သည် ငါ၏လူမဟုတ်ဟု ပြောဆိုရာအရပ်၌ နေသောသူတို့သည်၊ အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရကြလိမ့်မည်ဟု လာသတည်း။-
27
ပရောဖက်ဟေရှာယသည်လည်း၊ ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။-
28
အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှာ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်ဟု ဆိုသတည်း။-
29
ထိုသို့နှင့်အညီ၊ ဟေရှာယသည် အထက်က ဆိုပြန်သည်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေတော်မမူလျှင်၊ ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။
30
ထိုကြောင့်၊ အဘယ်သို့ပြောရမည်နည်း ဟူမူကား၊ ဖြောင့်မတ်ခြင်းကို မီအောင်မလိုက်သော တစ်ပါးအမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မီကြ၏။ ထိုသို့ဆိုသော်၊ ယုံကြည်ခြင်းအားဖြင့် မီသော ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။-
31
ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမီကြ။-
32
အဘယ်ကြောင့် မမီကြသနည်း။ ယုံကြည်ခြင်းအားဖြင့် မလိုက်၊ ပညတ်တရား၏ အကျင့်အားဖြင့်သာ လိုက်ကြသတည်း။-
33
ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာဟုလာသည်နှင့် အညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16