bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ruth 1
Ruth 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
1
တရားသူကြီးအုပ်စိုးသော ကာလ၊ တစ်ရံရောအခါ ဣသရေလပြည်၌ အစာအာဟာရခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တစ်ယောက်သည်၊ မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာ သွား၏။
2
ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍ နေကြ၏။
3
နောမိ၏ခင်ပွန်း ဧလိမလက်သည် သေ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။
4
သားတို့သည် မောဘပြည်သူ ဩရပနှင့်ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဖက်ခြင်းကိုပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊
5
ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။
6
တစ်ဖန် ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှ ပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
7
တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှာ သွားကြ၏။
8
သို့ရာတွင် ချွေးမနှစ်ယောက်တို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း၊ ကျေးဇူးပြုသည်နှင့်အညီ၊ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။
9
သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟု ဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလွှင့်၍ ငိုကြွေးလျက်၊
10
အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ၏။
11
နောမိကလည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။
12
ငါ့သမီးတို့ ပြန်သွားကြလော့။ ငါသည်အသက်အရွယ်လွန်၍ လင်နှင့်မနေသင့်။ သို့မဟုတ် မျှော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာ လင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင်လည်းကောင်း၊
13
ထိုသားတို့သည် ကြီးပွားသည်တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မျှော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟု ဆိုလေသော်၊
14
သူတို့သည် တစ်ဖန် အသံကိုလွှင့်၍ ငိုကြွေးကြ၏။ ထိုအခါဩရပသည် ယောက္ခမကိုနမ်း၍ မိမိအမျိုးသားတို့ထံ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။
15
နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊
16
ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။
17
ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတစ်ပါး၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မ ကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသောဟု ပြန်ဆို၏။
18
ရုသသည် လိုက်ခြင်းငှာ ခိုင်ခံ့သောစိတ်ရှိသည်ကို နောမိသည်သိမြင်သော် တိတ်ဆိတ်စွာနေလေ၏။
19
ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ ရောက်သောအခါ၊ တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍၊ ဤသူကား နောမိဟုတ်သလောဟု မေးကြ၏။
20
သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။
21
ငါသည် ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည် ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏။
22
ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည်ပြန်လာ၍၊ မုယောစပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ရောက်ကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 2 →
All chapters:
1
2
3
4