bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ruth 3
Ruth 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
တစ်ဖန် ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှာ ငြိမ်ဝပ်ရာအရပ်ကို သင့်အဖို့ ငါမရှာရသလော။
2
သင်ပေါင်းဖော်သော ကျွန်မတို့၏သခင် ဗောဇသည် ငါတို့ပေါက်ဖော်ဖြစ်သည် မဟုတ်လော။ ယနေ့ညမှာ ကောက်နယ်တလင်း၌ မုယောစပါးကို လှေ့လျက်နေ၏။
3
သင်သည် ရေချိုးခြင်း၊ ဆီလိမ်းခြင်း၊ အဝတ်တန်ဆာဆင်ခြင်းကို ပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့။ သူသည် စားသောက်ခြင်းအမှုကိုမပြီးမီ ကိုယ်ကိုမပြနှင့်။
4
သူအိပ်သောအခါ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှ ဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော်၊
5
ရုသက၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက်၊
6
ကောက်နယ်တလင်းသို့ သွား၍ ယောက္ခမမှာထားသမျှအတိုင်း ပြုလေ၏။
7
ဗောဇသည်စားသောက်၍ ရွှင်လန်းလျက်၊ စပါးပုံအနားသို့သွား၍ အိပ်သောအခါ၊ ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေ၌ဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏။
8
သန်းခေါင်အချိန်၌ ယောက်ျားသည်လန့်၍ လှည့်သဖြင့်၊ မိန်းမသည် ခြေရင်း၌ရှိသည်ကို သိလျက်၊
9
သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ ကျွန်မသည် ကိုယ်တော်၏ ကျွန်မရုသဖြစ်ပါ၏။ ကိုယ်တော်သည် ရွေးပိုင်သောအမျိုးသားချင်းဖြစ်သောကြောင့်၊ ကိုယ်တော်၏ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟု ဆိုသော်၊
10
သူက၊ ငါ့သမီး၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသော။ သင်သည် ငွေရတတ်သောလူပျို၊ ဆင်းရဲသောလူပျို တစ်စုံတစ်ယောက်ကို မမှီဝဲဘဲနေ၍၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသာ၍ကြီး၏။
11
မစိုးရိမ်နှင့် ငါ့သမီး။ တောင်းသမျှကို ငါပြုမည်။ သင်သည် သီလနှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တစ်မြို့လုံးသိ၏။
12
ငါသည်ရွေးပိုင်သော အမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက် ရှိသေး၏။
13
ယနေ့ညမှာ နေဦးတော့၊ ထိုသူသည် ရွေးပိုင်သောအမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ငါပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို၏။
14
ရုသသည် နံနက်တိုင်အောင် သူ့ခြေရင်းနားမှာအိပ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် သိနိုင်သောအချိန်မရောက်မီ ထလေ၏။ ယောက်ျားကလည်း၊ မိန်းမသည် ဤကောက်နယ်တလင်းသို့ လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟု ဆို၏။
15
တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။
16
ယောက္ခမထံသို့ ရောက်သောအခါ၊ ယောက္ခမက အဘယ်သို့နည်းဟု မေးလျှင်၊ မိမိ၌ထိုသူပြုသမျှကိုလည်းကောင်း၊
17
သူက၊ သင်သည် ယောက္ခမထံသို့ လက်ချည်းမသွားနှင့်ဟု ဆိုလျက် မုယောစပါး ခြောက်ဩမဲပေးကြောင်းကိုလည်းကောင်း ကြားပြောလေ၏။
18
ယောက္ခမကလည်း၊ ငါ့သမီး၊ ဤအမှုသည် အဘယ်သို့ပြီးလိမ့်မည်ကို မသိမီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမီ ငြိမ်ဝပ်စွာမနေဟု ပြောဆို၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4