bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ruth 4
Ruth 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ထိုအခါ ဗောဇသည် မြို့တံခါးဝသို့သွား၍ ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်း လျှောက်သွားသည်ကိုမြင်လျှင်၊ အိုမည်သူ၊ လှည့်၍ထိုင်ပါတော့ဟု ခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။
2
တစ်ဖန် မြို့သားအသက်ကြီးသူ တစ်ကျိပ်တို့ကိုခေါ်၍၊ သည်မှာထိုင်ပါတော့ဟု ဆိုသည်အတိုင်း သူတို့သည်လည်း ထိုင်ကြ၏။
3
အမျိုးသားချင်းကိုလည်း၊ မောဘပြည်မှပြန်လာသော နောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေအကွက်ကို ရောင်းမည်ဖြစ်၍၊
4
သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများရှေ့မှာ ဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင်ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ်အားကြားပြောပါတော့။ သင်မှတစ်ပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟု ဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။
5
ဗောဇကလည်း၊ ထိုလယ်ကွက်ကို နောမိလက်မှ ဝယ်သောနေ့ရက်တွင်၊ သေသောသူ၏ အမွေဥစ္စာအားဖြင့် သူ၏နာမည်ကို ထောက်မခြင်းငှာ၊ သူ၏မယား မောဘအမျိုးသမီး ရုသကိုလည်း ဝယ်ရသေးသည်ဟုဆိုသော်၊
6
အမျိုးသားချင်းက၊ ကျွန်ုပ်သည် ကိုယ်အဖို့မရွေးနိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေးနိုင်သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကို ကိုယ်အဖို့ရွေးပါတော့ဟု ပြန်ပြော၏။
7
ဣသရေလ ရှေးထုံးစံဟူမူကား၊ ရွေးခြင်းအမှု၊ ဥစ္စာလဲခြင်းအမှုကို မြဲမြံစေခြင်းငှာ တစ်ယောက်သောသူသည် မိမိခြေနင်းကိုချွတ်၍ တစ်ယောက်သောသူအား အပ်လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ၏။
8
သို့ဖြစ်၍ အမျိုးသားချင်းက၊ ကိုယ်အဖို့ဝယ်ပါတော့ဟု ဗောဇအားဆို၍ မိမိခြေနင်းကိုချွတ်၏။
9
ဗောဇကလည်း၊ ဧလိမလက်ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာ ဟူသမျှကို နောမိလက်မှငါဝယ်၍၊
10
သေသောသူ၏နာမည်ကို သူ၏ညီအစ်ကိုစုထဲကလည်းကောင်း၊ သူနေရာ မြို့တံခါးထဲကလည်းကောင်း မပြတ်စေခြင်းငှာ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည်အကြောင်း၊ မဟာလုန်၏မယား မောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အား ပြောဆို၏။
11
တံခါးဝ၌ရှိသော အသက်ကြီးသူများ၊ လူများအပေါင်းတို့ကလည်း၊ ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည်၊ ဣသရေလအမျိုးကို တည်ထောင်သော မိန်းမနှစ်ယောက်၊ ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့်ပြည့်စုံ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်း ရှိပါစေသော။
12
အသက်ပျိုသော ဤမိန်းမတွင်၊ ထာဝရဘုရား ပေးတော်မူလတ္တံ့သော မျိုးစေ့အားဖြင့် သင်၏အမျိုးအနွယ်သည် ယုဒမယားတာမာ ဖွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟု ပြောဆိုကြ၏။
13
ဗောဇသည် ရုသကိုသိမ်း၍ စုံဖက်လျက် ဆက်ဆံသောအခါ၊ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ရုသသည်ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။
14
မိန်းမတို့သည်လည်း နောမိအား၊ သင့်ကိုပြုစုသော အမျိုးသားချင်းကိုယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး၌ အသရေကျော်စောပါစေသော။
15
သူသည်သင်၏အသက်ကို ပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူ ဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနစ်ယောက်ထက် သင့်အဖို့သာ၍ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကို ဖွားမြင်ပြီဟု ပြောဆိုကြ၏။
16
နောမိသည် ထိုသူငယ်ကိုယူ၍ ပိုက်ချီလျက်ထိန်းလေ၏။
17
အိမ်နီးချင်း မိန်းမတို့ကလည်း၊ နောမိသည် သားယောက်ျားကိုရပြီဟု ဆိုလျက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှဲ။ ယေရှဲသားကားဒါဝိဒ်တည်း။
18
ဖာရက်၏ သားစဉ်မြေးဆက်ဟူမူကား၊ ဖာရက်သား ဟေဇရုံ၊
19
ဟေဇရုံသား အာရံ၊ အာရံသား အမိနဒပ်၊
20
အမိနဒပ်သား နာရှုန်၊ နာရှုန်သား စာလမုန်၊
21
စာလမုန်သား ဗောဇ၊ ဗောဇသား ဩဗက်၊
22
ဩဗက်သား ယေရှဲ၊ ယေရှဲသား ဒါဝိဒ်တည်း။ ရုသဝတ္တုပြီး၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4