bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Zechariah 13
Zechariah 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
1
ထိုကာလ၌ ဒါဝိဒ်မင်းမျိုးနှင့် ယေရုရှလင်မြို့သားတို့၏ ဒုစရိုက်အပြစ် အညစ်အကြေးကို ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်။
2
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏နာမများကို နောက်တစ်ဖန် အဘယ်သူမျှ မမှတ်မိစေခြင်းငှာ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ်သော သူတို့ကိုလည်းကောင်း၊ ညစ်ညူးသော ဝိညာဉ်ကိုလည်းကောင်း ပြည်တော်မှ နှင်ထုတ်မည်။
3
လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသားစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟု ဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။
4
ထိုကာလ၌ ပရောဖက်သည်ဟောပြောသောအခါ မိမိမြင်သော ရူပါရုံကြောင့် ရှက်လိမ့်မည်။ သူတစ်ပါးကို လှည့်စားမည့်အကြံနှင့် ကြမ်းတမ်းသော အဝတ်ကိုလည်း မဝတ်ရ။
5
အကျွန်ုပ်သည် ပရောဖက်မဟုတ်၊ လယ်လုပ်သောသူဖြစ်ပါ၏။ ငယ်သောအရွယ်မှစ၍ သူတစ်ပါး၌ ကျွန်ခံရပါပြီဟု ဝန်ခံလိမ့်မည်။
6
သူတစ်ပါးကလည်း၊ သင့်လက်၌ပေါ်သောဒဏ်ရာကား အဘယ်သို့နည်းဟုမေးလျှင် ဤဒဏ်ရာကား၊ ကျွန်ုပ်၏ အဆွေခင်ပွန်းအိမ်၌ ခံရသော ဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြောလိမ့်မည်။
7
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဓား၊ ငါ၏သိုးထိန်းတစ်ဖက်၊ ငါ၏အပေါင်းအဖော်ဖြစ်သောသူ တစ်ဖက်၌ နိုးလော့။ သိုးထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့လက်ကို တင်ဦးမည်။
8
ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး သုံးစုတွင် နှစ်စုကို ပယ်ဖြတ်၍ အသေခံရသဖြင့်၊ တစ်စုသာကျန်ကြွင်းရလိမ့်မည်။
9
ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14