bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Zechariah 5
Zechariah 5
Burmese 2021
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
1
တစ်ဖန်ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်၏။
2
ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်တစ်ဆယ်ရှိပါသည်ဟု လျှောက်၏။
3
ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တစ်ပြည်လုံးကို နှံ့ပြားသောကျိန်ခြင်းဖြစ်၏။ ခိုးတတ်သောသူ ရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှတို့သည်၊ ထိုစာစောင်တစ်ဖက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။
4
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဖော်မည်။ ခိုးတတ်သော သူ၏အိမ်ထဲသို့လည်းကောင်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့လည်းကောင်းဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့်တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
5
တစ်ဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့်လော့ဟု ငါ့အားဆိုလျှင်၊
6
ထိုအရာကား အဘယ်အရာနည်းဟု ငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုအရာသည် တစ်ပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ်သည် ဟူ၍လည်းကောင်း ဆို၏။
7
ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
8
ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟု ဆိုလျက်၊ သူ့ကို ဧဖာထဲကိုချထား၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။
9
တစ်ဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။
10
ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
11
ရှိနာပြည်၌ ဧဖာအဖို့ အိမ်ဆောက်ခြင်းငှာ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14