bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Zechariah 2
Zechariah 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
1
တစ်ဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကိုကိုင်သော လူတစ်ဦးကိုမြင်လျှင်၊
2
အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအားမေးသော်၊ ယေရုရှလင်မြို့ အလျားအနံကိုသိလို၍ မြို့ကို တိုင်းခြင်းငှာသွားသည်ဟု ပြန်ပြော၏။
3
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည်ထွက်သွားသော်၊ အခြားသောကောင်းကင်တမန်သည် ကြိုဆိုလျက်၊
4
သင်သည်ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန်များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
5
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် မြို့ကိုကာသော မီးမြို့ရိုးဖြစ်မည်။ မြို့အလယ်၌လည်း ငါသည် မြို့၏ဘုန်းအသရေဖြစ်မည်။
6
အချင်းတို့၊ အချင်းတို့၊ မြောက်မျက်နှာအရပ်မှ ပြေးလာကြလော့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ မိုးကောင်းကင်အောက် လေးမျက်နှာတို့၌ သင်တို့ကို ငါနှံ့ပြားစေပြီဟု၊ ထာဝရဘုရား မိန့်တော်မူ၏။
7
ဗာဗုလုန်မြို့သမီးထံမှာနေသော အချင်းဇိအုန် သတို့သမီး၊ အလွတ်ပြေးလော့။
8
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ကို ဖျက်ဆီးသောလူမျိုးတို့ရှိရာသို့ ဘုန်းထင်ရှားပြီးမှ ငါ့ကို စေလွှတ်တော်မူ၏။ သင်တို့ကိုထိသောသူသည် မျက်ဆန်တော်ကို ထိသောသူဖြစ်၏။
9
သူတို့ကို ငါတိုက်၍ သူတို့၏ကျွန်များသည် လုယူဖျက်ဆီးကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
10
အို ဇိအုန်သတို့သမီး၊ သီချင်းဆို၍ ရွှင်လန်းလော့။ ငါလာ၍ သင့်အလယ်၌ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11
ထိုကာလ၌ လူမျိုးအများတို့သည် ထာဝရဘုရားဘက်သို့ဝင်စား၍ ငါ၏လူ ဖြစ်ကြလိမ့်မည်။ သင့်အလယ်၌ ငါနေမည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင့်ဆီသို့ စေလွှတ်တော်မူသည်ကို သင်သိရလိမ့်မည်။
12
ထာဝရဘုရားသည် သန့်ရှင်းသောပြည်၌ မိမိအဖို့ ယုဒပြည်ကို အမွေခံ၍ တစ်ဖန် ယေရုရှလင်မြို့ကို ရွေးချယ်တော်မူလိမ့်မည်။
13
အို လူသတ္တဝါအပေါင်းတို့၊ ထာဝရဘုရား ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ သန့်ရှင်းသော ကျိန်းဝပ်ရာဌာနတော်၌ ထတော်မူပြီ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14