bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Chronicles 23
2 Chronicles 23
Burmese (BCL) (Common Language Bible)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
1
ယောယဒသည်ခြောက်နှစ်မျှစောင့်ဆိုင်းနေ ပြီးနောက် အရေးယူဆောင်ရွက်ရန်အချိန်ကျ ပြီဖြစ်ကြောင်းဆုံးဖြတ်လျက် တပ်မတော် အရာရှိငါးဦးဖြစ်ကြသောယေရောဟံ ၏သားအာဇရိ၊ ယောဟနန်၏သားဣရှမေလ၊ သြဗက်၏သားအာဇရိ၊ အဒါယ၏သား မာသေယ၊ ဇိခရိသားဧလိရှဖတ်တို့ နှင့်သဘောတူညီချက်ရပြီးနောက်၊-
2
သူတို့သည်ယုဒမြို့ရှိသမျှသို့သွား၍ လေဝိအနွယ်ဝင်များ၊ သားချင်းစုခေါင်း ဆောင်အပေါင်းကိုယေရုရှလင်မြို့သို့ ခေါ်ဆောင်ခဲ့ကြ၏။
3
ထိုသူတို့သည်ဗိမာန်တော်တွင်စုဝေး၍ ဘုရင့် သားတော်ယောရှနှင့်ပဋိညာဉ်ပြုကြ၏။ ယော ယဒကသူတို့အား``ကွယ်လွန်သောဘုရင် ၏သားတော်သည်ဤတွင်ရှိပါ၏။ ဒါဝိဒ်မင်း ၏သားမြေးများအတွက် ထာဝရဘုရား ကတိထားတော်မူခဲ့သည့်အတိုင်းသူသည် ယခုနန်းတက်ရမည်ဖြစ်သည်။-
4
ငါတို့အဘယ်သို့ဆောင်ရွက်ရကြမည်ကို ဖော်ပြပါအံ့။ ဥပုသ်နေ့၌တာဝန်ကျ၍ ရောက်ရှိလာသောလေဝိအနွယ်ဝင်တို့ အနက်သုံးပုံတစ်ပုံမှာဗိမာန်တော်အဝင် တံခါးကိုစောင့်ကြပ်ရကြမည်။-
5
အခြားသုံးပုံတစ်ပုံသည်နန်းတော်ကို လည်းကောင်း၊ ကျန်သုံးပုံတစ်ပုံသည်မြင်း တံခါးကိုလည်းကောင်းစောင့်ကြပ်ရမည်။ လူအပေါင်းတို့ကဗိမာန်တော်ဝင်းအတွင်း ၌စုရုံးရကြမည်။-
6
တာဝန်ကျသူယဇ်ပုရောဟိတ်များနှင့် လေဝိအနွယ်ဝင်များမှတစ်ပါး အဘယ်သူ မျှဗိမာန်တော်အဆောက်အအုံများထဲ သို့မဝင်ရ။ ထိုသူတို့သည်ထာဝရဘုရား အားဆက်ကပ်ပူဇော်ထားသူများဖြစ် သဖြင့် ဝင်နိုင်ခွင့်ရှိသော်လည်းအခြား သူအပေါင်းတို့မူကားအပြင်တွင် နေရကြမည်။-
7
လေဝိအနွယ်ဝင်တို့သည်မင်းလောင်း၏ပတ် လည်တွင် ဋ္ဌားလွတ်များကိုကိုင်၍စောင့်ကြပ် ရကြမည်။ မင်းလောင်းသွားလေရာသို့လိုက် ရကြမည်။ ဗိမာန်တော်သို့ဝင်ရန်ကြိုးစားသူ ဟူသမျှကိုသတ်ရမည်'' ဟုမှာကြားထား လေသည်။
8
လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။-
9
ယောယဒသည်ဗိမာန်တော်တွင်ဒါဝိဒ်ထား ရှိသည့်လှံများနှင့် ဒိုင်းလွှားများကိုအစောင့် တပ်မှူးတို့အားပေးအပ်လေသည်။-
10
သူသည်မင်းလောင်းအားစောင့်ရှောက်ကြည့်ရှုရန် ဋ္ဌားလွတ်ကိုင်တပ်သားများကိုဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်နေရာယူစေ၏။-
11
ထိုနောက်ယောယဒသည်ယောရှအားထုတ် ဆောင်လာကာ သရဖူကိုဆောင်းပေးပြီးလျှင် မင်းကျင့်တရားကျမ်းကိုပေးအပ်လေသည်။ ဤသို့ဖြင့်ယောရှကိုမင်းမြှောက်ကြ၏။ ယဇ် ပုရောဟိတ်ယောယဒနှင့်သူ၏သားတို့သည် ယောရှအား ဘိသိက်ပေးပြီးကြသောအခါ လူအပေါင်းတို့က``မင်းကြီးသက်တော်ရှည် ပါစေသော'' ဟုကြွေးကြော်ကြကုန်၏။
12
အာသလိသည်မင်းကြီးအား လူတို့သြဘာ ပေးသံကိုကြားသဖြင့်လူတို့စုဝေးလျက် ရှိရာ ဗိမာန်တော်သို့အဆောတလျင်ရောက် လာသော်၊-
13
တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ ခြံရံလျက် ဗိမာန်တော်အဝင်ဝရှိကျောက် တိုင်အနီးတွင်ဘုရင်တို့အတွက် သီးသန့် ထားသည့်နေရာတွင်ရပ်နေသောဘုရင်သစ် ကိုတွေ့မြင်လေ၏။ လူအပေါင်းတို့သည်ဝမ်း မြောက်စွာကြွေးကြော်လျက် တံပိုးခရာများ ကိုမှုတ်လျက်ဗိမာန်တော်ဂီတပညာသည် များကလည်း မိမိတို့တူရိယာများကို တီးမှုတ်လျက်ဘိသိက်ပွဲကိုကျင်းပနေ ကြ၏။ အာသလိသည်မိမိအဝတ်ကို ဆုတ်လျက်``ပုန်ကန်မှုပါတကား၊ ပုန်ကန် မှုပါတကား'' ဟုအော်ဟစ်၏။
14
ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌သတ်ဖြတ်သည်ကိုမလိုလား သဖြင့်``သူ့ကိုအစောင့်တပ်သားများအကြား မှထုတ်သွားကြလော့။ သူ့ကိုကယ်မည့်သူကို သတ်လော့'' ဟုတပ်မှူးတို့အားအမိန့်ပေး လေသည်။-
15
သူတို့သည်အာသလိကိုဖမ်းဆီး၍နန်း တော်သို့ထုတ်ပြီးလျှင် မြင်းတံခါးဝ၌ ကွပ်မျက်ကြ၏။
16
ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။-
17
သူတို့သည်ဗာလဘုရားဗိမာန်ကိုသွား ရောက်ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တု များကိုချိုးဖဲ့ကာ ယဇ်ပလ္လင်များရှေ့၌ဗာလ ယဇ်ပုရောဟိတ်မဿန်ကိုသတ်ကြ၏။-
18
ယောယဒသည်ယဇ်ပုရောဟိတ်များနှင့် လေဝိ အနွယ်ဝင်တို့အား ဗိမာန်တော်ဆိုင်ရာအမှု များကိုဆောင်ရွက်ရန်တာဝန်ပေးအပ်လေသည်။ သူတို့သည်ဒါဝိဒ်မင်းခွဲဝေသတ်မှတ်ပေးခဲ့ သည့် တာဝန်ဝတ္တရားများကိုဆောင်ရွက်၍ မောရှေ၏ပညတ်ကျမ်းအရမီးရှို့ရာယဇ် များကိုထာဝရဘုရားအားပူဇော်ကြ၏။ သူတို့သည်ဂီတသီဆိုတီးမှုတ်မှုများနှင့် ပွဲကျင်းပမှုများအတွက်လည်းတာဝန် ယူရကြမည်။-
19
ယောယဒသည်ဗိမာန်တော်ထဲသို့ဘာသာရေး ထုံးနည်းအရ မသန့်စင်သူတစ်စုံတစ်ယောက် မျှမဝင်နိုင်စေရန်တံခါးဝတွင်အစောင့် များကိုချထားလေသည်။-
20
တပ်မတော်အရာရှိများ၊ မြို့မိမြို့ဖများ၊ မှူးမတ်များနှင့် အခြားပြည်သူအပေါင်းတို့ သည်ယောယဒနှင့်အတူလိုက်ပါ၍ မင်းကြီး အားဗိမာန်တော်မှနန်းတော်သို့တံခါး မကြီးလမ်းဖြင့်ပို့ဆောင်၍မင်းကြီးကို ရာဇပလ္လင်ထက်တင်ကြ၏။-
21
အာသလိကိုကွပ်မျက်နှင့်ပြီးဖြစ်၍ပြည်သူ အပေါင်းတို့သည် ဝမ်းမြောက်လျက်မြို့တော် သည်ငြိမ်းချမ်းလေ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36