bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Chronicles 30
2 Chronicles 30
Burmese (BCL) (Common Language Bible)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 31 →
1
ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။-
4
မင်းကြီးနှင့်ပြည်သူတို့သည်မိမိတို့ အကြံအစည်ကိုနှစ်သက်ကြသဖြင့်၊-
5
ပညတ်တရားတော်နှင့်အညီပသခါပွဲ တော်ကို ယခင်အခါများထက်ပိုမိုစည် ကားစွာကျင်းပနိုင်ရန်မြောက်ဘက်ရှိဒန် မြို့မှ တောင်ဘက်ရှိဗေရရှေဗမြို့တိုင် အောင်ရှိသမျှသော ဣသရေလအမျိုး သားအပေါင်းတို့အားယေရုရှလင် မြို့သို့ဖိတ်ခေါ်၏။-
6
မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
7
သင်တို့သည်ဘုရားသခင်ထာဝရဘုရား ကို သစ္စာဖောက်သူဘိုးဘေးများနှင့်အခြား ဣသရေလအမျိုးသားတို့ကဲ့သို့မပြု ကြနှင့်။ သင်တို့သိရှိကြသည့်အတိုင်း ကိုယ် တော်သည် ထိုသူတို့အားအပြစ်ဒဏ်ခတ် တော်မူခဲ့၏။-
8
သင်တို့သည်သူတို့ကဲ့သို့ခေါင်းမမာကြ နှင့်။ ထာဝရဘုရား၏စကားတော်ကိုနား ထောင်ကြလော့။ သင်တို့သည်သင်တို့ဘုရားသခင်ထာဝရဘုရားထာဝစဉ်သီးသန့် ထားတော်မူသောယေရုရှလင်မြို့ဗိမာန် တော်သို့လာ၍ ကိုယ်တော်အားကိုးကွယ် ဝတ်ပြုကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအမျက်ထွက်တော်မူ တော့မည်မဟုတ်။-
9
သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။
10
စေတမန်တို့သည်ဧဖရိမ်နှင့်မနာရှေအနွယ် များ၏နယ်မြေများမြို့ရှိသမျှနှင့် မြောက်ဘက် ဇာဗုလုန်နယ်မြေသို့သွားရောက်ကြသော်လည်း လူတို့သည်သူတို့အားပြက်ရယ်ပြုကာပြောင် လှောင်ကြလေသည်။-
11
သို့သော်အာရှာ၊ မနာရှေနှင့်ဇာဗုလုန်အနွယ် ဝင်တို့အနက် အချို့သောသူတို့မူကား ယေရုရှလင်မြို့သို့လာရောက်ကြ၏။-
12
ထိုအပြင်မင်းကြီးနှင့်မှူးမတ်တို့ထုတ်ပြန် ကြေညာသည့်အမိန့်များကိုလိုက်နာသော အားဖြင့် လူတို့သည်တညီတညွတ်တည်း အလိုတော်ကိုလိုက်လျှောက်စေရန် ဘုရားသခင်သည်ယုဒပြည်သူတို့၏စိတ်ကိုပြု ပြင်ပေးတော်မူ၏။
13
ဒုတိယလ၌များစွာသောလူတို့သည် တဆေးမဲ့မုန့်ပွဲတော်ကျင်းပရန်အတွက် ယေရုရှလင်မြို့တွင်စုဝေးကြ၏။-
14
သူတို့သည်ယေရုရှလင်မြို့ရှိယဇ်များပူ ဇော်ရာနှင့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ရှိ သမျှကိုယူ၍ကေဒြုန်ချိုင့်ဝှမ်းထဲသို့ပစ် ချလိုက်ကြ၏။ လဆန်းတစ်ဆယ့်လေးရက် နေ့၌သူတို့သည် ပသခါယဇ်ပူဇော်ရန် အတွက်သိုးများကိုသတ်ကြလေသည်။-
15
ဘာသာရေးထုံးနည်းအရသန့်စင်မှုကိုမပြု ခဲ့သူ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့သည် လွန်စွာအရှက်ရ၍ မိမိတို့ကိုယ်ကို ထာဝရဘုရားအားဆက်ကပ်ကြသဖြင့် ယခု အခါဗိမာန်တော်တွင်မီးရှို့ရာယဇ်များကို ပူဇော်နိုင်ကြ၏။-
16
သူတို့သည်ဘုရားသခင်၏အစေခံမောရှေ စီရင်သည့်ပညတ်ကျမ်းတွင် ဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက်များနှင့်အညီဗိမာန်တော်တွင် နေရာယူကြ၏။ လေဝိအနွယ်ဝင်တို့က ယဇ်ကောင်များ၏သွေးကိုယဇ်ပုရောဟိတ် တို့အားပေးအပ်၍ ယဇ်ပုရောဟိတ်တို့က ထိုသွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်း ကြလေသည်။-
17
လူအမြောက်အမြားပင်လျှင်ဘာသာရေးထုံး နည်းအရမသန့်စင်သူများဖြစ်သဖြင့် ပသခါ သိုးတို့ကိုမသတ်နိုင်ကြ။ သို့ဖြစ်၍သူတို့ကိုယ် စားလေဝိအနွယ်ဝင်များကသိုးတို့ကိုသတ် ပြီးလျှင် ထာဝရဘုရားအားဆက်ကပ်ပူဇော် ပေးကြ၏။-
18
ဧဖရိမ်၊ မနာရှေ၊ ဣသခါနှင့်ဇာဗုလုန်နွယ် ဝင်အမြောက်အမြားမှာလည်းဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုမပြုဘဲပသခါ ပွဲတော်သို့ဝင်ရောက်ဆင်နွှဲကြသူများဖြစ် ပေသည်။ ထိုသူတို့အတွက်ဟေဇကိမင်းက၊-
19
``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
20
ထာဝရဘုရားသည်မင်းကြီး၏လျှောက်ထား ချက်ကိုနားညောင်းတော်မူလေသည်။ ကိုယ်တော် သည်လူတို့၏အပြစ်ကိုဖြေလွှတ်တော်မူ၍ သူတို့အားဘေးဥပဒ်ရောက်စေတော်မမူ။-
21
ယေရုရှလင်မြို့တွင်စုဝေးလျက်နေသော လူတို့သည် အလွန်ဝမ်းမြောက်ရွှင်လန်းစွာ ခုနစ်ရက်တိုင်တိုင်တဆေးမဲ့မုန့်ပွဲတော် ကိုကျင်းပကြကုန်၏။ လေဝိအနွယ်ဝင် များနှင့်ယဇ်ပုရောဟိတ်တို့သည်တစ်နေ့ပြီး တစ်နေ့ ထာဝရဘုရား၏ဂုဏ်တော်ကိုအစွမ်း ကုန်ချီးမွမ်းကြလေသည်။-
22
ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-
23
နောက်ထပ်ခုနစ်ရက်ကျင်းပရန်ဆုံးဖြတ်ကြ လျက် ထိုပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာ ဆက်လက်ကျင်းပကြကုန်၏။-
24
ဟေဇကိမင်းသည်လူတို့စားရန်အတွက် နွား ကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေခုနစ်ထောင် ကိုပေးလှူတော်မူ၏။ မှူးမတ်များကလည်း နွားကောင်ရေတစ်ထောင်နှင့်သိုးကောင်ရေတစ် သောင်းကိုပေးလှူကြလေသည်။ ယဇ်ပုရော ဟိတ်အမြောက်အမြားပင်ဘာသာရေး ထုံးနည်းအရသန့်စင်မှုကိုပြုကြကုန်၏။-
25
သို့ဖြစ်၍ယုဒပြည်သူများ၊ ယဇ်ပုရောဟိတ် များ၊ လေဝိအနွယ်ဝင်များ၊ မြောက်အရပ်မှလာ ရောက်ကြသူများ၊ ဣသရေလပြည်နှင့်ယုဒ ပြည်တွင်အတည်တကျနေထိုင်ကြသူ လူမျိုး ခြားများသည်အားရဝမ်းမြောက်ကြလေသည်။-
26
ယေရုရှလင်မြို့သူမြို့သားတို့သည်ဒါဝိဒ် ၏သားတော်ရှောလမုန်မင်းလက်ထက်မှစ၍ ယနေ့တိုင်အောင်ဤသို့သောပွဲမျိုးကိုမကျင်း ပဘူးကြသဖြင့်အတိုင်းထက်အလွန် ဝမ်းမြောက်ကြကုန်၏။-
27
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ သည်ပြည်သူတို့အတွက် ထာဝရဘုရားထံ တော်မှကောင်းချီးမင်္ဂလာကိုတောင်းလျှောက် ကြသဖြင့် ထာဝရဘုရားသည်စံတော်မူရာ ကောင်းကင်ဘုံမှသူတို့၏ပတ္ထနာကိုနား ညောင်းတော်မူ၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36