bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Chronicles 35
2 Chronicles 35
Burmese (BCL) (Common Language Bible)
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
1
ယောရှိမင်းသည်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းသည့်အနေဖြင့်ယေရုရှလင်မြို့ တွင် ပသခါပွဲတော်ကျင်းပ၍ပထမလ တစ်ဆယ့်လေးရက်နေ့၌ထိုပွဲတော်အတွက် သိုးနွားများကိုသတ်စေ၏။-
2
မင်းကြီးသည်ယဇ်ပုရောဟိတ်တို့အားဗိမာန် တော်တွင်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကိုသတ်မှတ်ပေးပြီးလျှင် ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ကြရန်အားပေး တိုက်တွန်းတော်မူ၏။-
3
ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-
4
ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းပေး အပ်တော်မူခဲ့သည့်တာဝန်ဝတ္တရားများအရ သားချင်းစုအလိုက်ဗိမာန်တော်တွင်နေရာ ယူရကြမည်။-
5
ယင်းသို့ပြုရာတွင်ဣသရေလအမျိုးသား အိမ်ထောင်စုတိုင်းကို သင်တို့အနက်အချို့တို့ သည်ကူညီမစနိုင်စေရန်စီစဉ်ဆောင်ရွက် ကြလော့။-
6
သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
7
ယောရှိမင်းသည်ပသခါပွဲတော်တွင်ပြည် သူတို့အသုံးပြုရန်အတွက် မိမိပိုင်သိုး ကြီးသိုးငယ်နှင့် ဆိတ်ငယ်ကောင်ရေသုံး သောင်း၊ နွားကောင်ရေသုံးထောင်ပေးလှူ တော်မူ၏။-
8
သူ၏မှူးမတ်များကလည်းပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အသုံးပြုရန်အတွက်ပေးလှူကြလေ သည်။ ဗိမာန်တော်မှူးများဖြစ်ကြသောယဇ် ပုရောဟိတ်မင်းဟိလခိ၊ ဇာခရိနှင့်ယေ ဟေလတို့သည်ယဇ်ပုရောဟိတ်တို့အား သိုးငယ်ဆိတ်ငယ်ကောင်ရေနှစ်သောင်းခြောက် ထောင်နှင့်နွားကောင်ရေသုံးရာကိုပွဲတော် အတွင်းယဇ်ပူဇော်ရန်ပေးလှူကြ၏။-
9
လေဝိအနွယ်ဝင်ခေါင်းဆောင်များဖြစ်ကြ သောကောနနိ၊ ရှေမာယ၊ ရှေမာယ၏ညီ နာသနေလ၊ ဟာရှဘိ၊ ယေယေလနှင့်ယော ဇဗဒ်တို့ကလည်းလေဝိအနွယ်ဝင်တို့ယဇ် ပူဇော်ရန်အတွက် သိုးငယ်ဆိတ်ငယ်ကောင် ရေငါးရာကိုပေးလှူကြ၏။
10
ပသခါပွဲတော်ကျင်းပရန်လိုအပ်သည့်ပြင် ဆင်မှုများပြုလုပ်ပြီးသောအခါယဇ်ပုရော ဟိတ်များနှင့် လေဝိအနွယ်ဝင်တို့သည် မင်းကြီး ၏အမိန့်တော်အတိုင်းမိမိတို့၏နေရာများ ကိုယူကြ၏။-
11
လေဝိအနွယ်ဝင်တို့သည်သိုးများဆိတ်များကို သတ်ပြီးနောက်အရေကိုခွာကြ၏။ ယဇ်ပုရော ဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင်သွေးကိုပက်ဖြန်း ကြ၏။-
12
ထိုနောက်သူတို့သည်မောရှေ၏ပညတ်ကျမ်း တွင်ညွှန်ကြားထားသည့်အတိုင်း မီးရှို့ရန် ယဇ်ကောင်များကိုပြည်သူတို့အားအိမ် ထောင်စုအလိုက်ခွဲဝေပေးကြ၏။-
13
လေဝိအနွယ်ဝင်တို့သည်သတ်မှတ်ထားသည့်စည်း မျဉ်းများအရပသခါယဇ်ကိုမီးတင်၍မြေ အိုး၊ သံကရား၊ သံဒယ်များနှင့်ပြုတ်ကြပြီး လျှင်ပြည်သူတို့အားအလျင်အမြန်ဝေပေး ကြ၏။-
14
ထိုနောက်လေဝိအနွယ်ဝင်တို့သည်မိမိတို့ အတွက်နှင့်အာရုန်မှဆင်းသက်သူ ယဇ်ပုရော ဟိတ်များအတွက်အသားများကိုပေးဝေ ကြလေသည်။ အဘယ်ကြောင့်ဆိုသော်ယဇ် ပုရောဟိတ်တို့သည်တစ်ကောင်လုံးမီးရှို့ ပူဇော်ရသောယဇ်များနှင့် ယဇ်ကောင်ဆီဥ များကိုမီးရှို့ပူဇော်ခြင်းဖြင့်ညဥ့်ဦးတိုင် အောင်အလုပ်များလျက်နေကြသော ကြောင့်ဖြစ်၏။-
15
အာသပ်သားချင်းစုမှဂီတပညာသည် များဖြစ်ကြသည့်အာသပ်၊ ဟေမန်နှင့်ဘုရင် ပရောဖက်ယေဒုသုန်တို့သည်ဒါဝိဒ်မင်း ညွှန်ကြားချက်အရ မိမိတို့နှင့်ဆိုင်ရာနေရာ များတွင်ရှိနေကြ၏။ ဗိမာန်တော်အစောင့် တပ်သားများသည်မိမိတို့အားသတ်မှတ် ချထားသည့်နေရာများမှထွက်ခွာကြရန် မလို။ အဘယ်ကြောင့်ဆိုသော်သူတို့အတွက် အခြားလေဝိအနွယ်ဝင်များက ပသခါ ညစာကိုပြင်ဆင်ပေးကြသောကြောင့် ဖြစ်၏။-
16
ထို့ကြောင့်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်မှု၊ ပသခါပွဲတော်ကျင်းပမှုနှင့်ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ရာပူဇော်သကာများ ကိုဆက်ကပ်မှုတို့အတွက် ယောရှိမင်း၏ အမိန့်တော်အတိုင်းနေ့ချင်းပြင်ဆင်ကြ၏။-
17
ထိုအရပ်၌ရှိကြကုန်သောဣသရေလပြည် သူအပေါင်းတို့သည် ပသခါပွဲတော်နှင့်တဆေး မဲ့မုန့်ပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ကျင်းပ ကြလေသည်။-
18
ပရောဖက်ရှမွေလလက်ထက်မှအစပြု၍ အဘယ်အခါ၌မျှပသခါပွဲတော်ကို ဤကဲ့ သို့ကျင်းပခဲ့ဘူးသည်မရှိ။ ယောရှိမင်းနန်းစံ တစ်ဆယ့်ရှစ်နှစ်မြောက်၌ယောရှိမင်းနှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ၊ ယုဒပြည်သူများ၊ ဣသရေလပြည်သူများ နှင့်ယေရုရှလင်မြို့သူမြို့သားများ ကျင်းပ ကြသည့်ပသခါပွဲတော်မျိုးကိုအခြား အဘယ်ဘုရင်မျှမကျင်းပခဲ့ဘူးချေ။
20
ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
21
နေခေါက``အို ယုဒမင်း၊ ယခုကျွန်ုပ်တိုက်သည့် စစ်ပွဲသည်အဆွေတော်နှင့်မည်သို့မျှမသက် ဆိုင်။ ကျွန်ုပ်သည်အဆွေတော်အားတိုက်ခိုက်ရန် လာသည်မဟုတ်။ ကျွန်ုပ်၏ရန်သူများကိုတိုက် ခိုက်ရန်သာလာရောက်ခြင်းဖြစ်၏။ ဘုရားသခင်ကဆောလျင်စွာတိုက်ခိုက်ရန်ကျွန်ုပ် အားမိန့်တော်မူပါ၏။ ကျွန်ုပ်၏ဘက်၌ရှိ တော်မူသောဘုရားသခင်အားဆန့်ကျင် ဘက်မပြုပါနှင့်။ သို့မဟုတ်လျှင်ဘုရားသခင်သည်အဆွေတော်ကိုသုတ်သင် ဖျက်ဆီးတော်မူပါလိမ့်မည်'' ဟုယောရှိ ထံသို့စေတမန်လွှတ်၍မှာလိုက်၏။-
22
သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။
23
တိုက်ပွဲဝင်နေစဉ်ယောရှိသည်အီဂျစ်လေးသည် တော်တို့၏မြားချက်ထိမှန်သဖြင့်``ငါသည် ပြင်းစွာဒဏ်ရာရပြီ။ ငါ့အားထုတ်ဆောင် သွားလော့'' ဟုမိန့်တော်မူ၏။-
24
သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
25
ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
26
ထာဝရဘုရားအားယောရှိဆည်းကပ်ပုံနှင့် ပညတ်တော်များကိုစောင့်ထိန်းပုံတို့ကို လည်းကောင်း၊-
27
သူ၏အတ္ထုပ္ပတ္တိအစအဆုံးနှင့်သူဆောင် ရွက်ခဲ့သည့်အမှုအရာအလုံးစုံတို့ကို လည်းကောင်းဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
← Chapter 34
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 36 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36