bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Hosea 12
Hosea 12
Burmese (BCL) (Common Language Bible)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 13 →
1
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
2
ထာဝရဘုရားသည်ယုဒပြည်သားတို့ ကိုစွဲချက်တင်တော်မူ၏။ ဣသရေလကို လည်းသူတို့၏အကျင့်ကြောင့်ဒဏ်ခတ် တော်မူမည်။ ကိုယ်တော်သည်သူတို့၏အပြု အမူအတိုင်းအကျိုးအပြစ်ကိုဆပ်ပေး မည်။-
3
သူတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အမိဝမ်းတွင်း၌ရှိစဉ်ကပင် အမြွှာအစ်ကို ဧသောနှင့်ရန်ဘက်ပြုခဲ့၏။ ယာကုပ်သည် ကြီးပြင်းလာသောအခါ ဘုရားသခင်ကို ဆန့်ကျင်၍ရန်ဘက်ပြုခဲ့၏။-
4
သူသည်ကောင်းကင်တမန်နှင့်ရန်ဘက်ပြု ၍အနိုင်ယူခဲ့သည်။ သူသည်ငို၍ကောင်းချီး မင်္ဂလာကိုတောင်းခံ၏။ ဗေသလမြို့တွင် ဘုရားသခင်သည်ယာကုပ်ထံသို့ကြွ လာ၍ဗျာဒိတ်ပေးတော်မူ၏။-
5
ထိုဘုရားသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ဘွဲ့ နာမတော်ကားထာဝရဘုရားဖြစ် သတည်း။-
6
ထို့ကြောင့်ယာကုပ်အနွယ်ဝင်တို့၊ သင်တို့ ၏ဘုရားသခင်ကိုယုံကြည်၍အထံ တော်သို့ပြန်ကြလော့၊ သစ္စာစောင့်လော့၊ ဖြောင့် မတ်စွာကျင့်လော့၊ သင်တို့၏ဘုရားသခင် ကိုစိတ်ရှည်စွာစောင့်စားလျက်နေကြလော့။
7
ထာဝရဘုရားက``ဣသရေလပြည်သား တို့သည်ခါနာန်အမျိုးသားတို့ကဲ့သို့ပင် မရိုးသားကြချေ။ သူတို့သည်မမှန်သော အလေးချိန်ခွင်ဖြင့်ဝယ်သူတို့အားရောင်း ချတတ်၏။-
8
သူတို့က`ငါတို့သည်ကြွယ်ဝချမ်းသာကြ၏။ ငွေကြေးအမြောက်အမြားစုဆောင်းမိပြီ။ မည်သူကမျှငါတို့အားမတရားရသော ငွေဖြင့်ကြွယ်ဝချမ်းသာသည်ဟုမစွပ်စွဲ နိုင်' ဟုဆိုကြ၏။-
9
သို့ရာတွင်သင်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ငါ ထာဝရဘုရားသည် သဲကန္တာရ၌သင် တို့တဲများနှင့်နေထိုင်သည်နည်းတူ ယခု တစ်ဖန်တဲများ၌နေထိုင်စေဦးမည်။
10
``ငါသည်ပရောဖက်တို့အားဗျာဒိတ်ပေး ၍ ရူပါရုံများစွာကိုမြင်စေခဲ့ပြီ။ သူတို့ အားဖြင့်ငါ၏လူမျိုးတော်ကိုသတိပေး ခဲ့ပြီ။-
11
သို့သော်လည်းသူတို့သည်ဂိလဒ်ပြည်တွင် ရုပ်တုများကိုကိုးကွယ်ကြ၏။ ထိုသို့ကိုး ကွယ်သူတို့သည်သေရမည်။ ဂိလဂါလ မြို့တွင်နွားများကိုယဇ်ပူဇော်ကြ၍ထို အရပ်၌ရှိသောယဇ်ပလ္လင်တို့သည်ကွင်း ပြင်များထဲတွင်ကျောက်ပုံများအဖြစ် ကျန်ရစ်လိမ့်မည်။''
12
ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
13
ထာဝရဘုရားသည်ဣသရေလပြည် သားတို့အားကျွန်ခံရာအီဂျစ်ပြည်မှ ထုတ်ဆောင်ရန်နှင့်စောင့်ရှောက်ရန်ပရောဖက် တစ်ပါးကိုစေလွှတ်တော်မူ၏။-
14
ဣသရေလပြည်သားတို့သည်ထာဝရ ဘုရားအား ခါးသီးစွာအမျက်ဒေါသ ထွက်စေ၏။ သူတို့၏ဒုစရိုက်အပြစ်များ ကြောင့်သေဒဏ်ခံသင့်ကြ၏။ သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကို ရှုတ်ချသောကြောင့် ကိုယ်တော်သည်သူတို့ ကိုဒဏ်ခတ်တော်မူလိမ့်မည်။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14