bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Hosea 5
Hosea 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
1
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
2
အကာရှာမြို့တွင်တူးထားသောကျင်း နက်ဖြစ်ကြပြီ။ ထို့ကြောင့်ငါသည်သင် တို့အားလုံးကိုဒဏ်ခတ်မည်။-
3
ငါသည်ဣသရေလအမျိုးသားတို့၏ အကြောင်းကိုသိသဖြင့် သူတို့၏ဒုစရိုက် ကိုဖုံးကွယ်၍မရနိုင်၊ သူတို့သည်ငါ့အား သစ္စာဖောက်သဖြင့် ငါနှင့်မထိုက်တန်တော့ ပြီ'' ဟုမိန့်တော်မူ၏။
4
``သူတို့သည်ဒုစရိုက်ကိုပြုသောကြောင့် သူတို့၏ဘုရားသခင်ထံသို့ပြန်၍မလာ နိုင်ကြ။ သူတို့သည်ရုပ်တုကိုးကွယ်ခြင်း ကိုစွဲလန်းကြသဖြင့် ထာဝရဘုရား ကိုမသိကြ။-
5
ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့တစ်ဘက်၌ သက်သေခံလိမ့်မည်။ သူတို့သည် မိမိတို့ ၏အပြစ်ကြောင့်ပြိုလဲကြ၏။ ယုဒပြည် သားတို့သည်လည်းသူတို့နှင့်အတူ ပြိုလဲကြ၏။-
6
သူတို့၏သိုးနွားများကိုထာဝရဘုရား အားယဇ်ပူဇော်ရန်ယူဆောင်ခဲ့ကြသော် လည်းအကျိုးမရှိ၊ ကိုယ်တော်သည်သူတို့ ကိုစွန့်ပစ်သွားပြီဖြစ်၍သူတို့သည် ကိုယ်တော်ကိုမတွေ့နိုင်ကြ။-
7
သူတို့သည်ထာဝရဘုရားအားသစ္စာဖောက် ကြပြီ။ သူတို့၏သားသမီးများသည်လည်း ကိုယ်တော်နှင့်ဆိုင်သောသားသမီးများမ ဟုတ်။ သို့ဖြစ်၍ဤသူတို့နှင့်သူတို့၏လယ် မြေများမကြာမီပျက်စီးကြလိမ့်မည်။''
8
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
9
အပြစ်ဒဏ်စီရင်ရာနေ့ရောက်လာပြီဖြစ် ၍၊ ဣသရေလအမျိုးသားတို့သည်ပျက် စီးရလိမ့်မည်။ ဣသရေလပြည်သားတို့၊ ဤအရာသည်မုချဖြစ်လိမ့်မည်။''
10
ထာဝရဘုရားက``ယုဒအမျိုးသား ခေါင်းဆောင်တို့သည်ဣသရေလနိုင်ငံ ကိုဝင်ရောက်တိုက်ခိုက်၍သူတို့၏မြေယာ ကိုခိုးယူကြသဖြင့် ငါသည်အမျက်ထွက် ၍ရေလွှမ်းမိုးဖျက်ဆီးသကဲ့သို့သူတို့ အားဒဏ်စီရင်မည်။-
11
ဣသရေလအမျိုးသားတို့သည်ညှင်းဆဲ နှိပ်စက်ခြင်းခံနေရကြ၏။ သူတို့သည် အကူအညီမပေးနိုင်သူရုပ်တုတို့ထံ မှ အကူအညီတောင်းခံရန်ဆန္ဒပြင်းပြ နေသည်။-
12
ငါသည်ဣသရေလနိုင်ငံသားတို့ကိုဖျက် ဆီး၍ယုဒပြည်သားတို့အားပျက်သုဉ်း စေမည်။''
13
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-
14
ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
15
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14