bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Hosea 8
Hosea 8
Burmese (BCL) (Common Language Bible)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
1
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
2
ငါ့အားသူတို့၏ဘုရားသခင်ဟူ၍လည်း ကောင်း၊ သူတို့သည်ငါ၏လူမျိုးတော်ဟူ၍ လည်းကောင်း၊ သူတို့သည်ငါ့ကိုသိသည် ဟူ၍လည်းကောင်းဆိုကြသော်လည်း၊-
3
သူတို့သည်မွန်မြတ်သောအရာကိုစွန့်ပစ် ကြပြီဖြစ်၍ ရန်သူများသည်သူတို့ကို လိုက်လံတိုက်ခိုက်ကြလိမ့်မည်။
4
` ``ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အလျောက်ရှင်ဘုရင်များကိုရွေးချယ်တင် မြှောက်ခဲ့ကြ၏။ ငါ၏သဘောတူညီချက် မရဘဲခေါင်းဆောင်များကိုခန့်ထားကြ၏။ မိမိတို့၏ရွှေငွေနှင့်ရုပ်တုများကိုသွန်း လုပ်သဖြင့် မိမိတို့၏ပျက်စီးရာပျက်စီး ကြောင်းကိုသာဖန်တီးကြ၏။-
5
ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
6
ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
7
သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
8
ဣသရေလနိုင်ငံသည်အခြားနိုင်ငံများ နှင့်မထူးခြားပေ။ အသုံးမကျသော အိုးကွဲနှင့်တူ၏။-
9
ဣသရေလပြည်သူတို့သည်ထိန်းချုပ်၍ မရသောမြည်းရိုင်းကဲ့သို့စိတ်ထင်ရာပြု လုပ်တတ်၏။ သူတို့သည်အာရှုရိပြည်သို့ သွား၍အကူအညီတောင်းခံကြ၏။ အခ ကြေးငွေပေး၍အခြားနိုင်ငံ၏ကာကွယ် ပေးမှုကိုခံယူကြ၏။-
10
သို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။
11
``အပြစ်ဖြေရန်အတွက်ဣသရေလပြည် သားတို့ယဇ်ပလ္လင်များများတည်ဆောက် လေလေ အပြစ်ပြုရာနေရာများလေလေ ဖြစ်လာလေပြီ။-
12
ငါသည်သူတို့အတွက်များစွာသောပညတ် များကိုရေးချပေးသော်လည်းသူတို့က ထိုပညတ်များသည်သူတို့နှင့်မဆိုင်၊ ထူး ဆန်းသည်ဟူ၍ပစ်ပယ်ကြ၏။-
13
သူတို့သည်ငါ့အားယဇ်ပူဇော်၍ယဇ်ကောင် ၏အသားကိုစားကြ၏။ သို့ရာတွင်ငါ ထာဝရဘုရားသည်သူတို့၏အပြုအစု ကိုနှစ်သက်တော်မမူ၊ ယခုငါသည်သူတို့ ၏အပြစ်ကိုသတိရ၍အပြစ်အတွက် ဒဏ်စီရင်မည်။ သူတို့ကိုအီဂျစ်ပြည်သို့ ပြန်ပို့မည်။
14
``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14