bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Joshua 15
Joshua 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
1
ယုဒအနွယ်ဝင်မိသားစုတို့ရရှိသော နယ်မြေမှာအောက်ပါအတိုင်းဖြစ်သည်။ ယုဒအနွယ်ဝင်တို့၏နယ်မြေသည်တောင် ဘက်သို့လားသော် ဧဒုံပြည်နယ်စပ်ရှိဇိန တောကန္တာရ၏တောင်ဘက်စွန်းသို့ရောက် သည်။-
2
တောင်ဘက်နယ်နိမိတ်သည်ပင်လယ်သေတောင် ဘက်စွန်းမှစ၍ တောင်ဘက်ရှိအကရဗ္ဗိမ် တောင်ကြားကိုဖြတ်ပြီးလျှင်ဇိနမြို့အထိ ရောက်သည်။ ထိုမှတစ်ဖန်ကာဒေရှဗာနာမြို့ ၏တောင်ဘက်သို့သွား၍ဟေဇရုန်မြို့ကိုဖြတ် လျက်အာဒါမြို့ဘက်သို့တက်ပြီးလျှင် ကာ ကာမြို့ဘက်သို့ကွေ့ပြီးနောက်အဇမုန်မြို့ သို့ရောက်လေသည်။ ထိုနောက်အီဂျစ်ပြည်နယ် စပ်ရှိချောင်းကိုလိုက်၍မြေထဲပင်လယ်တွင် အဆုံးသတ်သည်။ ဤကားယုဒနယ်မြေ၏ တောင်ဘက်နယ်နိမိတ်ဖြစ်သတည်း။
5
အရှေ့ဘက်နယ်နိမိတ်သည်ပင်လယ်သေ တောင်ဘက်စွန်းမှ ယော်ဒန်မြစ်စီးဝင်သည့် မြစ်ဝအထိဖြစ်သည်။ မြောက်ဘက်နယ်နိမိတ်သည်ထိုမြစ်ဝမှ အစပြု၍၊-
6
ဗေသောဂလမြို့သို့လည်းကောင်း၊ ထိုမှ တစ်ဖန်ဗောဟန်၏ကျောက်(ဗောဟန်သည် ရုဗင်၏သားဖြစ်သည်) သို့ရောက်ပြီးလျှင်၊-
7
ဒုက္ခဟုခေါ်သောချိုင့်ဝှမ်းမှဒေဗိရမြို့သို့တက် သွား၏။ ထိုနောက်ချိုင့်ဝှမ်းတောင်ဘက်တွင်ရှိ သောအဒုမ္မိမ်တောင်ကြားနှင့်မျက်နှာချင်းဆိုင် ဂိလဂါလမြို့ရှိရာမြောက်ဘက်သို့ကွေ့ သွား၏။ ထိုနောက်အင်ရှေမက်စမ်းရေတွင်း မှအင်္ရောဂေလမြို့သို့ရောက်ပြီးလျှင်၊-
8
ယေဗုသိအမျိုးသားတို့၏မြို့ဖြစ်သော ယေရုရှလင်မြို့တည်ရာ တောင်ကုန်းတောင် ဘက်ရှိဟိန္နုန်ချိုင့်ဝှမ်းအနောက်ဘက်တောင် ကုန်းကိုကျော်ဖြတ်သွား၏။-
9
ထိုမှတစ်ဖန်နေဖတောစမ်းရေတွင်းနှင့် ဧဖရုန်တောင်အနီးရှိမြို့များကိုဖြတ် ၍ဗာလာ(သို့မဟုတ်ကိရယတ်ယာရိမ်မြို့) သို့ကွေ့သွား၏။-
10
ထိုမြို့မှလှည့်ပြီးလျှင်အနောက်တောင်ကုန်း ဒေသသို့ရောက်၍ယာရိမ်တောင်(သို့မဟုတ် ခေသလုန်တောင်) မြောက်ဘက်မှအောက်ဘက် ရှိဗက်ရှေမက်မြို့သို့ရောက်ပြီးနောက် တိမနာမြို့ကိုဖြတ်၍သွားသည်။-
11
ထိုနောက်ဧကြုန်မြို့မြောက်ဘက်ရှိတောင်သို့ ရောက်ပြီးလျှင် ရှိကြုန်မြို့ဘက်သို့လှည့်၍ ဗာလာတောင်ကိုလွန်လျက်ယာဗနေလမြို့ သို့ရောက်သည်။ ထိုနောက်အနောက်ဘက်နယ် နိမိတ်ဖြစ်သောမြေထဲပင်လယ်တွင်အဆုံး သတ်သည်။ ယုဒအနွယ်ဝင်မိသားစုတို့သည်ဖော်ပြ ပါနယ်နိမိတ်များအတွင်း၌နေထိုင်ကြ သည်။
13
ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုသည် ယုဒအနွယ်ဝင်ယေဖုန္နာ၏သား ကာလက်အားယုဒအနွယ်ပိုင်နယ်မြေမှ ဟေဗြုန်မြို့ကိုခွဲဝေပေးလေသည်။ ဟေဗြုန် မြို့သည်အာနက၏ဖခင်အာဘ၏မြို့ဖြစ် သည်။-
14
ကာလက်သည်အာနက၏အဆက်အနွယ် များဖြစ်သောရှေရှဲသားချင်းစု၊ အဟိမန် သားချင်းစုနှင့်တာလမဲသားချင်းစုတို့ ကိုထိုမြို့မှနှင်ထုတ်လိုက်၏။-
15
သူသည်ထိုမြို့မှတစ်ဆင့်ဒေဗိရမြို့သို့ ချီတက်တိုက်ခိုက်လေသည်။ (ယခင်ကဒေဗိရ မြို့သည်ကိရယဿေဖာမြို့ဟုခေါ်တွင်သည်။-)
16
ကာလက်က``ကိရယဿေဖာမြို့ကိုသိမ်း ယူနိုင်သူအားငါ၏သမီးအာခသနှင့် ထိမ်းမြားပေးမည်'' ဟုဆိုလျှင်၊-
17
ကာလက်၏ညီကေနတ်၏သားသြသံ ယေလသည်ထိုမြို့ကိုသိမ်းယူနိုင်သဖြင့် သူ၏သမီးအာခသနှင့်ထိမ်းမြားလက် ထပ်ပေးလေသည်။-
18
ထိမ်းမြားမင်္ဂလာနေ့၌သြသံယေလသည် အာခသအားသူ၏ဖခင်ထံမှလယ်တစ် ကွက်တောင်းရန်တိုက်တွန်းလေသည်။ အာခသ သည်မြည်းပေါ်မှဆင်းလိုက်၏။ ထိုအခါ ကာလက်ကသူ၏သမီးအား``မည်သည့် အရာကိုအလိုရှိသနည်း'' ဟုမေးလျှင်-
19
သူက``ကိုယ်တော်လက်ဖွဲ့သောမြေသည်ခြောက် သွေ့သောအရပ်ဖြစ်ပါသည်။ စမ်းရေတွင်းများ ကိုလည်းပေးပါ'' ဟုတောင်း၏။ ထိုကြောင့် ကာလက်သည်သူ၏သမီးအားအထက်စမ်း ရေတွင်းနှင့်အောက်စမ်းရေတွင်းများကိုပေး လေ၏။
20
ယုဒအနွယ်ဝင်မိသားစုတို့ပိုင်ဆိုင်သော နယ်မြေသည်ကားဤသို့တည်း။-
21
ဧဒုံပြည်နယ်စပ်အနီးနယ်မြေ၏တောင် ဘက်စွန်းတွင် သူတို့ပိုင်သည့်မြို့များမှာကပ် ဇေလမြို့၊ ဧဒေရမြို့၊ ယာဂုရမြို့၊-
22
ကိနမြို့၊ ဒိမောနမြို့၊ အာဒဒါမြို့၊-ကေဒေရှ မြို့။ ဟာဇော်မြို့၊ ဣသနန်မြို့၊-ဇိဖမြို့၊ တေလင် မြို့၊ ဗာလုတ်မြို့၊-
25
ဟာဇော်ဟဒတ္တာမြို့၊ ကဲရိယောဟေဇရုန်မြို့ (သို့မဟုတ်ဟာဇော်မြို့၊-)
26
အာမန်မြို့၊ ရှေမမြို့၊ မောလဒမြို့၊- ဟာဇာဂဒ္ဒမြို့၊ ဟေရှမုန်မြို့၊ ဗက်ပါလက်မြို့၊- ဟာဇာရွှာလမြို့၊ ဗေရရှေဘမြို့၊ ဗိဇ္ဇောသယာ မြို့၊- ဗာလာမြို့၊ ဣအိမ်မြို့၊ အာဇင်မြို့၊-
30
ဧလတောလဒ်မြို့၊ ခေသိလမြို့၊ ဟောမာမြို့၊- ဇိကလတ်မြို့၊ မာဒမန္နာမြို့၊ သံသန္နာမြို့၊-
32
လေဗောက်မြို့၊ ရှိလဟိမ်မြို့၊ အအိန်မြို့နှင့် ရိမ္မုန်မြို့စသောမြို့ကြီးနှစ်ဆယ့်ကိုးမြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများဖြစ် သည်။
33
တောင်ခြေများရှိမြို့များမှာဧရှတောလ မြို့၊ ဇောရာမြို့၊ အာရှနာမြို့၊-
34
ဇာနောမြို့၊ အင်္ဂန္နိမ်မြို့၊ တာပွာမြို့၊ ဧနံမြို့၊- ယာမုတ်မြို့၊ အဒုလံမြို့၊ စောခေါမြို့၊ အဇေ ကာမြို့၊- ရှာရိမ်မြို့၊ အဒိသိမ်မြို့၊ ဂဒေရမြို့နှင့် ဂဒေရောသိမ်မြို့စသောမြို့ကြီးတစ်ဆယ် လေးမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိကျေးရွာ များဖြစ်သည်။
37
ထို့အပြင်ဇေနန်မြို့၊ ဟဒါရှမြို့၊ မိဂဒလ ဂဒ်မြို့၊-ဒိလန်မြို့၊ မိဇပါမြို့၊ ယောကသေလ မြို့၊- လာခိရှမြို့၊ ဗောဇကတ်မြို့၊ ဧကလုန်မြို့၊- ကဗ္ဗုန်၊ လာမံမြို့၊ ကိသလိတ်မြို့၊-
41
ဂဒေရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့နှင့်မက္ကဒါ မြို့စသောမြို့ကြီးများတစ်ဆယ်ခြောက်မြို့နှင့် တကွပတ်ဝန်းကျင်ရှိကျေးရွာများလည်း ပါဝင်လေသည်။
42
ထို့အပြင်လိဗနမြို့၊ ဧသာမြို့၊ အာရှန်မြို့၊- ယိဖတမြို့၊ အာရှနာမြို့၊ နေဇိပ်မြို့၊- ကိလမြို့၊ အောခဇိပ်မြို့နှင့်မရေရှမြို့စသောမြို့ကြီး ကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိကျေးရွာ များလည်းပါဝင်လေသည်။
45
ထို့အပြင်ဧကြုန်မြို့နှင့်ပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့်၊
46
ဧကြုန်မြို့မှမြေထဲပင်လယ်စပ်ကြားရှိ အာဇုတ်မြို့နှင့်၎င်းအနီးရှိမြို့ရွာများ လည်းပါဝင်လေသည်။
47
ထို့အပြင်အီဂျစ်ပြည်နယ်စပ်ရှိချောင်းနှင့် မြေထဲပင်လယ်ကမ်းခြေအထိကျယ်ပြန့် သောဒေသရှိအာဇုတ်မြို့၊ ဂါဇမြို့နှင့်ပတ် ဝန်းကျင်မြို့ရွာများလည်းပါဝင်လေသည်။-
48
တောင်ကုန်းဒေသတွင်တည်ရှိသောရှမိရ မြို့၊ ယတ္တိရမြို့၊ စောခေါမြို့၊-
49
ဒန္နမြို့၊ ကိရယဿန္နမြို့(သို့မဟုတ်ဒေဗိရမြို့၊-)
50
အာနပ်မြို့၊ ဧရှတမောမြို့၊ အာနိမ်မြို့၊-
51
ဂေါရှင်မြို့၊ ဟောလုန်မြို့နှင့်ဂိလောမြို့စသော မြို့ကြီးတစ်ဆယ့်တစ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
52
ထို့အပြင်အာရပ်မြို့၊ ဒုမာမြို့၊ ဧရှန်မြို့၊- ယာနုံမြို့၊ ဗက်တာပွာမြို့၊ အာဖက်မြို့၊
54
ဟုန္တမြို့၊ ဟေဗြုန်မြို့နှင့်ဇိအောရမြို့စသော မြို့ကြီးကိုးမြို့နှင့်တကွပတ်ဝန်းကျင်ရှိ မြို့ရွာများလည်းပါဝင်လေသည်။
55
ထို့အပြင်မောင်မြို့၊ ကရမေလမြို့၊ ဇိဖမြို့၊ ယုတ္တမြို့၊- ယေဇရေလမြို့၊ ယောကဒံမြို့၊ ဇာ နောမြို့၊-
57
ကာဣနမြို့၊ ဂိဘာမြို့နှင့်တိမနမြို့စ သောမြို့ကြီးဆယ်မြို့နှင့်တကွ ပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
58
ထို့အပြင်ဟာလဟုလမြို့၊ ဗက်ဇုရမြို့၊ ဂေဒေါ်မြို့၊
59
မာရပ်မြို့၊ ဗေသနုတ်မြို့နှင့်ဧလတေကုန် မြို့စသောမြို့ကြီးခြောက်မြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ရွာများလည်းပါဝင် လေသည်။
60
ထို့အပြင်ကိရယတ်ဗာလမြို့(သို့မဟုတ် ကိရယတ်ယာရိမ်မြို့) နှင့်ရဗ္ဗာမြို့ဟူ၍မြို့ ကြီးနှစ်မြို့နှင့်တကွပတ်ဝန်းကျင်ရှိမြို့ ရွာများလည်းပါဝင်လေသည်။-
61
တောကန္တာရဒေသတွင်ဗေသရာဗမြို့၊ မိဒ္ဒိန်မြို့၊ သေကာကမြို့၊-
62
နိဗရှန်မြို့၊ ဣရမေလက်မြို့နှင့်အင်္ဂေဒိမြို့ ဟူ၍မြို့ကြီးခြောက်မြို့နှင့်တကွပတ်ဝန်း ကျင်ရှိမြို့ရွာများလည်းပါဝင်လေသည်။
63
ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24