bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Joshua 19
Joshua 19
Burmese (BCL) (Common Language Bible)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
2
ထိုနယ်မြေတွင်ဗေရရှေဘမြို့၊ ရှေဘမြို့၊ မောလဒါမြို့၊-ဟာဇာရွှာလမြို့၊ ဗာလာမြို့၊ အာဇင်မြို့၊ ဧလတောလဒ်မြို့၊ ဗေသုလမြို့၊ ဟောမာမြို့၊ ဇိကလတ်မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသမြို့၊-
6
ဗက်လေဗောက်မြို့၊ ရှရုဟင်မြို့စသောမြို့ ကြီးတစ်ဆယ့်သုံးမြို့နှင့်ယင်းတို့၏ပတ် ဝန်းကျင်ရှိမြို့များပါဝင်သည်။-
7
ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8
ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9
ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
10
တတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဇာဗုလုန်အနွယ်မိသား စုတို့နယ်မြေကိုရရှိကြ၏။ သူတို့ရရှိ သောနယ်မြေသည်စာရိဒ်မြို့အထိကျယ် ပြန့်သည်။-
11
နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
12
နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။-
13
ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-
14
မြောက်ဘက်နယ်နိမိတ်သည်ဟန္နသုန်မြို့ဘက် သို့လှည့်၍ ယိဖသေလချိုင့်ဝှမ်း၌အဆုံး သတ်သည်။-
15
ထိုနယ်မြေတွင်ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့စသော မြို့ကြီးတစ်ဆယ့်နှစ်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
16
ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့ များသည်ဇာဗုလုန်အနွယ်မိသားစုတို့ ပိုင်သောနယ်မြေအတွင်း၌တည်ရှိလေ သည်။
17
စတုတ္ထအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဣသခါအနွယ် မိသားစုတို့နယ်မြေရရှိကြ၏။-
18
ထိုနယ်မြေတွင်ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊-
19
ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊- ရဗ္ဗိတ်မြို့၊ကိရှုန်မြို့၊ အာဗက်မြို့၊- ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့များပါဝင် သည်။-
22
နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
23
ထိုမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဣသခါအနွယ်မိသားစုများအပိုင်ရ သောနယ်မြေအတွင်း၌တည်ရှိလေသည်။
24
ပဉ္စမအကြိမ် မဲချ ၍ခွဲဝေပေးသောအခါအာရှာအနွယ် မိသားစုတို့သည်နယ်မြေကိုရရှိကြ ၏။-
25
ထိုနယ်မြေတွင်ဟေလကတ်မြို့၊ ဟာလိမြို့၊ ဗေတင်မြို့၊ အာခရှပ်မြို့၊-
26
အလမ္မေလက်မြို့၊ အာမဒ်မြို့၊ မိရှာလမြို့များ ပါဝင်သည်။ အနောက်နယ်နိမိတ်သည်ကရ မေလမြို့နှင့်ရှိဟောရလိဗနတ်မြို့များ ကိုဖြတ်သွားသည်။-
27
ထိုနောက်အရှေ့ဘက်သို့လှည့်၍ဗက်ဒါဂုန် မြို့သို့ရောက်ပြီးလျှင် ဇာဗုလုန်နယ်မြေနှင့် ယိဖသေလချိုင့်ဝှမ်းကိုဖြတ်လျက် မြောက် ဘက်ဗေသမက်မြို့နှင့်နယေလမြို့သို့ ရောက်သည်။ တစ်ဖန်မြောက်ဘက်သို့ဆက် ၍ကာဗုလမြို့၊-
28
ဧဗြုန်မြို့၊ ရဟောဘမြို့၊ ဟမ္မုန်မြို့၊ ကာနမြို့ များမှဇိဒုန်မြို့အထိရောက်သည်။-
29
ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-
30
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ကြီးနှစ် ဆယ့်နှစ်မြို့နှင့် ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များပါဝင်လေသည်။-
31
ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် အာရှာအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိလေသည်။
32
ဆဋ္ဌမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါနဿလိအနွယ် မိသားစုတို့နယ်မြေကိုရရှိကြ၏။-
33
ထိုနယ်မြေ၏နယ်နိမိတ်သည်ဟေလပ်မြို့၊ ဇာနန္နိမ်မြို့အရပ်ရှိဝက်သစ်ချပင်မှအစ ပြု၍အာဒမိနေကပ်မြို့၊ ယာဗနေလမြို့ နှင့်လကုံမြို့များကိုဖြတ်ပြီးယော်ဒန်မြစ် ၌အဆုံးသတ်သည်။-
34
နယ်နိမိတ်သည်အနောက်ဘက်အာဇနုတ္တာ ဘော်မြို့သို့လှည့်ပြီးလျှင်ဟုကုတ်မြို့သို့ ရောက်၏။ တောင်ဘက်နယ်စပ်တွင်ဇာဗုလုန် နယ်မြေ၊ အနောက်ဘက်နယ်စပ်တွင်အာရှာ နယ်မြေ၊ အရှေ့ဘက်နယ်စပ်တွင်ယော်ဒန်မြစ် တို့အသီးသီးတည်ရှိသည်။-
35
တံတိုင်းကာရံထားသောမြို့ကြီးများမှာ ဇိဒ္ဒမ်မြို့၊ ဇေရမြို့၊ ဟမ္မတ်မြို့၊ ရက္ကတ်မြို့၊ ဂင်္နေ သရက်မြို့၊-
36
အာဒမာမြို့၊ ရာမမြို့၊ ဟာဇော်မြို့၊-
37
ကေဒေရှမြို့၊ ဧဒြိမြို့၊ အင်ဟာဇော်မြို့၊-
38
ဣရုန်မြို့၊ မိဂဒလေလမြို့၊ ဟောရင်မြို့၊ ဗေသ နတ်မြို့၊ ဗက်ရှေမက်မြို့စသောမြို့ကြီးတစ် ဆယ့်ကိုးမြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိ မြို့များဖြစ်သည်။-
39
ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့များ သည် နဿလိအနွယ်မိသားစုတို့ပိုင်သော နယ်မြေအတွင်း၌တည်ရှိသည်။
40
သတ္တမအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဒန်အနွယ်မိသား စုတို့သည်နယ်မြေကိုရရှိကြ၏။-
41
ထိုနယ်မြေတွင်ဇောရာမြို့၊ ဧရှတောလ မြို့၊ ဣရရှေမက်မြို့၊-
42
ရှာလဗ္ဗိန်မြို့၊ အာယလုန်မြို့၊ ယေသလမြို့၊-
43
ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
44
ဧလတေကမြို့၊ ဂိဗ္ဗသုန်မြို့၊ ဗာလပ်မြို့၊- ယေဟုတ်မြို့၊ ဗေနဗေရက်မြို့၊ ဂါသရိမ္မုန် မြို့၊- မေယာကုန်မြို့၊ ရက္ကုန်မြို့များနှင့်တကွ ယုပ္ပေမြို့ပတ်လည်ရှိဒေသပါဝင်လေသည်။-
47
ဒန်အနွယ်ဝင်တို့သည်မိမိတို့၏နယ်မြေ ဆုံးရှုံးရသောအခါလဲရှမြို့ကိုစစ်ချီ တိုက်ခိုက်၍မြို့သူမြို့သားများကိုသတ် ဖြတ်သုတ်သင်ပြီးလျှင်ထိုမြို့တွင်နေထိုင် ကြ၏။ လဲရှဟူသောမြို့နာမည်ကိုအနွယ် ၏ဖခင်ဒန်နာမည်သို့ပြောင်းလဲမှည့်ခေါ် ကြလေသည်။-
48
ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။
49
ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-
50
ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုတောင်းဆိုသောဧဖရိမ်တောင်ကုန်း ဒေသရှိတိမနဿေရမြို့ကိုသူ့အား ပေးကြသည်။ သူသည်မြို့ကိုပြန်လည်တည် ဆောက်ကာထိုမြို့တွင်နေထိုင်လေသည်။
51
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24