bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Joshua 21
Joshua 21
Burmese (BCL) (Common Language Bible)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
1
လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-
3
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
4
လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
5
ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
6
ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7
မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
9
လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-
11
ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
12
သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။-
13
အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-
14
ယတ္တိရမြို့၊ ဧရှတေမောမြို့၊- ဟောလုန်မြို့၊ ဒေဗိရမြို့၊-
16
အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။
17
ဗင်္ယာမိန်၏နယ်မြေမှသူတို့အားဂိဗောင်မြို့၊ ဂေဗမြို့၊-
18
အာနသုတ်မြို့၊ အာလမုန်မြို့စသည့်မြို့လေး မြို့နှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစား ကျက်များကိုသတ်မှတ်ပေးလေသည်။
19
သို့ဖြစ်၍အာရုန်၏အဆက်အနွယ်ယဇ်ပုရော ဟိတ်တို့အား မြို့ပေါင်းတစ်ဆယ်သုံးမြို့နှင့်ယင်း တို့၏ပတ်ဝန်းကျင်ရှိစားကျက်များကိုသတ် မှတ်ပေးလေသည်။
20
လေဝိအနွယ်ဝင်ကောဟတ်၏ကျန်သောသား ချင်းစုတို့အား ဧဖရိမ်နယ်မြေထဲမှမြို့ အချို့ကိုသတ်မှတ်ပေးသည်။-
21
သူတို့သည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရှိ သောရှေခင်မြို့(ခိုလှုံရာမြို့တစ်မြို့၊) ဂေဇာမြို့၊-
22
ကိဗဇိမ်မြို့၊ ဗေသောရုန်မြို့စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရ ရှိကြသည်။-
23
သူတို့သည်ဒန်နယ်မြေထဲမှဧလတေက မြို့၊ ဂိဗ္ဗသုန်မြို့၊-
24
အာဇလုန်မြို့၊ ဂါသရိမ္မုန်မြို့ စသည့်မြို့လေး မြို့နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုရရှိ ကြသည်။-
25
သူတို့သည်အနောက်မနာရှေနယ်မြေမှမြို့နှစ် မြို့ကိုရရှိကြသည်။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်တာနက်မြို့နှင့် ဂါသရိမ္မုန်မြို့များဖြစ်သည်။-
26
သို့ဖြစ်၍ကျန်သောကောဟတ်သားချင်းစုသည် မြို့ကြီးစုစုပေါင်းဆယ်မြို့နှင့်ပတ်ဝန်းကျင်ရှိ စားကျက်များကိုရရှိကြလေသည်။
27
လေဝိအနွယ်ဝင်ဂေရရှုံ၏သားချင်းစုတို့ သည်အရှေ့မနာရှေနယ်မြေမှမြို့နှစ်မြို့ ကိုရရှိကြ၏။ ၎င်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ဗာရှန်ပြည်ရှိ ဂေါလန်မြို့(ခိုလှုံရာမြို့တစ်မြို့) နှင့်ဗေရှ တေရမြို့တို့ဖြစ်သည်။-
28
သူတို့သည်ဣသခါနယ်မြေမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိ စားကျက်များအပါအဝင်ကိရှုန်မြို့၊ ဒါ ဗရေမြို့၊-
29
ယာမုတ်မြို့နှင့်အင်္ဂေန္နမ်မြို့တို့ဖြစ်ကြ၏။-
30
သူတို့သည်အာရှာနယ်မြေထဲမှမြို့လေးမြို့ ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်မိရှလမြို့၊ အာဗဒုန် မြို့၊-
31
ဟေလကတ်မြို့နှင့်ရဟောဘမြို့တို့ဖြစ်ကြ၏။-
32
သူတို့သည်နဿလိနယ်မြေမှမြို့သုံးမြို့ကို ရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစား ကျက်များအပါအဝင်ဂါလိလဲပြည်ရှိ ကေဒေရှမြို့(ခိုလှုံရာမြို့တစ်မြို့၊) ဟမ္မုဒ္ဒေါမြို့၊ ကာတံမြို့တို့ဖြစ်ကြ၏။-
33
သို့ဖြစ်၍ဂေရရှုံ၏သားချင်းစုသည်မြို့ ပေါင်းတစ်ဆယ့်သုံးမြို့နှင့် ယင်းတို့၏ပတ်ဝန်း ကျင်ရှိစားကျက်များကိုရရှိကြလေသည်။
34
ကျန်ရှိနေသောလေဝိအနွယ်ဝင်ဖြစ်သည့်မေရာ ရိသားချင်းစုတို့သည် ဇာဗုလုန်နယ်မြေမှမြို့ လေးမြို့ကိုရရှိကြ၏။ ယင်းတို့မှာပတ်ဝန်းကျင် ရှိစားကျက်များအပါအဝင်ယောကနံမြို့၊ ကာတမြို့၊-
35
ဒိမနမြို့၊ နဟာလာလမြို့တို့ဖြစ်ကြ၏။
36
သူတို့သည်ရုဗင်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဗေဇာမြို့၊ ယဟာဇာမြို့၊-
37
ကေဒမုတ်မြို့၊ မေဖတ်မြို့တို့ဖြစ်ကြ၏။
38
သူတို့သည်ဂဒ်နယ်မြေမှမြို့လေးမြို့ကိုရရှိ ကြ၏။ ယင်းတို့မှာပတ်ဝန်းကျင်ရှိစားကျက် များအပါအဝင်ဂိလဒ်ပြည်ရှိရာမုတ်မြို့(ခို လှုံရာမြို့တစ်မြို့၊) မဟာနိမ်မြို့၊ ဟေရှဘုန်မြို့၊ ယာဇာမြို့တို့ဖြစ်ကြ၏။-
40
သို့ဖြစ်၍မေရာရိသားချင်းစုသည်မြို့ပေါင်း တစ်ဆယ့်နှစ်မြို့ကိုရရှိကြသည်။
41
အချုပ်အားဖြင့်ဆိုသော်ဣသရေလအမျိုးသား တို့ပိုင်သောပြည်ထဲမှမြို့ပေါင်းလေးဆယ့်ရှစ်မြို့ နှင့်တကွ ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်ဝင်တို့အားခွဲဝေသတ်မှတ်ပေးကြ၏။
43
ဤကဲ့သို့ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏ဘိုးဘေးတို့အားပေးမည်ဟု ကတိထားတော်မူသောပြည်တစ်ပြည်လုံးကို သူတို့အားပေးတော်မူ၏။ သူတို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေစိုက်နေထိုင်ကြလေ သည်။-
44
ထာဝရဘုရားသည်သူတို့၏ဘိုးဘေးတို့အား ကတိထားတော်မူသည့်အတိုင်းတစ်ပြည်လုံး တွင်ငြိမ်းချမ်းသာယာမှုရှိလေ၏။ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့အား ရန်သူရှိသမျှတို့ကိုတိုက်ခိုက်အောင်မြင် စေတော်မူ၏။ မည်သည့်ရန်သူကမျှသူတို့ ကိုမခုခံနိုင်။-
45
ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား ထားတော်မူသောကတိတော် ရှိသမျှအတိုင်းပြုတော်မူသတည်း။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24