bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Nehemiah 10
Nehemiah 10
Burmese (BCL) (Common Language Bible)
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ပထမဦးစွာလက်မှတ်ရေးထိုးသူမှာ ဟာ ခလိ၏သား၊ ဘုရင်ခံနေဟမိဖြစ်၏။ ထို နောက်ဇိဒကိယလက်မှတ်ရေးထိုးလေ သည်။
2
စရာယ၊အာဇရိ၊ယေရမိ၊ ပါရှုရ၊အာမရိ၊မာလခိယ၊ ဟတ္ထုတ်၊ရှေဗနိ၊မလ္လုတ် ဟာရိမ်၊မေရမုတ်၊သြဗဒိ၊ ဒံယေလ၊ဂိန္နေသုန်၊ဗာရုတ်၊ မေရှုလံ၊အဘိယ၊မိယာမိန် မာဇိ၊ဗိလဂဲ၊ရှေမာယ၊
9
အာဇနိ၏သားယောရှု၊ ဟေနဒဒ်သားချင်းစုခေါင်းဆောင်ဗိနွိ၊ ကပ်မျေလ၊ရှေဗနိ၊ဟောဒိယ၊ ကေလိတ၊ပေလာယ၊ဟာနန်၊ မိက္ခာ၊ရေဟုပ်၊ဟာရှဘိ၊ ဇက္ကုရ၊ရှေရဘိ၊ရှေဗနိ၊ ဟောဒိယ၊ဗာနိ၊ဗေနိနု။
14
ပါရုတ်၊ပါဟတ်မောဘ၊ ဧလံ၊ဇဿု၊ဗာနိ၊ ဗုန္နိ၊အာဇဂဒ်၊ဗေဗဲ၊ အဒေါနိယ၊ဗိဂဝဲ၊အာဒိန်၊ အာတာ၊ဟိဇကိယ၊အဇ္ဇုရ၊ ဟောဒိယ၊ဟရှုံ၊ဗေဇဲ၊ဟာရိပ်၊ အာနသုတ်၊နေဗဲ၊မာဂပျာရှ၊ မေရှုလံ၊ဟေဇိရ၊မေရှဇဗေလ၊ ဇာဒုတ်၊ယာဒွါ၊ပေလတိ၊ဟာနန်၊ အနာယ၊ဟောရှေ၊ဟာနနိ၊ဟာရှုပ်၊ ဟာလောဟက်၊ပိလဟ၊ရှောဗက်၊ရေဟုံ၊ ဟာရှဗန၊မာသေယ၊အဟိယ၊ဟာနန်၊ အာနန်၊မလ္လုတ်၊ဟာရိမ်၊ဗာနာ။
28
ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။
30
ငါတို့သည်ဤပြည်တွင်နေထိုင်သူလူမျိုး ခြားနှင့်ထိမ်းမြားစုံဖက်မှုကိုပြုမည်မ ဟုတ်ပါ။
31
ထိုသူတို့သည်ဥပုသ်နေ့၌ဖြစ်စေ၊ အခြား နေ့ထူးနေ့မြတ်၌ဖြစ်စေ၊ ဂျုံစပါးသို့မဟုတ် အခြားအရာတစ်စုံတစ်ခုကိုရောင်းချရန် ယူဆောင်လာပါကငါတို့သည်သူတို့ထံ မှဝယ်ယူမည်မဟုတ်ပါ။ သတ္တမမြောက်နှစ်ရောက်သည့်အခါတိုင်းငါ တို့သည်လယ်လုပ်မည်မဟုတ်ပါ။ ကြွေးမြီ ရှိသမျှကိုလည်းလျော်ပစ်ပါမည်။
32
ငါတို့သည်နှစ်စဉ်နှစ်တိုင်းတစ်ဦးလျှင်ငွေ တစ်အောင်စ၏ရှစ်ပုံတစ်ပုံကို ဗိမာန်တော် အသုံးစရိတ်အတွက်ပေးလှူပါမည်။
33
ငါတို့သည်ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှု အတွက်ရှေ့တော်မုန့်၊ နေ့စဉ်ဘောဇဉ်ပူဇော် သကာ၊ နေ့စဉ်မီးရှို့ပူဇော်ရန်ယဇ်ကောင် များ၊ ဥပုသ်နေ့၊ လဆန်းပွဲနေ့နှင့်အခြားပွဲ နေ့များအတွက်ပူဇော်သကာများ၊ အခြား သန့်ရှင်းမြင့်မြတ်သောပူဇော်သကာများ၊ ဣသရေလအမျိုးသားတို့အတွက်အပြစ် ဖြေရာယဇ်နှင့်ဗိမာန်တော်အတွက် အခြား လိုအပ်ရာတို့ကိုပေးလှူကြပါမည်။
34
ပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်များဖြစ်ကြသောငါတို့သည် ပညတ်ကျမ်းအရငါတို့ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုမီးရှို့ ပူဇော်ရန်အတွက် လိုအပ်သည့်ထင်းများကို အဘယ်သားချင်းစုတို့ကဆောင်ခဲ့ရကြ မည်ကိုနှစ်စဉ်နှစ်တိုင်းမဲချဆုံးဖြတ်ကြ ပါမည်။
35
ငါတို့သည်နှစ်စဉ်နှစ်တိုင်းမိမိတို့ရိတ်သိမ်း ရရှိသည့်အသီးအနှံဦးများကိုလည်းကောင်း၊ ငါတို့သစ်သီးပင်များတွင်အဦးမှည့်သည့် အသီးများကိုလည်းကောင်းဗိမာန်တော် သို့ယူဆောင်ခဲ့ပါမည်။
36
ပညတ်ကျမ်းတွင်ပြဋ္ဌာန်းဖော်ပြထားသည့် အတိုင်း ငါတို့သည်ဘုရားသခင်အားဆက် ကပ်ရန်အတွက် မိမိတို့၏သားဦးကိုလည်း ကောင်း၊ မိမိတို့နွား၊ သိုး၊ ဆိတ်တို့မှမွေးဖွား သည့်သားဦးကိုလည်းကောင်းဗိမာန်တော် ရှိယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ပါ မည်။
37
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-
38
ဤဆယ်ဖို့တစ်ဖို့အလှူကိုကောက်ခံချိန် ၌အာရုန်မှဆင်းသက်သည့်ယဇ်ပုရော ဟိတ်များသည် လေဝိအနွယ်ဝင်တို့နှင့် အတူရှိရမည်။ ထိုနောက်လေဝိအနွယ်ဝင် တို့ကမိမိတို့ကောက်ခံရရှိသည့်အသီး အနှံများအနက် ဆယ်ပုံတစ်ပုံကိုဗိမာန် တော်တွင်အသုံးပြုရန်ဗိမာန်တော်ပစ္စည်း သိုလှောင်ခန်းသို့ယူဆောင်သွားပါ မည်။-
39
ဣသရေလအမျိုးသားများနှင့်လေဝိ အနွယ်ဝင်တို့သည်အသီးအနှံ၊ စပျစ်ရည် နှင့်သံလွင်ဆီအလှူကိုဗိမာန်တော်အသုံး အဆောင်များထားရှိသောတာဝန်ကျသည့် ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်အစောင့် တပ်သားများနှင့် ဗိမာန်တော်ဂီတပညာသည် များနေထိုင်သောအခန်းများသို့ယူဆောင် သွားပါမည်။ ငါတို့သည်ငါတို့ဘုရားသခင်၏အိမ် တော်ကိုစွန့်ပစ်၍ထားမည်မဟုတ်ပါ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13