Nehemiah 7

Burmese (BCL) (Common Language Bible)

← Chapter 6 Chapter 8 →
63အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။-
← Chapter 6 Chapter 8 →