bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Nehemiah 12
Nehemiah 12
Burmese (BCL) (Common Language Bible)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။
2
စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။
8
အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
9
အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
10
ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
11
ယောယဒ၏သားသည်ယောနသန်၊ ယောနသန်၏သားမှာယာဒွါဖြစ်၏။
12
ယဇ်ပုရောဟိတ်မင်း ယောယကိမ်လက်ထက်၌အောက်ပါတို့သည် ယဇ်ပုရောဟိတ်သားချင်းစုတို့၏ဦးစီးခေါင်းဆောင်များအဖြစ်ဆောင်ရွက်ရကြ၏။ သားချင်းစု ဦးစီးခေါင်းဆောင် စရာယ မေရာယ ယေရမိ ဟာနနိ ဧဇရ မေရှုလံ အာမရိ ယောဟနန် မလ္လုတ် ယောနသန် ရှေခနိ ယောသပ် ဟာရိမ အာဒန မေရာယုတ် ဟေလကဲ ဣဒေါ ဇာခရိ ဂိန္နေသုန် မေရှုလံ အဘိယ ဇိခရိ မိညာမိန် ဟေဗြဲစာမူတွင်နာမည်မပါလာ မာဒျာ ပိလတဲ ဗိလဂ ရှမွာ ရှေမာယ ယေဟောနသန် ယောယရိပ် မတ္တေနဲ ယေဒါယ သြဇိ သလ္လု ကာလဲ အာမောက် ဧဗာ ဟိလခိ ဟာရှဘိ ယေဒါယ နာသနေလ
22
ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။
23
သို့ရာတွင်လေဝိအိမ်ထောင်ဦးစီးများစာရင်းကိုဧလျာရှိပ်၏မြေးယောဟနန်၏လက်ထက်တိုင်အောင်သာလျှင်တရားဝင်မှတ်တမ်းများတွင်တွေ့ရှိရ၏။
24
ဟာရှဘိ၊ ရှေရဘိ၊ ယောရှု၊ ဗိနွိ နှင့်ကပ်မျေလတို့၏ညွှန်ကြားအုပ်ချုပ်မှုကိုခံယူကာ လေဝိအနွယ်ဝင်တို့သည်အစုများခွဲ၍တာဝန်ယူရကြ၏။ သူတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်ပေးအပ်သည့်ညွှန်ကြားချက်များနှင့်အညီ တစ်ကြိမ်လျှင်နှစ်စုကျအတုန့်အပြန်ဘုရားသခင်အားထောမနာပြုလျက်ကျေးဇူးတော်ကိုချီးမွမ်းရကြလေသည်။
25
ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
26
ဤသူအပေါင်းတို့သည်ယောဇဒက်၏မြေး၊ ယောရှု၏သားယောယကိန်၊ ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်မြောက်သူယဇ်ပုရောဟိတ်ဧဇရတို့၏လက်ထက်၌နေထိုင်ကြသူများဖြစ်ပေသည်။
27
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
28
ဋ္ဌမ္မသီချင်းကိုဆိုသောလေဝိအိမ်ထောင်စုများသည်၊ မိမိတို့အတည်တကျနေထိုင်ရာယေရုရှလင်မြို့ပတ်ဝန်းကျင်ဒေသနေတောဖာပတ်ဝန်းကျင်ရှိမြို့များ၊-
29
ဂိလဂါလ၊ ဂေဗနှင့်အာဇမာဝက်ကျေးလက်များမှလာရောက်ကြလေသည်။-
30
ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ ပြည်သူများ၊ မြို့တံခါးများ၊ မြို့ရိုးအတွက်လည်းကောင်းဘာသာရေးထုံးနည်းအရသန့်စင်မှုကိုပြုကြ၏။
31
ငါသည်ယုဒခေါင်းဆောင်များအားမြို့ရိုးပေါ်တွင်စုရုံးစေပြီးလျှင် မြို့ကိုလှည့်လည်၍ကျေးဇူးတော်ကိုသီဆိုချီးမွမ်းရန်လူစုကြီးနှစ်စုကိုကြီးကြပ်စေ၏။ ပထမတစ်စုသည်အမှိုက်ပုံတံခါးသို့ဦးတည်လျက်မြို့ရိုးပေါ်တွင်လက်ယာရစ်လှည့်ကြ၏။-
32
သီချင်းသည်များ၏နောက်မှဟောရှယလိုက်၏။ သူ၏နောက်တွင်ယုဒခေါင်းဆောင်တစ်ဝက်လိုက်ကြ၏။-
33
ထိုနောက်ယဇ်ပုရောဟိတ်များဖြစ်ကြသောအာဇရိ၊ ဧဇရ၊မေရှုလံ၊-
34
ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယနှင့်ယေရမိတို့နှင့်၊-
35
ယဇ်ပုရောဟိတ်အချို့က တံပိုးခရာများမှုတ်၍လိုက်ကြ၏။ ထိုနောက်ရှေမာယ၏မြေး၊ ယောနသန်၏သားဇာခရိလိုက်လေသည်။ (သူ၏ဘိုးဘေးများတွင်အာသပ်သားချင်းစုဝင်ဖြစ်ကြသောမဿနိ၊ မိက္ခာယနှင့်ဇက္ကုရတို့လည်းပါဝင်လေသည်။-)
36
သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။-
37
စမ်းရေတွင်းတံခါးသို့ရောက်သောအခါသူတို့သည် ဒါဝိဒ်မြို့သို့သွားရာလှေကားထစ်များကိုတက်၍ ဒါဝိဒ်နန်းတော်ကိုဖြတ်ကျော်ကာမြို့အရှေ့ဘက်၊ ရေတံခါးအနီးရှိမြို့ရိုးသို့ပြန်လည်ရောက်ရှိလာကြ၏။
38
ကျေးဇူးတော်ချီးမွမ်းသည့်အခြားလူစုသည်မြို့ရိုးပေါ်တွင်လက်ဝဲရစ်လှည့်၏။ ငါသည်ကျန်ပရိသတ်တစ်ဝက်နှင့်အတူသူတို့၏နောက်မှလိုက်ကြ၏။ ငါတို့သည်မုန့်ဖိုပြအိုးကိုဖြတ်၍မြို့ရိုးကျယ်အထိလျှောက်သွားကြပြီးလျှင်၊-
39
ဧဖရိမ်တံခါး၊ မြို့ဟောင်းတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုးနှင့်ရာပြည့်ပြအိုးတို့ကိုဖြတ်၍ သိုးတံခါးသို့သွားပြီးနောက်ဗိမာန်တော်အနီးရှိတံခါးတွင်ရပ်နေကြ၏။
40
သို့ဖြစ်၍ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းသည့်လူစုနှစ်စုစလုံးပင်ဗိမာန်တော်နယ်မြေသို့ရောက်ရှိလာကြလေသည်။ ငါနှင့်အတူလိုက်ပါလာသည့်ခေါင်းဆောင်များအပြင်၊-
41
ငါ၏လူစုတွင်တံပိုးခရာမှုတ်သူယဇ်ပုရောဟိတ်များဖြစ်ကြသည့်ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိသြနဲ၊ ဇာခရိနှင့်ဟာနနိတို့ပါဝင်ကြ၏။-
42
သူတို့၏နောက်မှမာသေယ၊ ရှေမာယ၊ ဧလာဇာ၊ သြဇိ ၊ ယောဟနန်၊ မာလခိယ၊ ဧလံနှင့်ဧဇာတို့ကလိုက်ကြ၏။ ယေဇရာဟိခေါင်းဆောင်သောသီချင်းသည်များသည်အသံကုန်ဟစ်၍သီဆိုကြ၏။
43
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
44
ထိုကာလ၌နှစ်စဉ်အသီးအနှံဦးများနှင့်အဦးမှည့်သည့်သစ်သီးများ၏ဆယ်ဖို့တစ်ဖို့နှင့်အခြားအလှူများထားရှိရာပစ္စည်းသိုလှောင်ခန်းများအတွက်တာဝန်ခံပစ္စည်းထိန်းတို့ကိုခန့်ထားကြ၏။ ဤသူတို့သည်ပညတ်ကျမ်းတွင်ပြဋ္ဌာန်းထားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့အတွက်အလှူများကိုမြို့ရွာများအနီးရှိလယ်ယာအသီးသီးမှကောက်ခံရန်တာဝန်ယူကြရလေသည်။ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် သန့်စင်မှုမင်္ဂလာနှင့်အခြားဘုရားသခင်မိန့်မှာတော်မူသည့်အခြားဘာသာရေးဝတ်များကိုလည်းပြုကြသည်ဖြစ်၍ ယုဒပြည်သူများသည်အားရဝမ်းမြောက်ကြ၏။ ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားများကလည်း ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်စီရင်တော်မူခဲ့သည့်အတိုင်း မိမိတို့တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြလေသည်။
46
ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။-
47
ဇေရုဗဗေလ၏လက်ထက်နှင့်နေဟမိ၏လက်ထက်၌လည်း ဣသရေလအမျိုးသားအပေါင်းတို့သည်ဗိမာန်တော်ဂီတပညာသည်များနှင့်အစောင့်တပ်သားတို့အတွက် ရိက္ခာများကိုနေ့စဉ်နေ့တိုင်းထောက်ပံ့လှူဒါန်းကြလေသည်။ ပြည်သူတို့သည်လေဝိအနွယ်ဝင်တို့အားသန့်ရှင်းသည့်အရာတို့ကိုလှူဒါန်းကြ၏။ လေဝိအနွယ်ဝင်များကလည်း ယဇ်ပုရောဟိတ်တို့အားသင့်ရာအချိုးကိုတစ်ဆင့်လှူဒါန်းကြ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13