bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Revelation 15
Revelation 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
1
ထိုနောက်ငါသည်ကောင်းကင်တွင်အံ့သြဖွယ် ကောင်းသည့် အတိတ်နိမိတ်ကြီးတစ်ရပ်ကိုမြင် ရပြန်၏။ ထိုအတိတ်နိမိတ်ကားကပ်ခုနစ်ပါး ကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ် ပါးဖြစ်၏။ ထိုကပ်ရောဂါတို့သည်ဘုရား သခင်၏အမျက်တော်ကိုနောက်ဆုံးအကောင် အထည်ဖော်ခြင်းပင်ဖြစ်၍ နောက်ဆုံးကျ ရောက်လာမည့်ကပ်များဖြစ်ပေသည်။
2
ထိုနောက်ငါသည်မီးနှင့်ရောသည့်ဖန်ရေကန် နှင့်တူသောအရာတစ်ခုကိုမြင်ရ၏။ သားရဲ နှင့်သူ၏ရုပ်တုအားလည်းကောင်း၊ ကိန်းဂဏန်း ၏နာမည်ကိုပိုင်ဆိုင်သူအားလည်းကောင်း၊ အနိုင်ရသူများကိုလည်းငါမြင်ရ၏။ သူတို့ သည်ဘုရားသခင်ပေးတော်မူသောစောင်းများ ကိုကိုင်လျက်ဖန်ရေကန်အနီးတွင်ရပ်လျက် နေကြ၏။-
3
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
4
အို ဘုရားသခင်၊ကိုယ်တော်ရှင်အားမကြောက်ရွံ့ မရိုသေဘဲအဘယ်သူနေနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် တရားမျှတကြောင်းပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာတို့သည်ရှေ့တော်သို့လာ၍ ပျပ်ဝပ်ရှိခိုးကြပါလိမ့်မည်'' ဟူ၍ဘုရားသခင်၏အစေခံမောရှေ၏ သီချင်းနှင့် သိုးသူငယ်တော်၏သီချင်းကို သီဆိုလျက်နေကြ၏။
5
ထိုနောက်ကောင်းကင်ဘုံ၌ပဋိညာဉ်တဲတော်ရှိ သော ဗိမာန်တော်သည်ပွင့်၍လာသည်ကိုမြင်ရ၏။-
6
ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။-
7
သက်ရှိသတ္တဝါလေးပါးအနက်တစ်ပါးသည် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသော ဘုရားသခင်၏အမျက်တော်ပြည့်လျက်ရှိ သည့် ရွှေဖလားခုနစ်လုံးကိုကောင်းကင်တမန် ခုနစ်ပါးတို့အားပေးအပ်၏။-
8
ဗိမာန်တော်သည်ဘုရားသခင်၏ဘုန်းတန်ခိုး တော်ကြောင့်မီးခိုးနှင့်ပြည့်လျက်ရှိ၏။ သို့ဖြစ် ၍ကောင်းကင်တမန်ခုနစ်ပါးယူဆောင်လာ သည့်ကပ်ခုနစ်ပါးမပြီးဆုံးမီအဘယ်သူ မျှဗိမာန်တော်ထဲသို့မဝင်နိုင်။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22