bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Revelation 5
Revelation 5
Burmese (BCL) (Common Language Bible)
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
1
ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
2
ထိုနောက်ခွန်အားကြီးမားသောကောင်းကင်တမန် တစ်ပါးက``အဘယ်သူသည်တံဆိပ်များကိုခွာ ၍ဤစာလိပ်ကိုဖွင့်ထိုက်ပါသနည်း'' ဟုအသံ ကျယ်စွာကြွေးကြော်လျက်နေသည်ကိုငါမြင်၏။-
3
သို့ရာတွင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်၌ ထိုစာလိပ်ကိုဖွင့်နိုင်သူသို့မဟုတ် ကြည့်နိုင်သူတစ်ယောက်မျှမရှိ။-
4
ဤစာလိပ်ကိုဖွင့်ထိုက်သူသို့မဟုတ်ဖတ်ထိုက် သူ တစ်ယောက်မျှရှာ၍မတွေ့ရသဖြင့်ငါသည် လွန်စွာငိုကြွေး၏။-
5
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။
6
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-
7
ထိုသိုးသူငယ်သည်လာ၍ပလ္လင်ပေါ်တွင်ထိုင် လျက် နေသောအရှင်၏လက်ယာလက်တော်မှ စာလိပ်ကိုယူ၏။-
8
ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
9
``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
10
ကိုယ်တော်သည်သူတို့အား အကျွန်ုပ်တို့ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကိုပေးအပ်တော်မူ၏။ သူတို့သည်လည်းကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်။'' ဟုသီချင်းသစ်ကိုသီဆိုကြ၏။
11
ထိုနောက်ငါကြည့်လိုက်သောအခါပလ္လင်တော် ပတ်လည်၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲများ၏ပတ်လည်၌လည်းကောင်း ရပ်လျက်နေသောကောင်းကင်တမန်များ၏ အသံကိုကြားရ၏။ ထိုကောင်းကင်တမန် များ၏အရေအတွက်မှာသိန်းသန်းကုဋေ မကအတိုင်းမသိများပြား၏။-
12
သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
13
ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။-
14
သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22