bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Revelation 8
Revelation 8
Burmese (BCL) (Common Language Bible)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
1
သတ္တမချိပ်တံဆိပ်ကိုသိုးသူငယ်တော်ဖွင့် လိုက်သောအခါ ကောင်းကင်ဘုံတွင်နာရီ ဝက်ခန့်ဆိတ်ငြိမ်၍သွား၏။-
2
ထိုနောက်ဘုရားသခင်၏ရှေ့တော်တွင်ရပ် လျက်နေသည့် ကောင်းကင်တမန်ခုနစ်ပါး ကိုငါမြင်ရ၏။ သူတို့အားတံပိုးခရာ ခုနစ်ခုကိုပေးအပ်၏။
3
ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။-
4
နံ့သာပေါင်းမှထွက်လာသောမီးခိုးသည် ဘုရားသခင်၏ရှေ့တော်တွင်ရပ်နေသော ကောင်းကင်တမန်၏လက်မှ ဘုရားသခင် ၏လူစုတော်ဝင်တို့ဆုတောင်းပတ္ထနာများ နှင့်အတူအထက်သို့တက်လေ၏။-
5
ထိုနောက်ကောင်းကင်တမန်သည်လင်ပန်းကို ယူပြီးလျှင် ယဇ်ပလ္လင်ကမီးကိုထည့်၍ကမ္ဘာ မြေပေါ်သို့ပစ်ချလိုက်၏။ ထိုအခါမိုးကြိုး ထစ်ချုန်းခြင်း၊ အသံမြည်ခြင်း၊ လျှပ်ပြက် ခြင်း၊ မြေငလျင်လှုပ်ခြင်းတို့ဖြစ်ပေါ်လာ လေသည်။
6
ထိုနောက်တံပိုးခရာခုနစ်ခုကိုကိုင်ထား သည့်ကောင်းကင်တမန်ခုနစ်ပါးတို့သည် တံပိုးခရာမှုတ်ရန်အသင့်ပြင်ဆင်ကြ၏။-
7
ပထမကောင်းကင်တမန်တံပိုးခရာကို မှုတ်လိုက်သောအခါသွေးနှင့်ရောနှောနေ သောမီးနှင့်မိုးသီးတို့သည်မြေပေါ်သို့ ကျကုန်၏။ ကမ္ဘာမြေကြီး၏သုံးပုံတစ်ပုံ၊ သုံးပုံတစ်ပုံသောသစ်ပင်၊ စိမ်းစိုသောမြက် ရှိသမျှတို့သည်လောင်ကျွမ်းလေ၏။
8
ဒုတိယကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ မီးလျှံထနေသော တောင်ကြီးခန့်ကြီးမားသောမီးလုံးကြီး ကို ပင်လယ်ထဲသို့ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီးလျှင် ပင်လယ်ရေသုံးပုံတစ်ပုံ သည်သွေးအတိဖြစ်လေ၏။-
9
ပင်လယ်သတ္တဝါသုံးပုံတစ်ပုံတို့သည်သေ ကြ၏။ သုံးပုံတစ်ပုံမျှသောင်္သဘောတို့ သည်လည်းပျက်စီးသွားကြ၏။
10
တတိယကောင်းကင်တမန်တံပိုးခရာမှုတ် လိုက်သောအခါ ကြယ်ကြီးတစ်လုံးသည်မီး လျှံထနေသောမီးရှူးတိုင်ကဲ့သို့ ကောင်းကင် မှမြစ်များသုံးပုံတစ်ပုံနှင့်စမ်းပေါက်များ အပေါ်သို့ကျလေ၏။-
11
(ယင်းကြယ်ကို``ခါးခြင်း'' ဟုခေါ်၏) သုံးပုံတစ် ပုံသောရေတို့သည်ရေခါးအဖြစ်သို့ပြောင်း လဲသွားကြ၏။ များစွာသောလူတို့သည်ထို ရေခါးကိုသောက်သဖြင့်သေကြကုန်၏။
12
စတုတ္ထကောင်းကင်တမန်တံပိုးခရာမှုတ်လိုက် သောအခါနေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံ တစ်ပုံ၊ ကြယ်တာရာများ၏သုံးပုံတစ်ပုံတို့ သည်ကပ်သင့်ကြသဖြင့်၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံလျော့နည်းသွားလေ၏။ နေ့၏သုံး ပုံတစ်ပုံ၊ ည၏သုံးပုံတစ်ပုံသည်အလင်း မရကြ။
13
ထိုနောက်ငါကြည့်လိုက်သောအခါကောင်းကင် အလယ်တွင် ပျံဝဲလျက်နေသောလင်းယုန်ငှက် တစ်ကောင်ကိုမြင်ရ၏။ ထိုငှက်က``အခြားကောင်း ကင်တမန်သုံးပါးမှုတ်ကြမည့်တံပိုးခရာသံ သုံးချက်ကြောင့်ကမ္ဘာမြေပေါ်ရှိသတ္တဝါတို့ သည်အမင်္ဂလာရှိကြလိမ့်မည်။ အမင်္ဂလာရှိကြ လိမ့်မည်။ အမင်္ဂလာရှိကြလိမ့်မည်'' ဟုအသံ ကျယ်စွာပြောဆိုနေသည်ကိုငါကြားရ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22