bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MCLZV
/
1 Chronicles 24
1 Chronicles 24
Burmese MCLZV
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 25 →
1
အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
2
နာဒပ်နှင့်အဘိဟုတို့သည်မိမိတို့၏အဖ မကွယ်လွန်မီသေသွားကြသဖြင့် သူတို့တွင် သားမြေးများမကျန်ရစ်။ သို့ဖြစ်၍သူတို့ ၏ညီများဖြစ်သောဧလာဇာနှင့်ဣသမာ တို့သည်ယဇ်ပုရောဟိတ်များဖြစ်လာကြ သည်။-
3
ဒါဝိဒ်သည်အာရုန်၏သားမြေးတို့အားသူ တို့၏တာဝန်ဝတ္တရားများအလိုက် အုပ်စုများ ခွဲ၍ပေးတော်မူ၏။ ဤသို့တာဝန်ခွဲပေးရာ ၌မင်းကြီးအားဧလာဇာ၏သားမြေးဖြစ်သူ ဇာဒုတ်နှင့်ဣသမာ၏သားမြေးဖြစ်သူ အဟိမလက်တို့ကကူညီကြ၏။-
4
ဧလာဇာ၏သားမြေးတို့ကိုအုပ်စုတစ်ဆယ့် ခြောက်ခုဖွဲ့၍ ဣသမာ၏သားမြေးတို့ကိုမူ အုပ်စုရှစ်ခုဖွဲ့၍ထားလေသည်။ ဤသို့ပြုရ ခြင်းအကြောင်းမှာဧလာဇာ၏သားမြေး တို့တွင်အမျိုးသားအိမ်ထောင်ဦးစီးဦးရေ ပို၍များသောကြောင့်ဖြစ်၏။-
5
ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
6
ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
7
မိမိတို့၏တာဝန်ဝတ္တရားများကိုခွဲခန့် သတ်မှတ်ပေးခြင်းခံကြရသော အိမ်ထောင် အုပ်စုနှစ်ဆယ့်လေးစုတို့မှာ၊ ၁။ ယောယာရိပ်၊ ၂။ ယေဒါယ၊ ၃။ ဟာရိမ်၊ ၄။ စောရိမ်၊ ၅။ မာလခိယ၊ ၆။ မိယမိန်၊ ၇။ ဟက္ကုတ်၊ ၈။ အဘိယ၊ ၉။ ယေရွှာ၊ ၁၀။ ရှေကနိ၊ ၁၁။ ဧလျာရှိပ်၊ ၁၂။ ယာကိမ်၊ ၁၃။ ဟုပ္ပ၊ ၁၄။ ယေရှေဗပ်၊ ၁၅။ ဗိလဂ၊ ၁၆။ ဣမ္မေရ၊ ၁၇။ ဟေဇိရ၊ ၁၈။ အပ်ဇဇ်၊ ၁၉။ ပေသဟိ၊ ၂၀။ ယေဇကျေလ၊ ၂၁။ ယာခိန်၊ ၂၂။ ဂါမုလ၊ ၂၃။ ဒေလာယနှင့် ၂၄။ မာဇိ တို့ဖြစ်သတည်း။
8
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
9
လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
10
ရေဟဘိမှဆင်းသက်လာသူဣရှယာ။
11
ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
12
ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
13
မိက္ခာမှတစ်ဆင့်သြဇေလမှဆင်းသက်လာသူ ရှမိရ။
14
သြဇေလ၏သား၊ မိက္ခာ၏ညီဣရှယာမှတစ်ဆင့် သြဇေလမှဆင်းသက်လာသူဇာခရိ။
15
မေရာရိမှဆင်းသက်လာသူများဖြစ်ကြသော မဟာလိ၊ မုရှိနှင့်ယာဇိ။-
16
ရှောဟံ၊ ဇက္ကုရနှင့်ဣဗရိဟူ၍သားသုံးယောက် ယာဇိ၌ရှိ၏။-
17
ဧလာဇာနှင့်ကိရှဟူသောသားနှစ်ယောက် မဟာလိ၌ရှိ၏။ ဧလာဇာတွင်သားမရှိ။ သို့ရာတွင်ကိရှ၌ယေရမေလဟူသော သားတစ်ယောက်ရှိ၏။-
19
မုရှိ၌မဟာလိ၊ ဧဒါ၊ ယေရိမုတ်ဟူ သောသားသုံးယောက်ရှိသတည်း။ ဤသူတို့သည်အိမ်ထောင်စုအလိုက်လေဝိ အနွယ်ဝင်များဖြစ်ကြ၏။
20
မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29