bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Peter 2
1 Peter 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
2
သခင်ဘုရားသည် ကျေးဇူးပြုတော်မူကြောင်း သင်တို့မြည်းစမ်းကြပြီဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်အားဖြင့် ကယ်တင်ခြင်း၌ကြီးထွားရန် မွေးကင်းစကလေးငယ်များကဲ့သို့ ထိုနို့ရည်ကိုတောင့်တကြလော့။
4
လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍
5
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
6
အဘယ်ကြောင့်ဆိုသော် “ကြည့်ရှုလော့။ ရွေးကောက်ထားသည့် အဖိုးထိုက်သောထောင့်ချုပ်ကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် မည်သည့်အခါမျှ အရှက်ရလိမ့်မည်မဟုတ်” ဟု ကျမ်းစာ၌ ဆိုထား၏။
7
သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်” ဖြစ်ပြီး
8
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။
9
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
10
သင်တို့သည် ယခင်က လူမျိုးတော်မဟုတ်ခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏လူမျိုးတော်ဖြစ်ကြပြီ။ ယခင်က ကရုဏာတော်ကိုမခံစားခဲ့ရသော်လည်း ယခုအခါ ကရုဏာတော်ကိုခံစားရကြပြီ။
11
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
12
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
13
လူတို့စီရင်ခန့်ထားသောအုပ်ချုပ်မှုစနစ်အားလုံးကို သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ နာခံကြလော့။ အထွတ်အမြတ်ဖြစ်သောရှင်ဘုရင်ကိုဖြစ်စေ၊
14
ဒုစရိုက်ပြုသူများကို ပြစ်ဒဏ်ပေး၍ လူကောင်းတို့ကို ဂုဏ်ပြုချီးမွမ်းရန် ရှင်ဘုရင်စေလွှတ်သောဘုရင်ခံများကိုဖြစ်စေ နာခံကြလော့။
15
အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုခြင်းအားဖြင့် မိုက်မဲသောသူတို့၏အသိဉာဏ်ကင်းမဲ့မှုကို တိတ်ဆိတ်စေခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်၏။
16
လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။
17
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
18
အစေခံတို့၊ ကြောက်ရွံ့ရိုသေသောစိတ်အပြည့်အဝဖြင့် သင်တို့၏သခင်များကိုနာခံကြလော့။ စိတ်သဘောကောင်း၍ ညင်သာသောသခင်များကိုသာမဟုတ်ဘဲ ကြမ်းတမ်းခက်ထန်သောသခင်များကိုလည်း နာခံကြလော့။
19
အကြောင်းမူကား မည်သူမဆို မတရားသဖြင့် ဒုက္ခဝေဒနာကိုခံစားရသောအခါ ဘုရားသခင်နှင့်ဆိုင်သောအသိစိတ်ကိုထောက်၍ ဝမ်းနည်းခြင်းကိုသည်းခံလျှင် ဂုဏ်ယူဖွယ်ဖြစ်၏။
20
သင်တို့သည် အပြစ်ပြု၍ ရိုက်နှက်ခြင်းခံရသည်ကိုသည်းခံလျှင် မည်သည့်ချီးမွမ်းစရာရှိမည်နည်း။ သို့သော် ကောင်းသောအမှုကိုပြု၍ ဒုက္ခဝေဒနာခံစားရသည်ကိုသည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ဂုဏ်ယူဖွယ်ဖြစ်၏။
21
အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။
22
ကိုယ်တော်သည် အပြစ်ကိုမပြု။ ကိုယ်တော်၏နှုတ်တော်၌ မုသားကိုမတွေ့ရ။
23
ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ပြန်၍မတုံ့ပြန်၊ ဒုက္ခဝေဒနာခံစားရသောအခါ၌လည်း ခြိမ်းခြောက်ခြင်းကိုမပြုဘဲ ဖြောင့်မတ်စွာတရားစီရင်တော်မူသောအရှင်ထံသို့ မိမိကိုယ်ကိုအပ်နှံတော်မူ၏။
24
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
25
သင်တို့သည် လမ်းလွဲသောသိုးများကဲ့သို့ဖြစ်ကြ၏။ ယခုမူကား သိုးထိန်းဖြစ်တော်မူ၍ သင်တို့၏စိတ်ဝိညာဉ်ကိုကြီးကြပ်သူဖြစ်တော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
1 Peter Commentaries
→
Devotional
1 Peter Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→