bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
1 Peter 5
1 Peter 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
1
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
2
သင်တို့၌ရှိသည့် ဘုရားသခင်၏သိုးစုကို အုပ်ထိန်းကြလော့။ မလုပ်မဖြစ်လုပ်ရခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်၏အလိုတော်နှင့်အညီ စေတနာစိတ်ဖြင့်လည်းကောင်း၊ မစင်ကြယ်သောအကျိုးစီးပွားကိုတပ်မက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်အားထက်သန်စွာဖြင့်လည်းကောင်း ကြည့်ရှုအုပ်ထိန်းကြလော့။
3
သင်တို့အားခွဲဝေပေးအပ်ထားသောသူတို့အပေါ် စိုးမိုးခြယ်လှယ်ခြင်းမပြုဘဲ သိုးစုအတွက် စံနမူနာဖြစ်ကြလော့။
4
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
5
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။
6
ထို့ကြောင့် အချိန်တန်သောအခါ သင်တို့ကို ချီးမြှောက်တော်မူမည့်အကြောင်း ဘုရားသခင်၏တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုနှိမ့်ချကြလော့။
7
ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။
8
သမ္မာသတိရှိလျက် နိုးကြားစွာစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
9
ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် ထိုမာရ်နတ်ကို တားဆီးကြလော့။ ကမ္ဘာပေါ်၌ရှိသော သင်တို့၏ညီအစ်ကိုများသည်လည်း ထိုကဲ့သို့သောဒုက္ခဝေဒနာများကို ရင်ဆိုင်ဖြတ်သန်းနေရကြောင်း သိမှတ်ကြလော့။
10
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
11
တန်ခိုးအရှိန်အဝါသည် ကိုယ်တော်၌ ကာလအစဉ်အဆက်ရှိတော်မူပါစေသော။ အာမင်။
12
ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
13
သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
14
အချင်းချင်းမေတ္တာအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၌ရှိကြသော သင်တို့အားလုံး၌ ငြိမ်သက်ခြင်းရှိပါစေသော။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
All chapters:
1
2
3
4
5