bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Colossians 2
Colossians 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
2
ဤသည်ကား သူတို့သည် စိတ်နှလုံးနှစ်သိမ့်မှုကိုခံစားရ၍ ချစ်ခြင်းမေတ္တာ၌ ပေါင်းစည်းခြင်းခံရကာ ဉာဏ်စွမ်းနှင့်ဆိုင်သောစိတ်ချမှုနှင့်ကြွယ်ဝပြည့်စုံသဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာတည်းဟူသော ခရစ်တော်ကိုသိကြမည့်အကြောင်းတည်း။
3
ထိုခရစ်တော်ထဲ၌ ဉာဏ်ပညာနှင့်အသိပညာတို့၏ရတနာရှိသမျှတို့သည် ဖုံးကွယ်လျက်ရှိကြ၏။
4
မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်စားစေရန် ဤသို့ ငါပြောဆို၏။
5
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
6
ထို့ကြောင့် သင်တို့သည် သခင်ခရစ်တော်ယေရှုကို လက်ခံကြသည်နှင့်အညီ ထိုသခင်၌ အသက်ရှင်လျှောက်လှမ်းကြလော့။
7
ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။
8
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
9
အဘယ်ကြောင့်ဆိုသော် ဘုရားဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ခန္ဓာအသွင်အားဖြင့် ကိန်းဝပ်တော်မူ၏။
10
သင်တို့သည် အုပ်ချုပ်မှုနှင့်အာဏာစက်ရှိသမျှတို့၏ဦးခေါင်းဖြစ်တော်မူသော ထိုသခင်အားဖြင့် ပြည့်စုံခြင်းသို့ရောက်ကြပြီး
11
ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။
12
သင်တို့သည် ဗတ္တိဇံအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလျက် ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် ထိုသခင်နှင့်အတူ ထမြောက်စေခြင်းကိုခံရကြ၏။
13
ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး
14
ငါတို့ကိုဆန့်ကျင်၍အပြစ်ရှာတတ်သောစည်းမျဉ်းများပါသည့် ကတိခံဝန်ချက်ကို ပယ်ဖျက်ကာ ၎င်းကို လက်ဝါးကပ်တိုင်ပေါ်၌ရိုက်ထားလျက် ဖယ်ရှားတော်မူ၏။
15
အုပ်ချုပ်မှုများနှင့်အာဏာစက်များကိုလည်း အစွမ်းမဲ့စေ၍ လက်ဝါးကပ်တိုင်အားဖြင့် ၎င်းတို့ကို အောင်ပွဲခံပြီး အများတကာရှေ့တွင် ထင်ရှားစွာအရှက်ကွဲစေတော်မူ၏။
16
ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။
17
၎င်းတို့သည် ဖြစ်လာမည့်အရာများ၏အရိပ်မျှသာဖြစ်ကြပြီး အကောင်အထည်အစစ်မူကား ခရစ်တော်၌ရှိ၏။
18
မိမိကိုယ်ကိုချိုးနှိမ်ခြင်း၊ ကောင်းကင်တမန်များကိုကိုးကွယ်ခြင်းတို့၌ မွေ့လျော်နေသောသူတစ်စုံတစ်ဦးကြောင့် သင်တို့သည် ဆုနှင့်လွဲရသည့်အဖြစ်မျိုးကို အဖြစ်မခံကြနှင့်။ ထိုသူတို့သည် မြင်မက်သောအရာတို့ကို နှိုက်နှိုက်ချွတ်ချွတ်စူးစမ်း၍ မိမိ၏သွေးသားဇာတိနှင့်ဆိုင်သော စိတ်နှလုံးအားဖြင့် အချည်းနှီးထောင်လွှားကာ
19
ဦးခေါင်းတော်၌ စွဲမြဲခြင်းမရှိကြ။ ထိုဦးခေါင်းတော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များအားဖြင့် ထောက်မခြင်းနှင့်ပေါင်းစည်းခြင်းကိုခံရလျက် ဘုရားသခင်ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွား၏။
20
သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့
21
မထိနှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်ဟူသော စည်းမျဉ်းများကိုလိုက်နာကြသနည်း။
22
ထိုအရာအားလုံးတို့သည် လူတို့၏ပညတ်ချက်နှင့်သွန်သင်ချက်များဖြစ်ကြသည်နှင့်အညီ အသုံးပြုရင်း ပျက်စီးသွားမည့်အရာများဖြစ်ကြ၏။
23
ထိုအရာတို့သည် ထင်ရာမြင်ရာကိုးကွယ်ခြင်း၊ မိမိကိုယ်ကိုချိုးနှိမ်ခြင်းနှင့် ကိုယ်ခန္ဓာကိုနှိပ်စက်ခြင်းတို့ပါ၍ ဉာဏ်ပညာရှိဟန်ပေါ်သော်လည်း သွေးသားဇာတိ၏တပ်မက်မှုကို ချုပ်တည်းရာ၌ မည်သည့်အကျိုးမျှမပြုချေ။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4