bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Colossians 4
Colossians 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
သခင်တို့၊ သင်တို့တွင်လည်း ကောင်းကင်၌သခင်တစ်ပါးရှိကြောင်း သိမှတ်လျက် မိမိတို့ကျွန်များအပေါ် မှန်ကန်မျှတစွာ ပြုမူကြလော့။
2
ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။ ထိုသို့ပြုရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းအားဖြင့် သတိဝီရိယရှိကြလော့။
3
ဘုရားသခင်သည် နှုတ်ကပတ်တရားအတွက် တံခါးကိုဖွင့်ပေးတော်မူသဖြင့် ခရစ်တော်၏လျှို့ဝှက်နက်နဲသောအရာကို ငါတို့ဟောပြောနိုင်ရန် ငါတို့အတွက်လည်း ဆုတောင်းပေးကြလော့။ ငါသည် ထိုနက်နဲသောအရာကြောင့် ချည်နှောင်ခြင်းခံရ၏။
4
ထိုနက်နဲသောအရာကို ဟောပြောသင့်သည့်အတိုင်း ရှင်းလင်းပြတ်သားစွာ ငါဟောပြောနိုင်ရန်လည်း ဆုတောင်းပေးကြလော့။
5
အပြင်လူတို့ရှေ့တွင် ဉာဏ်ပညာရှိစွာအသက်ရှင်လျှောက်လှမ်း၍ အချိန်အခါကို ကောင်းစွာအသုံးချကြလော့။
6
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။
7
သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။
8
တုခိတ်ကို သင်တို့ထံသို့ ငါစေလွှတ်ခြင်းမှာ ငါတို့အကြောင်းကို သင်တို့သိရှိနိုင်ရန်နှင့် သူသည် သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
9
သင်တို့ထဲကတစ်ဦးဖြစ်သူ၊ သစ္စာရှိသည့် ချစ်ရသောညီဩနေသိမ်သည်လည်း သူနှင့်အတူပါ၏။ သူတို့သည် ဤအရပ်၌ ဖြစ်ပျက်နေသောအကြောင်းအရာအားလုံးကို သင်တို့အား ပြောပြကြလိမ့်မည်။
10
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
11
ယုစတုဟုခေါ်သောယေရှုလည်း သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ အရေဖျားလှီးထားသောသူတို့ထဲတွင် ဤသူတို့သာလျှင် ဘုရားသခင်၏နိုင်ငံတော်အတွက် ငါနှင့်အတူလုပ်ဆောင်သောသူများဖြစ်ကြပြီး ငါ့အား နှစ်သိမ့်မှုပေးသောသူများဖြစ်ကြ၏။
12
ခရစ်တော်ယေရှု၏အစေအပါးဖြစ်၍ သင်တို့အထဲကတစ်ဦးဖြစ်သော ဧပဖြသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် စုံလင်ရင့်ကျက်သူအဖြစ်ရပ်တည်လျက် ဘုရားသခင်၏အလိုတော်ရှိသမျှကို အပြည့်အဝဆောင်ရွက်နိုင်မည့်အကြောင်း သူသည် သင်တို့အတွက် အစဉ်အမြဲကြိုးစား၍ ဆုတောင်းပေးလျက်ရှိ၏။
13
အမှန်စင်စစ် သူသည် သင်တို့မှစ၍ လောဒိကိမြို့နှင့်ဟေရပေါလိမြို့၌ရှိသောသူတို့အတွက် အလွန်ပင်ပန်းစွာကြိုးစားလျက်ရှိကြောင်း ငါသက်သေခံ၏။
14
ငါချစ်သောဆေးဆရာလုကာနှင့် ဒေမသည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
15
လောဒိကိမြို့၌ရှိသောညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့် သူ၏အိမ်၌စုဝေးသောအသင်းတော်ကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
16
ဤစာကို သင်တို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ရှိသောအသင်းတော်ကိုလည်း ဖတ်စေကြလော့။ ထို့အတူ လောဒိကိအသင်းတော်မှရလာသောစာကိုလည်း သင်တို့ဖတ်ကြလော့။
17
အာခိပ္ပုအား “သခင်ဘုရား၌ရရှိထားသောအမှုတော်လုပ်ငန်းကို အလေးဂရုပြုလျက် ပြီးမြောက်အောင်ဆောင်ရွက်ပါ”ဟု ပြောကြားကြလော့။
18
ဤနှုတ်ဆက်စကားကို ငါပေါလုကိုယ်တိုင် ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ ငါခံရသောအချုပ်အနှောင်ကို သတိရကြလော့။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4