bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
James 2
James 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ငါ့ညီအစ်ကိုတို့၊ ဘုန်းအသရေနှင့်ပြည့်စုံတော်မူသော ငါတို့သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအရာ၌ မျက်နှာလိုက်ခြင်းမရှိကြနှင့်။
2
သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းထဲသို့ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ထားသောလူတစ်ဦးဝင်လာပြီး စုတ်ပြတ်သောအဝတ်ကိုဝတ်ဆင်ထားသည့် ဆင်းရဲသောသူတစ်ဦးလည်း ဝင်လာသောအခါ
3
သင်တို့သည် တင့်တယ်သောအဝတ်ဝတ်ဆင်ထားသောသူကို ဂရုစိုက်လျက် “သင်သည် ဤနေရာကောင်းတွင် ထိုင်ပါ”ဟု ဆို၍ ဆင်းရဲသောသူကိုမူကား “သင်သည် ထိုနေရာတွင်ရပ်နေပါ၊ သို့မဟုတ် ငါ၏ခြေရင်းကြမ်းပြင်ပေါ်၌ ထိုင်ပါ”ဟု ဆိုလျှင်
4
သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောကြံစည်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။
5
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
6
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
7
သင်တို့နှင့်စပ်လျဉ်း၍ ခေါ်ဝေါ်သမုတ်သည့် ကောင်းမြတ်သောနာမကို သူတို့စော်ကားပြောဆိုကြသည်မဟုတ်လော။
8
သင်တို့သည် ကျမ်းစာနှင့်အညီ “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသော မွန်မြတ်သည့်ပညတ်တရားကို အမှန်တကယ်စောင့်ထိန်းလျှင် ကောင်းသောအမှုကိုပြုကြလေပြီ။
9
သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။
10
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။
11
အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကိုမကျူးလွန်ရ”ဟု ပညတ်တော်မူသောအရှင်သည် “လူမသတ်ရ” ဟူ၍လည်း ပညတ်တော်မူ၏။ သို့ဖြစ်၍ သင်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်သော်လည်း လူသတ်လျှင် ပညတ်တရားကို ဖောက်ဖျက်ကျူးလွန်သူဖြစ်၏။
12
ထို့ကြောင့် လွတ်လပ်ခြင်းနှင့်ဆိုင်သောတရားတော်အားဖြင့် စီရင်ခြင်းခံရမည့်သူများကဲ့သို့ ပြောဆိုကျင့်ကြံကြလော့။
13
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
14
ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။
15
ညီအစ်ကို၊ သို့မဟုတ် ညီအစ်မသည် အဝတ်မပါအချည်းစည်းနေလျက် နေ့စဉ်လိုအပ်သောအစားအစာလည်း မရှိသောအခါ
16
သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။
17
ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။
18
သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။
19
ဘုရားသခင်တစ်ဆူတည်းရှိကြောင်းကို သင်သည်ယုံကြည်၏။ ကောင်းပေ၏။ နတ်ဆိုးတို့ပင် ယုံကြည်၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။
20
အို လူမိုက်၊ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်း သင်သိလိုသလော။
21
ငါတို့အဖအာဗြဟံသည် မိမိသားဣဇက်ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်သောအခါ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
22
ယုံကြည်ခြင်းသည် သူ၏လုပ်ဆောင်မှုနှင့်အတူအမှုပြု၍ ထိုလုပ်ဆောင်မှုအားဖြင့် ယုံကြည်ခြင်းသည် စုံလင်ခြင်းသို့ရောက်သည်ကို သင်သိမြင်ရ၏။
23
ထိုအခါ “အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ၏” ဟူသောကျမ်းချက်သည် ပြည့်စုံခြင်းသို့ရောက်၏။ အာဗြဟံသည်လည်း ဘုရားသခင်၏မိတ်ဆွေဟု ခေါ်ဝေါ်ခြင်းကိုခံရ၏။
24
လူသည် ယုံကြည်ခြင်းအားဖြင့်သာမဟုတ်ဘဲ လုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြောင်းကို သင်တို့သိမြင်ရကြ၏။
25
ထိုနည်းတူ ပြည့်တန်ဆာရာခပ်သည်လည်း စေတမန်တို့ကိုလက်ခံ၍ အခြားသောလမ်းဖြင့် လွှတ်လိုက်သောအခါ ထိုလုပ်ဆောင်မှုအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်လော။
26
အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
James Commentaries
→
Devotional
James Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→